expr:id='"post-" + data:post.id'>



ဒီနေ့ က တော့ စိတ်လှုပ်ရှားစရာ နေ့ လေးတနေ့ ပေါ့နော်……..ကျွန်တော် ကောင်မလေးကို
စိတ်လှုပ်ရှားစရာလေး ဖြစ်သွားအောင် ကျွန်တော် လုပ်ပြနိုင်ခဲ့တယ်……သူ့ မျက်နှာ မှာ အံ့
သြခြင်းတွေ ၀မ်းသာ ခြင်းတွေ နဲ့  ခပ်ချိုချိုလေး ရီနေတယ်………ကျေနပ်တယ်……….
သူ့ အဲဒီလို ဖြစ်သွားအောင် ကိုယ်စွမ်းဆောင်နိုင်လို့ ပဲ…….ကိုယ့်ချစ်သူ ကို အဲဒီလို အံသြ
ခြင်းတွေ ပျော်ရွင်စရာလေးတွေ အမြဲပေးချင်တယ်……..ထူးဆန်းတာလေးတွေကို သူပျော်
သွားအောင် လုပ်ပြချင်တယ်…….ကိုယ့် နားမှာ သူ ရှိရှိ မရှိရှိ သူ ပျော်ဖို့ အတွက် ကိုယ်တတ်
နိုင်တာလေးနဲ့ ဖြစ်အောင် လုပ်ပေးမယ်…..ဒီနေ့  ကျွန်တော် ကောင်မလေး နဲ့ စကားပြော
နေတာ အင်တာနက် က လည်း မရဘူးလေ……တိုက်ပင်ပဲ သုံးနေရတယ်…..နက်ကလုံး
ဝကို မရတာ……ဗီဇက်အို ကလည်း ရတစ်ချက် မရတစ်ချက်နဲ့  ကျွန်တော် စိတ်ညစ်သလို
သူလည်း စိတ်ညစ်နေတာ………အဲဒါနဲ့ ကျွန်တော် ခေါင်းထဲမှာ အတွေး တစ်ခု ၀င်လာတယ်…..
ဘာလုပ်လိုက်ရင် သူပျော်သွားမယ်ဆိုတာကိုပေါ့နော်………အဲဒါနဲ့ ချက်ချင်းအကောင်အထည်
ဖော်လိုက်တယ်…….ထင်တဲ့ အတိုင်း သူ အံသြပြီး ပျော်သွားတယ်…….ဟဲဟဲ……..ဘာရမလဲ
မောင် ပဲဟာ……..ဟုတ်တယ်မှတ်လား…………။။။
ကျွန်တော် ဖုန်းကောက်ဆက်လိုက်တယ် သူ နဲ့ ပြောနေတုန်းအချိန်မှာ…….သူ လုံးဝ ထင်ထား
မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိနေတယ်လေ…….ဖုန်းမြည်သံကို တစ်ချက်နားစွင့်လိုက်
တယ်……..ခဏနေတော့ သူ ဖုန်းမြည်သွားတယ်……ချက်ချင်း နားကျပ်လေး ချွတ်ပြီး သူ နားထောင်
နေတဲ့ အချိန်မှာ မောင် ပါ …………..မောင် ပါ …………လို့ လှမ်းပြောလိုက်တယ်……….တော်တော်
ရီရတယ်……..သူ နားကျပ်လေးကို ပြန်ကောက်ပြီး အာရုံစိုက်ပြီး နားထောင်နေတယ်……..ဖုန်းက
အော်နေတာမှန်း သူ ထင်ထားမဘူးလေ……..ဟဲဟဲ………အဲဒါနဲ့ ကျွန်တော်လည်း မောင် ဆက်တာလို့ 
ပြောလိုက်တော့မှ သူ အတော်မသတ် ထရီတော့တယ်……….ဟဟဟဟဟဟဟဟဟဟဟဟ……
သူ တစ်ခွန်း ပဲ ပြောတယ် ကျွန်တော့် ကို……………..မောင် ကတော့နော် တဲ့ …………….ဟဟ……
နောက်တစ်ခွန်း ဆက်ပြောတယ်……………ဟဲဟဲ………….သိချင်နေလား???……….ဘယ်ပြောမှာလဲ…….
မကြာမှီ…………လာမည်………………မျှော်ပေါ့……...။။။။။


expr:id='"post-" + data:post.id'>



ရုရှား ကို ရောက်တာ ၂ နှစ်တောင် ၇ှိသွားပြီ….အမှတ်ရစရာလေးတွေတော့ အများကြီးပဲ……..
ဒါပေမယ့် အားလုံးတော့ မမှတ်မိတော့ဘူး………..မှတ်မိတာလေးတစ်ခုတော့ ၇ှိတယ်…………
ကျွန်တော် တို့ ဒီမလာခင် ပြင်ဦးလွင်မှာ ဘာသာစကား ၆ လ သင်ရတယ်….၆ လဆိုတော့
လည်း သိတဲ့ အတိုင်းပဲလေ……..ထမင်းစားရေသောက်လောက်ပဲ သိခဲ့ရတယ်……..
ဆရာနဲ့ နှစ်ယောက်တည်း ပြောဖို့ ကျတော့လည်း ကိုယ်မှ သိပ်မပြောတတ်တာ…….အဲဒီတော့
အဆင်မပြေတာလေးတွေတော့ ၇ှိတာပေါ့နော်………သီချင်းတောင် ရှိပါသေးတယ်……..
စိုင်းစိုင်းမောစ့် ဆိုထားတာလေ………..အဆင်မပြေတာလေးတွေတော့ ပြောပြချင်တယ်အချစ်ဆုံး
ရယ်…..ခုလည်း ပြောပြချင်တယ် အဆင်မပြေတာလေးတွေကို……ဒါပေမယ့် ဒူ ကို သွားပြော
ရမှန်းကို မသိတာ……..ဟဲဟဲ……..အဲဒါနဲ့ ရင်ထဲမှာ စီထားတဲ့ စာလေးတွေကို
ချရေးလိုက်မိတယ်ဆိုပါတော့…….။
ဒီမှာ ၂ နှစ်လောက် ၇ှိသွားပြီဆိုတော့ နည်းနည်းတော့ ပြောတတ်လာတယ်……မိတ်ဖြစ်ဆွေဖြစ်
လောက်တော့ ပြောလို့ ရနေပြီပေါ့နော်…..ရုရှား သဒါ ကလည်း လွယ်မလိုလို နဲ့ ရူတ်တယ်……..
စဉ်းစားသာကြည့်တော့…..သွားတာ ကို ခုသွားတာ ခဏနေ သွားမှာ အပြီးသွားတော့မှာ ခဏ၀င်သွားတာ
ပြန်ဝင်လာအုန်းမှာ ယာဉ်နဲ့ ဝင်သွားတာ ယာဉ်မပါပဲဝင်သွားတာ……….အဲဒီသွားတာ တစ်ခုထဲကိုပဲ
အများကြီးရှိတယ်……..စဉ်းစားသာကြည့်တော့ ဘယ်လောက်ရူတ်နေလဲဆိုတာကို…………..
စာမေးပွဲမှာ အဲဒါတွေ မေးရင် ခေါင်း ကမီးတောက်လာတယ်……တစ်ခါမှ အဲဒီလောက်စဉ်းစားပြီး
ဖြေရတဲ့ စာမေးပွဲ ဆိုတာ မဖြေခဲ့ဖူးဘူး……အဲဒါကြောင့်လည်း ပါမှာပေါ့……..ဟဲဟဲ…………….။
တစ်ခါတစ်လေလည်း စိတ်လေတယ်……..ဒါပေမယ့် ဘာရမလဲ ကိုယ်ထင်ရာ နဲ့ ကိုယ်သွားလိုက်တယ်…..
လုံးဝ မရတော့တဲ့ အဆုံးကို…….အဓိက ကရောက်ဖို့ ပဲလေ……..ဟုတ်တယ်မှတ်လား…………..ဟဲဟဲ….။
ဒါပေမယ့် မြန်မာ ကျောင်းသားတွေ ကို ရုရှားက ဆရာ ဆရာမ တွေ က ချစ်ကြတယ် နိုင်ငံခြားကျောင်းသား
တွေ နဲ့ ယှဉ်လာရင်ပေါ့………ဘာလို့ လဲဆိုတော့ မြန်မာ ကျောင်းသားတွေက ယဉ်ကျေးမှု့ ဆိုတာ ၇ှိတယ်လေ..
ဆရာမ ကို နေကောင်းလား အမြဲမေးတတ်ကြတယ်…….ဆရာမ လာရင် သွားကြိုတယ်……အိတ်တွေဘာတွေ
မနိုင်တာ ရှိရင် ကူသယ်ပေးတယ်…….ဆရာမတွေကို ရက်ကြီးခါကြီးတွေမှာ ကန်တော့တယ်……..အဲဒီ ဟာတွေ
က သူတို့ နိုင်ငံမှာ မရှိဘူးလေ…..ဒီက ကျောင်းသားတွေက ဆရာတွေ အပေါ် ရိုသေသမှု့ ဆိုတာ မရှိဘူး….စာလာသင်တယ် ပြီးရင်ပြန်တယ်………အဲဒါတွေပဲ ၇ှိတာဆိုတော့ ဆရာမတွေက မြန်မာကျောင်းသား
တွေကို ချစ်ကြတယ်…..ပြီးတော့ သူတို့ သားသမီးအရွယ်လေးတွေ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးတာလေးတွေ
၇ှိခဲ့ရင်တောင် ခွင့်လွတ်ပေးတယ်………။။
တကယ်စေတနာ ထားပါတယ် မြန်မာ ကျောင်းသားတွေ အပေါ်မှာ ဆရာ၊ဆရာမ တွေ အားလုံးက….ကျွန်တော်
တို့ ကလည်း ဆရာ၊ဆရာမ တွေ ချစ်အောင် နေတတ်တာလည်း ပါတာပေါ့နော်……ဟဲဟဲ……ကြော်ငြာလိုက်
တာ…..မှတ်မှတ်ရရ အဲဒီနေ့ က ကျွန်တော် နဲ့ သူငယ်ချင်း တစ်ယောက် ဈေးသွားဝယ်တာပေါ့နော်…………
ဈေးဝယ်တာက သိပ်တော့ မခက်ပါဘူး……..ကိုယ်လို ချင်တဲ့ ဟာကို လိုက်ပြီးယူ ရုံ ပဲ ဆိုတော့ သိပ်မခက်ဘူးပေါ့
နော်……..ပြောဝယ်ရတဲ့ နေရာတွေသာ နည်းနည်း ခက်ခဲတာပေါ့…ဒါပေမယ့် အဆင်ပြေတာတော့များပါတယ်…
စီနီယာ နောင်တော် ကြီးတွေလည်း ရှိတာကိုး……လိုရင်းကို မရောက်တော့ဘူး………ဟီဟီ……….
ဈေးဝယ်ပြီးတော့ တစ်ခုခု စားမယ်ပေါ့နော်………..အဲဒါနဲ့  အဲဒီ ဈေးမှာ KFC ဆိုင်တွေ ရှိတယ် အများကြီးပဲ…..
အဲဒါနဲ့ ကျွန်တော် နဲ့ ကျွန်တော် သူငယ်ချင်းလည်း အဲဒီ ဆိုင်မှာ စားကြမယ်ပေါ့နော်…..ကျွန်တော် သူငယ်ချင်းက
သူ မုန့် သွားမှာမယ်တဲ့…….ကျွန်တော့် ကို ခုံနေရာ ရှာထားလိုက်လို့ ပြောတယ်……အဲဒါနဲ့ ကျွန်တော် ခုံ နေရာတွေ ကို လိုက်ကြည့်တယ်……လွတ်နေတဲ့ ခုံ နေရာတွေ မရှိဘူး…….အဲဒါနဲ့  စားပြီး ထသွားမယ့် ခုံနေရာ
တွေကို ပဲ လိုက်ကြည့်ရတာပေါ့……….အဲဒီမှာ ၀ိုင်းတစ်ဝိုင်း က စားပြီးတော့ ထသွားတယ်………အဲဒါနဲ့ ကျွန်တော်
လည်း သွားထိုင်လိုက်တာပေါ့နော်……..စားပြီးသား မုန့် ခွံတွေတော့ အများကြီး ရှိတာပေါ့ အဲဒီ ခုံပေါ်မှာ……
အဲဒါတွေကို လိုက်သိမ်းတဲ့ အလုပ်သမား ကောင်မလေးတွေ ၇ှိတယ်…..သူတို့ က အဲဒီ လို ဟာတွေ ကို လိုက်သိမ်းပြီး ခုံပေါ်ကို သန့် ရှင်းရေး လုပ်တာပေါ့နော်…..အဲဒါနဲ့ ကောင်မလေး တစ်ယောက် ကျွန်တော်
နား ရောက်လာတယ်…….သူ က သိမ်းတော့ မလို ပုံစံနဲ့ ပေါ့နော်…….ကျွန်တော် ကလည်း သိမ်းစေချင်
တာပါ……ခဏနေ သူငယ်ချင်း က မုန့် တွေ ယူလာတော့မှာလေ………အဲဒါနဲ့ သူ ကို လှမ်းခေါ်မလို့ လုပ်
တုန်းမှာပဲ သူ က ကျွန်တော် အနားကို ရောက်လာတယ်….သိမ်းတော့မယ် ပုံစံ မျိုးနဲ့ ပေါ့နော်……….
အဲဒီမှာတင် စတာပဲ……….ဘာစတာလဲဆိုတော့ နားလည်မှု့ လေးတွေ ပေါ့နော်……..ဟဲဟဲ…………..။
ဖြစ်တော့ဖြစ်တတ်ပါတယ် တစ်ခါတစ်လေလည်း………အဲဒါလေးတွေက……….။
သူ က ကျွန်တော် ကို ရုရှား လို မေးလိုက်တယ်………အဲသား နာဒါ လို့ ကျွန်တော့် ကို မေးတယ်……..
သူ မေးတာ က အဲဒါ လိုအပ်လား ပေါ့နော်……..အဲဒါနဲ့ ကျွန်တော်လည်း ရုရှား လို့ ပြန်ဖြေလိုက်တယ်……..
အဲသား ညှပ်နာဒါ လို့ ……..ကျွန်တော် ဖြေလိုက်တာက မလိုအပ်ဘူး လို့ ……..အဲဒီမှာတင် စတာပဲ……..
သူ ချက်ချင်းလှည့်ပြီး ပြန်ထွက်သွားတယ်…….ကျွန်တော်လည်း ကြောင်တောင်တောင်လေးနဲ့ ကျန်ခဲ့တာ
ပေါ့နော်……….ဟ ဘာလည်းဟ လို့ ……..မလိုအပ်ပါဘူး လို့ ပြောတဲ့ဟာကို မလုပ်ပဲနဲ့ ဘာလို့ လှည့်ထွက်
သွားတာလဲလို့ ပေါ့နော်……..စဉ်းစားရင်းနဲ့  ရီတောင်ရီချင်သွားတယ်……..နောက်မှ သဘောပေါက်သွား
တယ်……….အဲဒီကောင်မလေး နဲ့ ကျွန်တော့် နားလည်မှု့ လေးတွေ လွဲသွားတာကိုးလို့ ……ဘယ်လို
လွဲသွားတာလဲဆိုတော့ သူ ပြောတဲ့  အဲသားနာဒါ ဆိုတာ က ဒါကို လုပ်ဖို့ လိုအပ်လား မေးတာလေ….???
ကျွန်တော် က အဲသားညှပ်နာဒါ (မလိုအပ်ဘူး ) လို့ ဖြေလိုက်တော့ သူ ပြန်လှည့်သွားတာပေါ့………..။
ကျွန်တော် ပြန်ဖြေလိုက်တဲ့  အဲသားညှပ်နာဒါ ဆိုတာ ဒီခုံပေါ်မှာ ရှိတဲ့ မုန့် ခွံ အကျန်တွေက ကျွန်တော်
အတွက် မလိုအပ်ဘူးလို့ ဖြေလိုက်တာ………..အဲဒီမှာတင် လွဲသွားတာ ပေါ့နော်…..ဟဲဟဲ…………….။။
တစ်ခါတစ်လေ ကိုယ်ဆိုလိုချင်တာ က တစ်ခြား သူထင်သွားတာ က တစ်လွဲ ဖြစ်နေတာတွေ က
ခဏခဏပဲ……..ရီတော့ရီရတယ်………တစ်ခါတစ်လေ လွဲတာတွေက လုံးဝ ကို ဆက်ဆက်မှု့ မရှိတာ…..
ဒီလိုပါပဲ သူများ ဘာသာစကား နဲ့ သူများ တွေ နားလည်အောင် ပြောရတယ်ဆိုတော့ ………အခက်အခဲ
ဆိုတာတွေ တော့ရှိတာပေါ့နော်………မြန်မာ မှာတောင် မြန်မာ အချင်းချင်း နားလည်အောင် မနည်းရှင်းပြ
ရတဲ့ အခါမျိုးတွေ ၇ှိတာပဲကိုးးးး………ဟုတ်တယ်မှတ်လား………အဲဒီအတွက် ဒါမျိုးတွေက ရှိတတ်ကြပါ
တယ် လူတိုင်းလူတိုင်းပေါ့……………..။။။မှတ်မှတ်ရရ ပါပဲ အဲဒါလေးတစ်ခုကတော့……….မော်စကို ရောက်
တုန်း အမှတ်ရစရာလေး တစ်ခုပေါ့နော်……………..။။။။။

expr:id='"post-" + data:post.id'>



အချစ်ဆိုတာ ဘာလဲတော့ သေသေချာချာနားမလည်ဘူး…နားလည်ဖို့ လည်း မကြိုးစားခဲ့မိဘူး…..
အချစ်ကို ခံစားဖို့ အချိန်မှ မရှိခဲ့တာ….ဒါပေမယ့် ချစ်တော့ ချစ်ခဲ့ဖူးတယ် ကောင်မလေး တစ်ယောက်ကိုပေါ့…..
အခုလည်း ချစ်နေတုန်းပဲ………နောင်လည်း ချစ်နေအုန်းမှာပါ…….သူ နဲ့ တွေ့ရတော့ မှာ မို့ ပျော်တော့
ပျော်တယ်…….ဒါပေမယ့် တစ်ခါတစ်လေလည်း မပျော်ဘူး…….သူ ကိုယ်နားမှာ ၇ှိတဲ့ အချိန်က ခဏလေး
လေ…….သံယောစဉ်ကြိုးတွေ ကို ခဏတာ ဖြတ်ပြီး သူ အဝေးကို ခဏတာ ထွက်သွားတော့မယ်ဆိုတာ
ကျွန်တော် သိနေတယ်…….သူ နဲ့ မခွဲနိုင်တာတော့ သေချာတယ်…..ဒါပေမယ့် ကျွန်တော် မတားရက်ပါ
ဘူး…….အရာရာတိုင်းမှာ ဒါပေမယ့် ဆိုတာ ရှိတယ်လေ………အဲဒီ ဒါပေမယ့် ဆိုတာကို ကျွန်တော် နား
လည်နေတဲ့ အတွက် သူ့ ဆီက ဘာဖြေရှင်းချက်မှ ကျွန်တော် မလိုချင်ဘူး.……ရပါတယ်……….
ခဏလေးပဲဖြစ်ဖြစ် အကြာကြီးပဲ ဖြစ်ဖြစ် ကျွန်တော့် ရင်ထဲက သံယောစဉ် ကြိုးတွေကို ဒါပေမယ့် ဆိုတဲ့ ဓါး နဲ့ 
ဖြတ်ပြီး မ ထွက်သွားလို့ ရပါတယ်…..တစ်ခုတော့ ပြောပါရစေနော်…………။။
မ ထွက်သွားတဲ့ နေ့ ကစပြီး world တစ်ပတ်လည်လို့  သီဟ ရှေ့ ပြန်ရောက်လာတဲ့ နေ့ ကို………
သီဟ စောင့် နေမယ်………………………♥♥♥♥♥♥…..

expr:id='"post-" + data:post.id'>

ဒီနေ့  ရာသီဥတုလေးက ခပ်အေးအေးလေးပေါ့……..အပြင်မှာ နှင်းတွေကျဆင်းလို့ နေပြီ အိမ်မက်ယောင်း
ငယ် ရင်ထဲရောက်လာသည်….ငါ မလိုချင်သော နာရီများ လွန်ဆန်ချင်နေလည်း……မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ…..ဒီလို ညတွေ ကုန်ဆုံးလိုက်ချင်သည်…..မြူမှုန်တွေ ရဲ့ ခြေသံလေး နင်ပြန်မလာတော့ဘူးလား…............။။။။
လင်းနစ်ဆိုထားတဲ့ သီချင်းလေးကိုတောင် သတိရမိတယ်…..ကျွန်တော် လည်း ကောင်မလေးတစ်ယောက်ကို
စောင့်ရင်းနဲ့ စိတ်တွေက ပျံ့ လွင့်နေတယ်…..အဲဒီ သီချင်းလေးကို အလိုလို သတိရမိသွားတာ……..
စောင့်ရင်းစောင့်ရင်းနဲ့ ကျွန်တော် စိတ်တွေက လွင့်မျော်နေတယ်……ကျွန်တော် အလွမ်းမြို့ ထဲကိုရောက်
သွားတယ်……..အဲဒီမှာ လူတစ်ယောက်နဲ့ စတွေ့ တယ်…….သူ့ နာမည် က အချစ်……….။
အချစ် ခင်ဗျား က ဒီမြို့ ကို ဘာလာလုပ်တာလဲ…….ကျွန်တော် က ဒီမှာ အမြဲ နေတယ်လေ…..ကျွန်တော် နဲ့ 
ပတ်သတ်တဲ့ သူတွေ အားလုံး က ဒီမြို့ ကို မဖြစ်မနေ အမြဲ လာရတယ်…..အခုလည်း ခင်ဗျား ကျွန်တော် နဲ့ 
ပတ်သတ်မိလို့ ရောက်လာပြီမှတ်လား ဆိုပြီး ကျွန်တော် ကို သူ ကပြောတယ်…….ကျွန်တော် နားလည်လိုက်
တယ်…….ကျွန်တော် အချစ်ဆိုတဲ့ သူ နဲ့ ပတ်သတ်ခဲ့ ပြီပြီးကိုး…….။။။(ကောင်မလေး တစ်ယောက်အားကျွန်
တော် ချစ်ခဲ့သည်)…..။။
ဒါနဲ့ သူ့ ကို နုတ်ဆက်ပြီး ကျွန်တော် ရှေ့ ကို ဆက်လျှောက်လိုက်တယ်…….အဲဒီမှာ မျက်နှာ မှာ အားမရှိတဲ့ 
ပုံစံနဲ့ သူတစ်ယောက်ကို ဆက်တွေ့ တယ်…….ဒါနဲ့ ကျွန်တော်လည်း နုတ်ဆက်လိုက်တယ်……..ဗျို့ ဒီမှာ….
ဒီမှာ……….ခင်ဗျားနာမည် ဘယ်လို ခေါ်လဲ…….ဟုတ်ကဲ့ ……..ကျွန်တော် နာမည် ကတော့ အလွမ်း ပါ…….
ဗျာ………နာမည်တွေ ကလည်း တစ်မျိုးပါလား……..ဒါနဲ့ ခင်ဗျား ကရော ဒီကို ဘယ်လို လုပ်ရောက်နေတာလဲ…
အော်……ဒါလား………ရှင်းပါတယ်…….ခင်ဗျား ခုနက တွေ ခဲ့ ဖူးတဲ့ အချစ်ဆိုတဲ့ သူ ကို သိတယ်မှတ်လား…..
သူနဲ့ ပတ်သတ်ပြီးတဲ့ သူတိုင်း ကျွန်တော် နဲ ထပ်ပြီးပတ်သတ်ရတယ်……အဲဒါကြောင့် ကျွန်တော် လည်းဒီမြို့ 
မှာ နေဖြစ်သွားတာ……..အချစ် နဲ့ ပတ်သတ်ပြီးတဲ့ သူတိုင်း ကျွန်တော် ကို မပတ်သတ်လို့ ကို မရဘူး…….
ခင်ဗျားလည်း အခု အချစ်နဲ့ ပတ်သတ်ခဲ့ ပြီးပြီလေ…….အဲဒီအတွက် အခု ခင်ဗျား ကျွန်တော် နဲ့ ထပ်ပြီးပတ်
သတ်ရတော့မယ်………ဟမ်………ဟုတ်လို့ လား…..မယုံရင် ခင်ဗျား စဉ်းစားလိုက်ပါ……..။။
( ကျွန်တော် ကောင်မလေး တစ်ယောက်အားချစ်ခဲ့သဖြင့် အခု လွမ်းနေရသည်……….)။။။။

မှတ်မှတ်ရရ......ချစ်သူ မလာသောနေ့ လေးတနေ့ ....၂၀.၁၂.၂၀၀၉ ( ရိုက်ကူးရေးနေ့ )....



expr:id='"post-" + data:post.id'>

" တို့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊

ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊
ချစ်သူ၊
ရန်သူအဖြစ်နဲ့တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး....ဘ၀တစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့်
သာဤမျှများပြားလှသောလူ့ဘောင်အဖွဲ့အစည်းအတွင်းမှာတွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်...အဲ့လိုပဲရေစက်ကုန်ချိန်
ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ
မျိုးစုံနဲ့ခွဲခွာကြရမှာပါ.... "


ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာချစ်ကြိုက်လာကြတာချစ်သက်တမ်းသုံးနှစ်ပြည့်တဲ့အခါ
မှာလက်ထပ်ကြတော့မယ်ဆိုပြီးမင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်....ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ
တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့......ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေး
ကတခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်.....သူစုံစမ်းကြည့်
လိုက်တော့ကောင်မလေးကိုယ်တိုင်ကလိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်......အဲ့သတင်းကိုကြားတာနဲ့ကောင်လေး
လည်းအရမ်းအံ့သြပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်......မကြာခင်မှာပဲကောင်လေးလည်းစိတ်
်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်....အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်....
ဆရာဝန်ပြလည်းမသက်သာတော့ဘူး....
တနေ့မှာတော့အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်..အိမ်ဖော်
ကောင်မလေးလည်းတံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့
"ကန်တော့ဆွမ်းပါဘုရား" လို့ပြောလိုက်တယ်...
ဘုန်းတော်ကြီးကပြုံးပြီးတော့.....
"ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်းဆေးနည်းနည်းကုတတ်တော့လာ
ကူညီပေးတာပါဒကာမလေး" လို့မိန့်ကြားလိုက်တယ်...
အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေ
ကိုပြောကြည့်တော့သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်.......
ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေ
တဲ့လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်....အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက်သောက်တော်ရေတခွက်ပေး
လိုက်ပြီးလူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်...ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့....
" တော်တော်အခြေအနေဆိုးနေတာပဲ "
လို့ရေရွတ်လိုက်တယ်.....လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား
သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်......ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့...
" ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲက
ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်...
ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ...မှန်ထဲမှာသူ့ချစ်
သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်....သိတ်မကြာခင်မှာပဲကောင်မလေးပုံရိပ်ကေ၀၀ါးပျောက်ကွယ်သွားပြီးပင်လယ်ကမ်းခြေတခု
ပုံပြောင်းလဲသွားတယ်....အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး.....လူမမာကောင်လေးကမှန်ထဲ
ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေးအလောင်းတစ်လောင်းဟာလဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာ
ကိုမြင်လိုက်ရတယ်.....ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်...သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်စွာဖြတ်
လျှောက်သွားတယ်.....အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့
သွားပြန်တယ်...ဒီလူကတော့စိတ်မကောင်းဖြစ်ပြီးသူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်....အဲ့လိုနဲ့နောက်ထပ်
အချိန်တော်တော်လေးကြာလာတော့နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်...ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံ
ကိုစိတ်ဝင်စားပြီးခြုံထည်ကိုလှန်ကြည့်တော့မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး
ဖြတ်လိုက်တယ်...ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး....နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်
လိုက်တယ်....လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီးတဖြေးဖြေးချင်းတူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေး
အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်....အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံ
ပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်...အဲ့ဒီနောက်မှာမှန်ထဲမှာမိန်းကလေးအလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေသူ့ချစ်
သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်....လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့
မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်...အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်
ကွယ်သွားခဲ့တယ်....ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲဘုန်းတော်ကြီးကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်...
"
ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်...အဲ့မိန်းကလေးအလောင်းကဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်..
ဘ၀တစ်ခုမှာသူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘ၀မှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်း
ခွင့်ရခဲ့တယ်...ဒကာလေးကတော့သူမရဲ့အလောင်းကိုအပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘ၀မှာသူမနဲ့
သုံးနှစ်တာချစ်ခင်ခွင့်
ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်..နောက်ပိုင်းမှာကောင်လေးလည်း
ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်...
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..
ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊
ချစ်သူ၊
ရန်သူအဖြစ်နဲ့တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး....ဘ၀တစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့်
သာဤမျှများပြားလှသောလူ့ဘောင်အဖွဲ့အစည်းအတွင်းမှာတွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်...အဲ့လိုပဲရေစက်ကုန်ချိန်
ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ
မျိုးစုံနဲ့ခွဲခွာကြရမှာပါ.....အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေး
မှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာတတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုး
စားသင့်ပါတယ်.....ဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို
မသိနိုင်ကြလို့ပဲဖြစ်ပါတယ်......


(ဘလော့ တစ်ခု မှ ကူးယူဖော်ပြသည်.)


expr:id='"post-" + data:post.id'>



မင်းရည်မှန်းချက်
ပျက်မယ်ဆို
လှည့်မကြည့်နဲ့
ငါ့ကို

မင်းရှေ့ရှုရာလမ်း
ဝေဝါးမယ်ဆို
လျစ်လျူရှုပါ
ငါ့ကို

မင်းစိတ်တွေ
တွေဝေမယ်ဆို
မတွေးပါနဲ့
ငါ့ကို

မင်းစိတ်ဘဝင်
နွမ်းမယ်ဆို
မေ့ပြစ်ပါလေ
ငါ့ကို

မင်းဘဝလေး
သာယာမယ်ဆို
ပြစ်ချခဲ့ပါ
ငါ့ကို

မင်းအနာဂတ်တွေ
ယိမ်းယိုင်မယ်ဆို
တွေ့ရင်မခေါ်နဲ့
ငါ့ကို

နှုတ်မဆက်တာ
နာကြင်လို့ပါ
ချည်နှောင်ခြင်းမပါ
သံသယရှင်းစွာ
စောင်းငဲ့မကြည့်နဲ့
ထွက်သွားလိုက်ပါ.......

အကိုတစ်ယောက် ဘလော့မှ ကူးယူဖော်ပြသည်.....

expr:id='"post-" + data:post.id'>


တစ်ခါတစ်လေ လည်း စဉ်းစားမိတယ်……..အလွမ်းတွေ ကို ပျော်ရွင်မှု့ တွေ နဲ့ များ ဖုံးနေသလားလို့ လေ……တစ်ခါတစ်လေ လွမ်းရတာလည်း မလွယ်ဘူးပဲ….
ကျနေတဲ့ စိတ်ဓာတ်တွေကို ရသလောက် ကောက်ထည့်ပြီး အလွမ်း တွေကို ခေါင်းအုံး
အတွေးတွေကို စောင်ခြုံ အိပ်ခဲ့ရတဲ့ ညတွေ လည်း မနည်းတော့ဘူး…………..။။
ဘာကြောင့် ဒို့ က တစ်ယောက်တစ်လှည့် အဝေးကို ထွက်သွားကြတာလဲဟင်…..
အဲဒီမေးခွန်းရဲ့ အဖြေကို စဉ်းစားလို့ မရဘူး……ဒို့ နှစ်ယောက်က ပဲ ကံမကောင်းတာလား…
ကံကပဲ ဒို့ နှစ်ယောက်အပေါ် မကောင်းတာလားဟင်…….ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာတစ်ခု
တော့ ရှိတယ်………မနက်ဖြန်ဆိုတာ ရှိနေသေးသမျှ ကိုယ့် အိမ်မက် ကို တော့ ကိုယ်ဖက်
တွယ်ထားမယ်……ကိုယ့် ကိုယ်ကို ပျော်ပျော်နေတတ်တဲ့ စိတ်ရှိတယ် ဆိုတာ သိခဲ့ပေမယ့်
ဝမ်းနည်းတော့ လွယ်သားပဲ……..အရမ်းကြောက်နေတယ်……….မ နဲ့ ခွဲရမှာကိုလေ……..
ခဏလည်း မခွဲချင်ဘူး……အကြာကြီးလည်း မခွဲချင်ဘူး…..ဘယ်လိုမှန်းမသိပါဘူး………
တစ်ခါတစ်လေ နားမလည်တတ်တဲ့ ကိုယ့် နှလုံးသား ကိုတောင် မုန်းချင်လာတယ်…………
တွေ့ ဆုံပြီးရင် ဘာလို့ ခွဲခွာရတာလဲ……အဲဒီ နိယာမ တွေကို သိပေမယ့် တစ်ခါတစ်လေ
လည်း မုန်းတယ်………..။။။
ဒို့ ကံကြမာ ကို အကောင်းဆုံး ဖြစ်အောင် ဒို့ တွေ ပဲ ကိုယ်တိုင် ဖန်တီးကြမယ်…………….
ဘ၀ မှာ တစ်ကြိမ်တော့ လူတစ်ယောက် ကို အရမ်းချစ်တတ်ကြတာပဲလေ……ကိုယ်လည်း
အခု အရမ်းချစ်ရမယ့် သူတစ်ယောက်ကို အရမ်းချစ်ခဲ့လိုက်ပြီ….အဲဒီအတွက်တော့ ကျေနပ်
တယ် ကိုယ့်ကိုယ့်ကိုပေါ့……လူတွေအားလုံးက မျှော်လင့်ချက်တွေ နဲ့ အသက်ရှင်နေကြတာ
ပဲလေ…….သီဟ လည်း အဲဒီ မျှော်လင့်ချက် ဆိုတာ တွေကို ဖက်တွယ်ထားရင်းနဲ့  အသက်
ရှင်နေမယ်…………..။။


expr:id='"post-" + data:post.id'>

တကယ်ဆို ကျွန်တော် က အလွမ်းရောဂါ ရှိတဲ့သူပါ………..အဲဒီ အလွမ်းရောဂါ ကို ကုတဲ့ ဆရာဝန် က
ကောင်မလေးတစ်ယောက်ပါ…….သူ ပဲ ကုလို့ ရတယ် အဲဒီရောဂါ ကို…..သီချင်းထဲကလို ပေါ့…..သိတယ်
မှတ်လား……….မသိပါဘူး……….ပြောပြမှ သိမှာ ချစ်သူ က……….ဟဲဟဲ……..ဟုတ်တယ်မှတ်လား……
မမ ကျွန်တော် ကို ပြုစား မမ အချစ်ကဝေ…….ဒီမှာ မမ မမ ဖြစ်နေပြီ……….အဲဒီလိုပေါ့…………..။။။
ဆရာဝန် က ကုတော့ ကုပါတယ်………နေ့ တိုင်းလာပြီး ကျွန်တော် အလွမ်းရောဂါ အခြေအနေ ကို
လာလာ ကြည့်ပေးတာပေါ့……လာတော့ကြည့်ပါတယ် ဒါပေမယ့် ခက်တာက ဆရာဝန် က ပျောက်
မှာတော့ စိုးရိမ်နေတယ်တဲ့……..ဟီဟီ……ချစ်သူ ကြောတာာာာာာာာ………………………..။။။။
ဘာလို့ လဲလို့ မေးကြည့်တော့ အဲဒါမှ အမြဲအနားမှာရှိနှေမှာတဲ့……..ဟားဟား…………ရီရတယ်……..
တကယ်ဆို ကျွန်တော် က အမြဲ၇ှိချင်တာပါ ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ်ပေါ့…………….
ဆရာဝန် က နေ့ တိုင်း ရောဂါ သာ လာကြည့်တာ စကားမပြောဘူး……စကားပြောရဖို့ ကျွန်တော်
က အမြဲ နိုးစက်ပေးနေရတယ်……နိုမို့ ဆို သိတယ်မှတ်လား…….မသိပါဘူး….အဲဒါကြောင့် အမြဲ တိုက်နေ
တာာ…….ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး…………….ဘာကိုလည်းဆိုတာ မပြောတော့ဘူး…….
ကိုယ့်ပဲကိုယ် သိ………………ရီမနေနဲ့ စပ်ဖြီးဖြီးနဲ့ ………….ဟဲဟဲ…………………..။။။။။။။….
လာတာနဲ့ တိုက်ဖို့ ပဲ ချောင်းနေတယ်…..ဘာလေးမှန်းလည်း မသိဘူး……………ဒါပေမယ့်
အဲဒီဘာလေးမှန်း မသိတာကိုး က ချစ်ဖို့ ကောင်းနေတာ……..ဟီဟီ………..ချစ်တယ်……။။။
အလွမ်းရောဂါ ဝေဒနာ သည်ပါဆိုမှ အလွမ်းပြေမယ့် အသံဆေးလေး တိုက်ကျွေးရမယ့် ဟာ…
တိုက်ဖို့ ပဲ ချောင်းချောင်းနေတယ် သိလား ဒေါက်တာ……………..ဟဲဟဲ……..။…..
ဒီနေ့  ဒေါက်တာ က ကျွန်တော် ကို စာမေးပွဲ ဖြေတဲ့ နေ့ ဆိုရင် ပြောပါတဲ့….သူ့ အတွက်
အချိန်တွေ ကုန်မယ်ပေါ့နော်………ကျွန်တော် လည်း စိတ်ထဲ၇ှိတဲ့ အတိုင်း ပြောလိုက်တယ်…
ဒေါက်တာ နဲ့ မတွေ့ ရင်သာ စာတွေ က ခက်နေတာလို့ …..ဒေါက်တာ နဲ့ တွေ့ ပြီးသွားရင်
စာတွေ က ဘယ်လိုကြည့် ကြည့် လွယ်နေတာလို့ ……..ဘယ်လိုကြည့်ကြည့် လွယ်နေတော့
လည်း တစ်ခါတစ်လေ စိတ်လေတာပေါ့………..ဟဲဟဲ………ဒီနေ့  ဒေါက်တာ က စိတ်ထဲမှာ
ရှိတဲ့ အတိုင်းပြောသွားတယ်……….ပြောပြရမလား………………????????????????........
ရူး......ရူး……….သေးပေါက်မယ်ပြောတာဟုတ်ဘူး……..ဟဲဟဲ………..တိုးတိုးလို့ ပြောမလို့ ……
ဒူမှသွားမပြောနဲ့ နော်…………….ဒေါက်တာပြောသွားတာက……………………။။။။။။။။။။။
မောင့် ကို ချစ်တယ် “…………………………………….။။။။။။။။။။။။…♥♥♥…….။။။



expr:id='"post-" + data:post.id'>

ကျွန်တော် ပို့ တွေ မရေးဖြစ်တာတော်တော် ကြာသွားပြီ….ကြာဆို စာမေးပွဲ တွေ နဲ့ 

ရူတ်နေတာလေ….အဲဒါကြောင့် မေ၇းဖြစ်တာ…ဒီနေ့ တော့ ရေးချင်စိတ်ပေါက်နေတာ.. အဲဒါကြောင့် စိတ်ကူး မိတာ နဲ့ ခံစား မိတာ ကိုပေါင်းပြီးတော့ ချေ၇းလိုက်တာ…ဘာတွေ ရူတ်

နေမှန်းတော့ မသိဘူး…ဒါပေမယ့် ရူတ်နေတာတော့ သေချာတယ်……ခုလည်း လူကတော့

ဒေါင်ဒေါင်မြည်ပါ….ဒါပေမယ့် ကွန်ပျူတာ က နေမကောင်းဖြစ်နေလို့  သမားတော် ခဏခဏ

ခေါ်ပြနေရတယ်…..ဟဲဟဲ……ဒီလိုပါပဲ စက်ဆိုတော့လည်း ဖြစ်တတ်တာပေါ့………

ပွားနေတာနဲ့ လိုရင်း က မရောက်တော့ဘူး………။။။။

တစ်ခါတစ်လေ စဉ်းစားကြည့်တယ်….ဘ၀တွေ က အထီးကျန်သလိုများဖြစ်နေသလားလို့ 

လေ….အခန်း ထဲမှာ အထီးကျန် နေ တဲ့  ကုတင် တစ်လုံးရှိတယ်….အဲဒီ ကုတင် ရဲ့ ရှေ့ မှာ

အထီးကျန် နေတဲ့ စားပွဲ တစ်လုံး ရှိတယ်…..အဲဒီ စားပွဲရှေ့ မှာ ကြည့် စရာ ပြတင်းပေါက်

တစ်ခုရှိတယ်….ကြည့်လိုက်ရင်လည်း အထီးကျန်နေတဲ့ သစ်တော တစ်တော ရှိတယ်…..

ပိုင်ဆိုင်တာ ဆိုလို့ ကွန်ပျူတာလေး ပဲ ရှိတယ်….အဲဒီ ကွန်ပျူတာ နဲ့ ပဲ တနေ့ တနေ့ မပျင်း

အောင် အဖော်လုပ်နေရတယ် ဆိုလည်း မမှားဘူးပေါ့……ကြာလာတော့ သူ့ ကိုတောင် သံ

ယောစဉ် ပို ဖြစ်မိသေးတယ်….သူ က ပဲ ကိုယ့် အထီးကျန်တဲ့ နေ့ တွေကို တူတူ ဖြတ်ကျော်

ပေးနေတာလေ…….အပေါ်မှာ အထီးကျန် နေ တဲ့  အိမ်မြှောင်တစ်ကောင် ရှိတယ်…ညညဆို

စာ ကြွင်းစားကျန်တွေ လာလာ ကိုက်နေတဲ့ အထီးကျန် ကြွက်တစ်ကောင် ရှိတယ်…ညနေဆို

တကြော်ကြော်အော် ပြီး ၀င်လာတတ်တဲ့ အထီးကျန် ကြောင်တစ်ကောင်လည်း ရှိသေးတယ်..

ဘယ်နေရာ ကြည့်ကြည့် အထီးကျန် တဲ့ သူတွေ ချည်းပဲ…..အထီးကျန်မှု့ တွေ များတော့

တစ်ခါတစ်လေလည်း စိတ်လေတာပေါ့……တစ်နေ့ တစ်နေ့  စကားအများဆုံး ပြောမိတဲ့ သူ

က ချစ်သူ ပဲလေ…သူ နဲ့ ပဲ စကားတွေ ပြောရင်းအထီးကျန်မှု့ တွေကို မေ့ပျောက်နေ၇တယ်..

ချစ်သူ ကိုလည်း ကျေးဇူးတင်မိတယ်….ကိုယ် အထီးကျန်မှု့ တွေ ကို မျှဝေခံစားပေးလို့ လေ…

အခန်းထဲမှာ နေတာများတော့ အတွေးခေါ်တွေတောင် တုန်းတုန်းလာတယ်….စိတ်တွေလည်း

မွန်းကျပ်လာတယ်….တနေ့ တနေ့  အထီးကျန် အခန်းထဲမှာ အထီးကျန်စွာနဲ့ ပဲ အချိန်တွေကို

ဖြတ်သန်းနေရတယ်….လွတ်လပ်စွာ သွားလာလို့ မရဘူး…..မရဆို အပြင်မှာ က နှင်းတွေ ကျ

နေတာ ဆိုတော့ အောက် ဆင်းလို့ မရဘူးလေ….၁၅ မိနစ် လောက် ဆိုရင်ကို အအေးမိချင်

လာပြီ….အဲဒီလို တွေ ပေါ့……ခုတော့လည်း နေသားကျနေပါပြီ….ဒါပေမယ့် တစ်ခါတစ်လေ

တော့ တော်တော် ကို စိတ်တွေ မွန်းကျပ်နေတယ်…………… အဲဒီလို အထီးကျန်အခန်းထဲ

မှာ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ သူတွေ ဘယ်နှစ်ယောက်တောင် ရှိနေလဲ မသိဘူးနော်…။။

expr:id='"post-" + data:post.id'>



မျှော်လင့်ချက် တွေ နဲ့ အိမ်မက်တွေ ထဲမှာ အခါခါ ဆက်လျှောက်နေမိတုန်းပဲ....
လူ နှစ်ယောက် ချစ်ကြတာ ခွဲခွာဖို့ အတွက်လား....ပေါင်းစည်းဖို့ အတွက်လား.....
ဒါပေမယ့် ဒို့ နှစ်ယောက် အတွက်တော့ ခွဲခွာဖို့ ဖြစ်နေသလားလို့ ....ဒီလမ်းကို
လျှောက်တာ မျှော်လင့်ချက် တစ်ခု အခွင့်အရေး တစ်ခု အတွက် လျှောက်ခဲ့တာ မဟုတ်ဘူး...
ဒီလမ်းကို လျှောက်နေရရင် ကို အလိုလို ကျေနပ်နေခဲ့တာ.....ကိုယ့် ကို ထားပြီး အဝေးကို
ထွက်သွားမယ့် ချစ်သူ တစ်ယောက်ကို ချစ်တဲ့ သူတစ်ယောက်ရဲ့ ခံစားချက် က ဘာလဲ....
အဲဒီ ခံစားမှု့ တွေ ကိုရော သိရဲ့ လား.....အိမ်မက်တွေ နဲ့ စိတ်ကူး ယှဉ် ပြီး သီဟ ကိုယ်တိုင် က
ရုးချင်နေခဲ့တာ......သီဟ သိတယ်......မပြောပါနဲ့ .........အရာရာတိုင်းမှာ "ဒါပေမယ့်" ဆိုတာ
ရှိတယ်.....ခုလည်း အဲဒီ ဒါပေမယ့် နဲ့ ပဲ မ ထွက်သွားမှာ မှတ်လား......သီဟ မျှော်လင့်သမျှ
မ ရင်ဘတ်က ပြောလာမယ့် ကာရံ တွေ ပဲ ကြားချင်တယ်....သီဟ နား က နားလည်အောင်
မပြောခဲ့နဲ့ .....သီဟ နှလုံးသား က နားလည်အောင် ပဲ ပြောပေးခဲ့ပါ....သေချာတယ်ဆိုရင်
သီဟ မျက်လုံးတွေ ကို သေသေချာချာ ကြည့်ပြီး သီဟ ရင်ထဲ ကို ထိအောင် တစ်ခါတည်းပြောခဲ့....
စောင့်ရတာ တွေ ကို သီဟ မုန်းတယ်... ဒါပေမယ့် မ အတွက်တော့ ချွင်းချက်ပေါ့.....မခေါ်ပဲလာ
မနှင်ပဲ ပြန်တတ်တဲ့  ဒီလောက ရဲ့ နိယာမ တရားတွေကို မုန်းတယ်.....နောက်ဆုံး.......။။။
တွေ့ ဆုံခြင်းရဲ့ အစ ခွဲခွာခြင်းတွေ ကို မုန်းတယ်....သီဟ နောက်ကျောကို ပဲ ကြည့်.....
မျက်ဝန်းတွေကို မကြည့်နဲ့ ......မျက်ဝန်းထဲမှာ မျက်ရည် တွေ တွဲလွဲခိုနေလိမ့်မယ်.....
မကြာခင် ၀မ်းနည်းခြင်းမိုးတိမ် တွေက မိုးအဖြစ် ရွာသွန်းကြလိမ့်မယ်....သီဟ ပျော်ရင် မပျော်တယ်ဆို....။။
အခုသီဟ.........????အခု မ .......??????.......ထားလိုက်ပါတော့.........တကယ်ဆို သီဟ က
အိမ်မက်တွေ နဲ့ ရုးချင်ခဲ့တာကိုး..........အလွမ်းညတွေကို ကာရံ မညီတဲ့ ကဗျာတွေ နဲ့  ဖြတ်သန်းနေအုန်းမယ်.........။။။။။

expr:id='"post-" + data:post.id'>



တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို
ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့

expr:id='"post-" + data:post.id'>



ဇာတ်သိမ်း


တီ..........တီ.............တီ.................တီ.........
ဟဲလို.....ဟဲလို.......ဟဲလို..........သီဟ လား..........အင်း ဟုတ်တယ် မ......။
မ မောင် ဖုန်း ကို မျှော်နေတာ....မ အခု လေဆိပ်ရောက်နေပြီ.... မကြာခင် check in ၀င်တော့မယ် မောင်.....
၁ နာရီလောက်တော့ အချိန်ရပါသေးတယ်....ဖုန်း ထဲမှာ မ အသံက ကျွန်တော် ပြင်ဦးလွင် ကို သင်တန်းသွားတက်
တုန်းက ၀မ်းနည်းနေတဲ့ အသံမျိုးမဟုတ်တော့ပါ။....မ တောင် အတော်လေး ရင့်ကျက်နေပြီကိုး။.....မောင် ဘာတွေ စဉ်းစားနေတာလဲ...
ပြောလေ...အင်းအင်း.....ပြောမယ်.....ဟိုရောက်ရင် ကျန်းမာရေး ကို ဂရုစိုက်နော်....အင်းပါ စိတ်မပူနဲ့ ...မောင် သာ ဂရုစိုက် ကိုယ့်ကိုယ်
ကို....နော်....အင်းအင်း.....မောင် အတွက် စိတ်မပူနဲ့ နော်...စိတ်ပူတာပေါ့ ကိုယ့်ချစ်သူ ပဲ........ဟွန်း....ဘာမပူနဲ့ လဲ........
မ ပြောခဲ့ တဲ့ စကားလေး ကို မောင် သတိရမိသေးတယ်.....မောင် ရန်ကုန် ကနေ ပြင်ဦးလွင်ကို စတက်တုန်း က မပြောဖူးတယ်လေ....
သီဟ နင် က ငါ့ ကို အရင်ခွဲသွားပြီပေါ့နော် ဆိုတာလေ....မှတ်မိတယ်မှတ်လား.....အင်း မှတ်မိပါတယ်.....ဒီတစ်ကြိမ်တော့ ............???။
မ ကို သီဟ မခွဲနိုင်ပါဘူး.....ဒါပေမယ့် နားလည်ပါတယ် အားလုံးကို......လူတိုင်း ဟာ ကိုယ်မျှော်လင့်ချက်နဲ့ ကိုယ် ပဲလေ.....မ မှာလည်း
မျှော်လင့်ချက် ဆိုတာ ရှိမှာပါ....မ ကို မောင် မတားချင်ဘူး.....ကိုယ် မျှော်လင့် ချက် တွေ အကောင်အထည် ဖော်ဖို့  အတွက် မေ့ သင့်တဲ့
အရာတွေကို ခဏတော့ မေ့ထားကြရမှာပါ.....အဲဒီအတွက် မလည်း မောင့် ကို မေ့ ထားချင် မေ့ထားလိုက်ပါ....မောင် နားလည်ပေးမှာပါ..
ကမ္ဘာတစ်ဘက်မှာနေ့…။ ကမ္ဘာတစ်ဘက်မှာည…။ အလင်းကျရောက်ပုံခြင်းက ကိုယ်စီ ကိုယ်စီအတွက် အမှန်တရား တစ်ခုစီပါ။.....
အလင်း ဟာ လူသားအားလုံးအတွက် တူညီတဲ့နွေးထွေးမှုကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ ဘယ်လိုမှ မပေးနိုင်ပါဘူး.....မ......။
ဒါပေမယ့် မောင် ယုံကြည်ပါတယ်...တကယ်လို့  တစ်နေ့ နေ့ မှာ အလင်းဟာ ကမ္ဘာမြေပေါ်ကို တူညီစွာတပြိုင်နက် ကြရောက်မယ့် နေ့မျိုး
ဆိုတာ ရှိခဲ့ရင် ဆိုရင်တော့ အဲဒီ နေ့ မှာ မောင် နဲ့  မ ပြန်ဆုံတွေ့ အုန်းမှာပါ.....။ မ ကိုတစ်ခုတော့ ပြောပါရစေနော်........
မ အပေါ် မောင် ထားခဲ့တဲ့ မေတ္တာတရား၊ မြတ်နိုးမှု၊ ယုံကြည်မှုနဲ့ သစ္စာ တရားဟာ ချစ်တယ် ဆိုတဲ့ စကားတစ်လုံးထက် အများကြီး လေးနက်တယ်ဆိုတာ
မ သိထားပေးပါ.........မ ကို မောင် စောင့်နေပါမယ်.....ဘယ်အချိန် ဘယ်နေရာ မှာ ပဲ ဖြစ်ဖြစ် မောင့် နှလုံးသား ကို ဖွင့် တဲ့ သော့ တစ်ချောင်းကို
မ ကို ပေးလိုက်ပြီးသားပါ.....အပြင်ဘက်မှာ မ ငိုခဲ့ ရင်တောင် နှလုံးသာထဲမှာတော့ ငိုနေမယ်ဆိုတာ......................။။။။ တီ.......တီ...တီ.....တီ...တီ......။။။။
ဟဲလို........ဟဲလို.................ဟဲလို..................ဟဲလို.................ဟဲလို.........................မောင်..........မောင်.............မောင်........
မောင်.....................မောင်........................မောင်.....................မောင်...........................။။။။။။။။။

expr:id='"post-" + data:post.id'>


သီဟ ရထားထွက်တော့မယ်......အေး ငါ တက်တော့မယ် ရထားပေါ်ကို.....နင့် ငါ ဆီ သတိရရင် စာရေးနော်.....ငါ လည်းေ၇း
မယ် နင် ဆီကို....ငါ့ အိမ်ကိုလည်း ဂရုစိုက်ပေးနော် ၀တ်ရည်.....အေးပါ.....စိတ်မပူနဲ့ .....နင်သာ ဂရုစိုက်ဟိုမှာ.....အေးအေး...
ဒါဆို ငါ တက်တော့မယ် အပေါ်ကို....ခဏနေအုန်း ငါ ပြောစရာ၇ှိသေးတယ်......ငါ ၀မ်းနည်းနေတယ်ဟာ......နင့် ငါ ကို အရင်ဆုံးခွဲသွားပြီပေါ့နော်...
မပြောပါနဲ့ တော့ဟာ.........ကျလာတဲ့ မျက်ရည် တွေ ကို နင့် ကို မမြင်စေချင်လို့ ပါ ၀တ်ရည်၇ယ်(ကျွန်တော် စိတ်ထဲမှ ပြောချင်သောစကားလေးပါ)....
ငါ သွားတော့မယ်...................၀တ်ရည်...............။
ဟိတ်ကောင်...........ထကျောင်းသွားမယ်.........သူငယ်ချင်း လာခေါ်မှ သတိရမိတယ်.....ကျွန်တော် အတိတ်တွေကို ပြန်သတိရ
နေတာကိုး.......အေးအေး သွားမယ်ကွ......လာပြီ............လာပြီ ဟိတ်ကောင်ရေ..........ဟိတ်ကောင် ခု နက ငါခေါ်တာ အကြာ
ကြီးပဲ...မင်း ဘာလို့ ချက်ချင်း ပြန်မထူးတာလဲကွ.....အော် ဘာမှမဟုတ်ပါဘူးကွာ.....ဟိတ်ကောင် လာမရွှီးနဲ့ ညီလေး......မင်း အ
ကြောင်း မသိရင် ခက်မယ်.....ငယ်ငယ် က ချစ်ခဲ့တဲ့ ကောင်မလေး အကြောင်း စဉ်းစားနေတာမှတ်လား.......ဟာ မဟုတ်ပါဘူးဟ..
မင်း က မဟုတ်ပါဘူး လို့ သာပြောနေတယ် မင်း မျက်နှာပေါ်မှာ အလွမ်းတွေ တော့ ပြေးနေသားကွ....ဟဲဟဲ...ဟုတ်တယ်.....
အဲဒီလို မှပေါ့.....ဒါနဲ့ မင်း နဲ့ သူ က ခု ဘာလဲ.........ချစ်သူ တွေ ဖြစ်သွားပြီလေ.....ငါ ဒီရောက်မှ သူ့ ဆီက အဖြေရတာကွ (၂၀.၄.၂၀၀၈)...
ဟုတ်လား....အေး ဟုတ်တယ်......မင်း လည်း သူ့ ကို တော်တော် ချစ်သလို သူ လည်း မင်းကို တော်တော် ချစ်မှာပဲနော်........
ဒါပေါ့ကွ ငါတို့ က ငယ်သူငယ်ချင်းတွေလေ....ငယ်ငယ် ကတည်း ကချစ်ကြတယ် တစ်ယောက်ကိုတစ်ယောက်.....ခုတော့
ချစ်သူ တွေ ဖြစ်သွားပြီပေါ့ကွာ.......ခုနက ငါ အတိတ်ကို ပြန်တွေးနေလို့ မင်းခေါ်တာကို မကြားလိုက်တာကွ....အေးပါ....
ငါ သိတယ်....ဒီလိုပဲပေါ့ကွာ...တစ်ခါတစ်လေ တော့လည်း အတိတ် ကို လူတိုင်း ပြန်တွေးတတ်ကြပါတယ်.....။အေး ငါတို့ လည်း
ကျောင်းပြီးတော့မှာပဲ....မြန်မာ နိုင်ငံရောက် ရင် မင်း နဲ့ သူ နဲ့ တွေ့ မယ်မှတ်လား.....အေး တွေ့ တော့တွေ့ မယ်....ဒါပေမယ့်.....???????..............
ဒါပေမယ့်........ ဘာဖြစ်လည်း........ဟိတ်ကောင် ဆက်ပြောလေ........ဟိတ်ကောင် ဆက်ပြောလေကွာ............ဟိတ်ကောင်..............
ဟိတ်ကောင်.............ဟိတ်ကောင်...................။။။


expr:id='"post-" + data:post.id'>

ဝတ်ရည်......၀တ်ရည်.........၀တ်ရည်................
ဟဲ့ ကောင်စုတ်........ဘာတွေ အော်နေတာတုန်း.........၀င်လာလိုက်တာမဟုတ်ဘူး..........
ငါ ၀င်မလာခင် နင် အပြင်ထွက်လာခဲ့.......လာ.....သွားမယ်.........ဘယ်ကိုလဲဟ.........
ကန်ဘောင်ကို..........ဟမ်...........................။
ကဲ့ ပြော ဘာလို့ ငါ့ ကို ဒီခေါ်လာတာလဲ.......အေး ပြောမယ်........မပြောခင် ငါ မျက်လုံး တွေကို နင်တည့်တည့်  ကြည့်ပေး.......
ဟာ.......နင်နော်........ပေါက်ကရတွေ လာမလုပ်နဲ့ .........သွား မကြည့် ရဲဘူး......ခဏပဲ ကြည့် ဟာ နင် ကလည်း..........
အေး တစ်ခါပဲနော်........ကြည့်လိုက်ပြီ........အေး နင့် ကို ငါ ချစ်တယ် ၀တ်ရည်.........ဟမ်.........ဘာဖြစ်တာတုန်း အဲဒါက....
ငါ ပြောတာကို နင် ခဏ နားထောင်ပေးနော်.......ငါ အခု စစ်တကသိုလ် သင်တန်း တက် ဖို့ ခေါ်စာရောက်နေပြီ.....ငါ မနက်ဖြန် ပြင်
ဦးလွင်ကို သွားရတော့မယ်.......အဲဒါ နင့် ကို ငါ ပြောမလို့  ရည်ရွယ်ထားတဲ့ စကား ကို ခု လာပြောရင်း နဲ့  နင့် ကို လာနုတ်ဆက်တာ...
ဟမ်.......နင် သင်တန်း သွားတော့မယ် ဟုတ်လား သီဟ........အေး အဲဒါကြောင့်  ဒီနေ့  ငါ နင့် ကို ဖွင့်ပြောလိုက်တာ............
ငါ နင့် ကို ချစ်တယ် ၀တ်ရည်.......နင် ရော ငါ့ကို ...........????........အဲဒီ အဖြေကို ငါ နင့် ကို မပေးနိုင်သေးဘူး သီဟ....
ဟမ်.....ဘာဖြစ်လို့ လဲ......နင့် နဲ့ ငါ သူငယ်ချင်း သံယောစဉ် ရှိတာ မှန်ပါတယ်....ဒါပေမယ့် ငါ နင့် ကို ချစ်လား မချစ်လား ဆို
တာ ငါ သေချာမသိသေးဘူး......အဲဒီတော့  နင့် ငါ ဆီက အဖြေ ကို ခုတော့ မရသေးဘူး......ငါ တနေ့  နင့် ကို အဲဒီ အဖြေပေးမယ်....
ဘယ်လို လဲ....သဘောတူလား...........အေးပါ နင့် ကို ငါ ယုံတယ်.....နင့် ဆီ က ရမယ့် အဖြေကို ငါ စောင့်နေမယ်နော်...........
လာ နင့် ကို ငါ အိမ်ပြန်လိုက်ပို့ မယ်.........မနက်ဖြန် နင့် ငါ့ ကို လိုက်ပို့ မယ် မှတ်လား....ဘူတာကို.......အေး လိုက်ပို့ မယ် သီဟ...
အေးအေး........ဒါဆို သွားကြအောင် နင့် အိမ်က စိတ်ပူနေမယ်.....အိုကေ သီဟ...............။


expr:id='"post-" + data:post.id'>



အန်တီ ၀တ်ရည် ရှိလား.....အေး ရှိတယ် သား......သမီး အခန်းထဲမှာ ၀င်သွားလိုက်လေ....
ဟုတ်ကဲ့ အန်တီ........သား ကို စိတ်ကောက်နေတယ်နဲ့ တူတယ် သမီးလေး က........
သား ၀င်ချော့်လိုက်အုန်း.....ဟုတ်ကဲ့........ဟုတ်ကဲ့......။
ဟဲ့.......ဘာဖြစ်နေတာလဲ အဲဒါက......သွား........ကောင်စုတ် ငါ့ ကို လာမထိနဲ့ ..............
ဟား.........ဟား............နင် က ရီရသားပဲ ၀တ်ရည်၇.........ဟဲ့ လာမနောက်နဲ့ နော်.........
ငါ စိတ်တိုနေတာ..........ဟာ မနောက်ပါဘူး...တကယ်ပြောတာ နင်တကယ် ရီရတယ်.........
ကလေးလေး လို ပဲ........အဲဒါကြောင့် ငါ က...........................ငါ ကဘာဖြစ်လဲ ဆက်ပြောလေ.......
ဘာမှ မဟုတ်ပါဘူး..........ခင်နေတာလို့ ပြောတာ.............နင် က ငါ့ကို ဘာလို့ စိတ်ကောက်နေတာလဲ........
လာမခေါ်နဲ့  နင် ငါ့ ဆီ ဘာလို့ ခု မှလာတာလဲ.......နင် ဘာတွေ လုပ်နေတာလဲ........ငါ ကိုလည်း ဘာမှ မပြော
ဘူးနော်.........အော် ငါ စစ်တကသိုလ် တက်ဖို့  သင်တန်းတွေ တက်နေတာဟ... အခုတောင် သင်တန်းမရှိလို့ 
နင် ဆီလာလည်တာ.........အော် တော်တော် ကောင်းတယ် ငါ့ ကို သတိရလို့ မ ဟုတ်ဘူးလား........ဟုတ်လား........
ဟာ နင် ကတော့ လုပ်ပြီ.........သတိရတာပေါ့ဟာ.........ငါ့ မှာ သတိရစရာ မိန်းကလေး ဆို လို့ နင်ပဲရှိတာလေ.......
အပို ကောင်စုတ် လျှောက်ပြောပြီ......ကဲ ပါ လာ ဒို့  အပြင်မှာ တစ်ခုခု သွားစားမယ်....အေး လိုက်မယ်......ခဏ အ၀တ်လဲ
လိုက်အုန်းမယ်......ဟာ လဲမနေ နဲ့ ကြာတယ်.....ခု သွားမယ် ဒီအတိုင်းပဲ......ဟွန်း ပြီးရော................
အိမ်ကို လာလည်အုန်း နင်လည်း........အေးပါ ငါ နင့် ကို စိတ်ကောက်နေလို့ မလာတာ.......မှတ်ပြီလား......
ဟားဟား........အေး မှတ်ပြီ........မေမေ က နင့် ကို သတိရနေတာဟ.......သူ ချွေးမ လေးရော မလာတာကြာပြီတဲ့......
ဟဲဟဲ.........ဟာ ကောင် စုတ် နင် နော်........စကားကို ကောင်းကောင်းကို မပြောဘူး...........ဘာလေးမှန်း မသိဘူး.......
မုန့် စားပြီးရင်တော့ ငါပြန်တော့ မယ် .....မေမေ စိတ်ပူနေမှာ စိုးလို့ လေ....ငါ့ ကို လိုက်မပို့ တော့ဘူးလား.........အော်...
နင်ကလည်း ငါက အဲဒီလို ပြစ်စလက်ခတ် နင့် ကို ပြန်လွတ်လိုက်ပါ့ မလား.........လိုက်ပို့ ပြီးမှ ပြန်မယ်........ဟုတ်ပြီလား....
ဟုတ်ပြီလား..............အေး...................အေး........ဟုတ်ပြီ...အဲဒါကြောင့် ချစ်တာ နင့် ကို............................
တကယ်လား ၀တ်ရည်.............ဟဲ့ .............ဘာဖြစ်တာလဲဟ..........အော် နင်ပဲ ချစ်တာဆို တကယ်လားလို့ ........
ဘာလဲ သူငယ်ချင်း လို ကို ပြောတာ...........ဟွန်း............နင် နော်............စိတ်ကောက်အောင် မလုပ်နဲ့ ...........။
ဝတ်၇ည် ရယ် ငါ့ ရင်ထဲမှာတော့ နင့် ကို..................................................................??????????..........



expr:id='"post-" + data:post.id'>



ဟဲ့ ...သီဟ....အေး ၀တ်ရည် ပြော....
ခု ဆယ်တန်းအောင်စာရင်းတွေ ထွက်တော့မယ်နော်.....နင် ဆယ်တန်းအောင် ရင် ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ......
ဟဲဟဲ.....ဘယ်ပြောပြလဲ.......သီဟနော် ပြောပြ......အေးပါဟ ငါ အခင်ဆုံးဆို လို့  နင် ပဲ၇ှိတာပြောပြမယ်......သေချာနားထောင်....
ဆယ်တန်းအောင် ပြီးရင် နင့် ကို လက်ထပ်မယ်...........ဟဲဟဲ.......ကောင်စုတ်..........နင်နော်.......ပြောရင် နောက်ဖို့ ပဲသိတယ်...........
စကားကို ကောင်းကောင်းပြောစမ်းပါ.....နောက်မနေနဲ့ .....ဒါနဲ့ နင် က ငါ ကို စိတ်ဝင်စားလို့ မေးနေတာလား....ဟဲဟဲ......ဟာ သီဟ
နင်နော်........လိုက်မစနဲ့ .....အေးပါ နင် သိချင်တယ်ဆို ငါပြောပြမယ်......ငါ ငယ်ငယ်ကတည်း က ဖြစ်ချင်တဲ့ ဝါသနာ တစ်ခုရှိတယ်..
အဲဒါက ဘာလဲဆိုတော့ ငါ တိုင်းပြည်တာဝန် ကို အသက်ပေးပြီး ထမ်းဆောင်နေတဲ့ တပ်မတော် အရာရှိ တစ်ယောက်ဖြစ်ချင်တယ်.....
ငါ ဆယ်တန်းအောင်ရင် စစ်တကသိုလ် တက်မယ်လို့ ဆုံးဖြတ်ထားတယ်.....ဘာ နင် စစ်ထဲဝင်မယ် ဟုတ်လား........အေးလေ........
ဘာဖြစ်လို့ လဲ.......နင် စစ်ထဲ ၀င်ရင် ငါ နဲ့ ဝေးသွားမှာပေါ့ ပြီးတော့ နင့်  မိသားစု ၊ နင် ခင်မင်တဲ့ သူငယ်ချင်း တွေ နဲ့ ခွဲ သွားရမှာ
လေ....နင် ခွဲနိုင်လို့ လား.......ပြီးတော့ ငါ့ ကို ရော နင် ခွဲနိုင်လို့ လား.......? ခွဲတော့ မခွဲနိုင်ဘူးပေါ့ ဟာ....ဒါပေမယ့် ခဏပဲလေ...
ငါ ခွင့်ရတိုင်း ပြန်လာမယ်လေ....၀တ်ရည် မျက်နှာလေး ညိုးငယ်သွားတာ ကိုတော့ ကျွန်တော် ရိပ်မိလိုက်တယ်.....အေးပေါ့ဟာ...
နင်လည်း နင်ရည်မှန်းချက် နဲ့ ဆိုတော့ ငါ မတားတော့ပါဘူး.....ဒါပေမယ့်  ငါ ကိုတော့ နင် အမြဲ သတိရနေပါနော် သီဟ.........
ဟာ နင်ကလည်း လုပ်ပြီ...ငါ က နင် ကို သတိမရလို့ ဘယ်သူ ကို သတိရရမှာလည်း......ငါ က နင့် ကို ချစ်နေတာလေ.....ဟဲဟဲ......
ကောင်စုတ်......နင် လာ မစနဲ့ နော်........ငါ ၀မ်းနည်းနေတာ ငို ပြစ်လိုက်မယ်......ဘာမှတ်နေလဲ......အေးပါဟာ ငိုတော့ ငိုနဲ့ ...
တော်ကြာ အန်တီ က ငါ့ ကို နင် ကို ငိုအောင် လုပ်တယ်ဆိုပြီး ဆူနေအုန်းမယ်........ဒါနဲ့ နင်ရော ဆယ်တန်းအောင် ရင် ဘာလုပ်မှာလဲ...
ငါလား တကသိုလ်တက်မယ်လေ...ပြီးရင် ကွန်ပျူတာ အယ်တီတာ သင်တန်း တက်မယ်.....ငါက အယ်တီတာ ကောင်းတစ်ယောက် အရမ်း
ဖြစ်ချင်တာ.....နင်လည်း ငါ နဲ့ တူတူ တကသိုလ် တက် ပြီးရင် အယ်တီတာ သင်တန်း တူတူတက်မယ်လေ....မကောင်းဘူးလား......
အဲဒါ........ဟာ ငါ က စစ်တကသိုလ် တက်ပါမယ် ဆိုမှ....အေးဟာ တော်ပြီ မပြောတော့ဘူး........ဟွန်း..........ကောင်စုတ်.........
ငါဆီနောက် ဘယ်တော့မှ မလာနဲ့ ......ဒါပဲ.......ငါ သွားပြီ.....ဟဲ့  ၀တ်ရည် စောင့်အုန်းလေ..........ဟဲ့ ...............ဟဲ့ ...........
ဟဲ့ ....................ဟဲ့ .........................ဟဲ့ ...............................ဟဲ့ ................................။

expr:id='"post-" + data:post.id'>

လူတိုင်း မှာ စိတ်ကူး ဆိုတာ ရှိကြတာပဲလေ...အနည်းနဲ့ အများပဲ ကွာတာပါ....
ကျွန်တော်လည်း စိတ်ကူးထားတာလေးတွေ ၇ှိတယ်....ကျွန်တော် ကောင်မလေး
နဲ့  မိုးတွေ ဖွဲဖွဲ ကြနေတဲ့ လမ်း ကို သူဘေးနား က ထီးလေး မိုးပြီး လမ်းလျှောက်
ချင်တယ်....အေးချမ်းတဲ့ လေပြေတွေ တိုက်ခတ်နေတဲ့  ကန်ရေပြင် နားမှာ ရှိတဲ့ 
ခုံလေးမှာ ချစ်သူ လေး ကို ဖတ်ပြီး ထိုင်နေချင်တယ်...သူ နဖူးလေး ကို ကြင်နာစွာ
နမ်းချင်တယ်...ချစ်သူ လေး နဲ့  ယုယ စွာပေးတဲ့ အနမ်းကို လိုချင်တယ်.......
ချစ်သူ ရဲ့ ခွန်းအားတွေ ပါတဲ့ လက်လေး ကို စုပ်ကိုင်ထားချင်တယ်............
အဲဒါတွေ က ကျွန်တော် ဖြစ်ချင်တဲ့ ချစ်သူ နဲ့ ပတ်သတ်တဲ့ စိတ်ကူးယှဉ်မှု့ လေး
တွေပါ.....တစ်ခါတစ်လေ ကျတော့ လည်း ကိုယ်ရဲ့ မသိစိတ် က ကိုယ့်ကို နားမလည်
ဘူး ဖြစ်နေတယ်....သီဟ နဲ့  မ က ခဏတာ တွေ့ ဖို့ အချိန်တွေ အကြာကြီး ခွဲနေရတဲ့ 
ချစ်သူ တွေ ပဲနော်.......တွေ့ ပြီးရင်လည်း ခဏ ထပ်ခွဲရအုန်းမယ်....ဒို့ တွေ က ဘာလို့ 
တစ်ယောက်နဲ့ တစ်ယောက် ခဏခဏ ခွဲနေရတာလဲဟင်.....တစ်ခါတစ်လေ အဲဒီမေးခွန်း ကို
စဉ်းစားကြည့်တယ်....ဒါပေမယ့် အဖြေမထွက်ဘူး......တစ်ခါတစ်လေ လည်း ရင်ထဲမှာ မွန်းကျပ်
လာလို့ သူငယ်ချင်းတွေ ကို ထုတ်ပြောပြဖြစ်တယ်....တစ်ခါတစ်လေတော့လည်း ကိုယ့်ပဲကိုယ်
အမှောင်တွေ ကနေတဲ့ အခန်းကျဉ်းထဲမှာ တစ်ယောက်တည်း ခံစားလိုက်တယ်.....သူငယ်ချင်း
တွေ ကို ပြောပြဖြစ်တာတော့ ရှားပါတယ်....တစ်ခါတစ်လေ ကိုယ် ကိုယ့်ကို နားလည်မလိုလို နဲ့ 
တကယ်တော့ နားမလည်ပါဘူး....သီဟ အသိစိတ် က မထွက်သွားမှာကို နားလည်ပေမယ့် နှလုံးသား
က တစ်ခါတစ်လေ နားမလည်ဘူးဖြစ်နေတယ်....ဒါပေမယ့်  မိဘ ဆိုတာ အစားထိုးလို့ မ၇တဲ့ အရာ
တစ်ခုပါ....မ သီဟ ကို ဘာမှ ရှင်းပြမနေနဲ့ ...ဘာမှလည်း ထည့် စဉ်းစားမနေနဲ့ .....ဖြစ်နိုင်ရင် သီဟ
ဆိုတာ ကို ခဏမေ့ ထားလိုက်ပါ.....မ ရင်ထဲ က ခဏဖြစ်ဖြစ် ထုတ်ထားလို့ ရရင် ထုတ်ထားလိုက်နော်..
မ သွားတဲ့ အခါ သီဟ ကို စကားလေး နှစ်လုံး ပဲ ပြောခဲ့ပေးပါ.......ဘာဖြစ်ဖြစ် လွမ်းတယ်........လွမ်းတယ်.....
မ ဆီက သီဟ ကတိတစ်ခုတော့ တောင်းပါရစေနော်....အပြင်မှာ မ သီဟ နား က ထွက်သွားရင် ထွက်သွားလိုက်
ပါ.....ဒါပေမယ့် သီဟ " အိမ်မက် " တွေ ထဲကတော့ မ ဘယ်တော့ မှ ထွက်မသွားပါဘူး ဆိုတဲ့ ကတိ ပေးခဲ့ပေးပါနော်.....


မ ရဲ့  မျှော်လင့်ချက်လေး......


expr:id='"post-" + data:post.id'>



ဘာကြောင့် ရယ်လို့  တိကျတဲ့ အကြောင်းပြချက် မရှိပေမယ့်..
မ ကိုတော့ သီဟ အမြဲသတိရမိတယ်....တစ်ခါတစ်လေ ရေးချင်တာတွေ
ပြောချင်တာတွေကို သာ ချရေးနေမိတာ....ခနာကိုယ် က အသက်မဲ့နေသလို
ပဲ....တွဲဖက်မိခဲ့တဲ့ သံယောစဉ်ခပ်ပါးပါးကို ဝေးကွာချိန်တွေ တိုက်စားပြီးေ၀၀ါး
သွားလိမ့်မယ်လို့ တွေးထင်ထားခဲ့မိတယ်........
ဒါပေမယ့်........မ အကြည့်တွေ.. မ အပြုံးတွေ...မ စကားလုံးတွေ..
အချိုသာဆုံးသော အရာတွေက နှလုံးသားမှာ စွဲကပ် ခုထိပဲ့ တင်ထပ်
နေတုန်းပဲ.....ကဗျာတွေ ကို သီဟ မခံစားတတ်ပေမယ့် မ အတွက်
သီဟ ရင်ထဲမှာ ကာရံတွေတော့ ရှိနေတယ်....သီချင်းတွေ မဆိုတတ်ပေ
မယ့် သံစဉ်တွေ တော့ မ အတွက် တီးခတ်နေတယ်....အတိတ်ဆိုတာ
တမ်းတ ပြန်မရနိုင်ပေမယ့်..." ဟိုတစ်ချိန်က " ဆို တဲ့ ခေါင်းစီးရဲ့ 
အောက်မှာ သီဟ ကတော့ လွမ်းမောစွာ အခါခါ လျှောက်ခဲ့ရသူပါ..
မ အကြောင်းလေး တွေ တွေးရင်.....ခံစားချက် စာ တွေေ၇းရင်း..
လွမ်းခြင်းတွေ ဖွင့် ဟဖို့ ....မ ဆီက စကားနှစ်ခွန်းပဲ လိုပါတယ်...
ဘာပဲဖြစ်ဖြစ်..............လွမ်းတယ်...သိပ်လွမ်းတယ်......

expr:id='"post-" + data:post.id'>



လူတစ်ယောက်
မှန်တစ်ချပ်
စိတ်ဓါတ်
ကိုယ်ကပြုံးရင် ၊ မှန်ထဲမှာလဲပြုံးနေတယ် ။
ကိုယ်ကပြုံးပြလို့  ၊ တစ်ခြားသူကလည်းပြန်ပြုံးပြနေတယ်လေ ။
ကိုယ်ကမဲ့ ပြရင် ၊ မှန်ထဲမှာလဲမဲ့ လို့ နေတယ် ။
ကိုယ်ကမဲ့ ပြရင် ၊ တစ်ခြားသူကလည်းမဲ့ ပြနေတယ်လေ ။
လူတစ်ယောက်
နှလုံးသား
ဥပေက္ခာ
ကိုယ်ကချစ်ခဲ့ ရင် ၊ သူ့ မေတ္တာကလည်းအရောင်လက်နေတယ် ။
ကိုယ်ကချစ်ခဲ့ လို့  ၊ သူကလည်းအသိအမှတ်ပြုပေးနေတယ် ။
ကိုယ်ကမုန်းခဲ့ ရင် ၊ သူကလည်းစိမ်းစိမ်းကားကားဖြစ်သွားတတ်ပါတယ်၊
ကိုယ်ကမုန်းခဲ့ လို့ ၊ သူရဲ့ ဥပေက္ခာကလဲရက်စက်စွာပေးပါလိမ့် မယ် ။
လူတစ်ယောက်
စေတနာ
တန်ဘိုး
လူတစ်ယောက်ရဲ့ စေတနာ ၊ ရင်ထဲကလာတာ
တန်ဘိုးအတိုင်းအတာတွက်ဆမရသလို..............
ပစ္စည်းတစ်ခုရဲ့ တန်ဘိုး ၊ သူ့  သတ်မှတ်တဲ့ အချိုးအတိုင်းရှိနေတတ်ပါတယ် ။
လူတစ်ယောက်ရဲ့ မေတ္တာတန်ဘိုးလည်း..........
တိုင်းတာမရသလို
တန်ဘိုးထားတတ်သူအတွက်တော့  .......................။ ။

အကို တစ်ယောက်ရဲ့  ဘလော့ ထဲကပါ...စာသားလေးတွေ အရမ်းတန်ဖိုးရှိလို့ ကူးယူ
ဖော်ပြခြင်းဖြစ်ပါသည်....

expr:id='"post-" + data:post.id'>

အရင်တုန်း က ကျွန်တော် တွေးတာ အိမ်အကြောင်းရယ်၊ဘ၀ အကြောင်းရယ်၊
ကျွန်တော် လုပ်ချင်တဲ့ ရည်မှန်းချက် နဲ့ ဆိုင်တဲ့ အလုပ်အကြောင်းတွေရယ်ပဲရှိခဲ့တာ...
ဒါပေမယ့် အခုတော့ ကျွန်တော် အတွေးတွေထဲကို အလင်းတန်း တစ်ခု ၀င်ရောက်လာ
တယ်....ကျွန်တော် အခု အဲဒီ အလင်း လေး အကြောင်း အမြဲ တွေးတတ်နေပြီ..အိပ်ယာ
ထတာ နဲ့  အဲဒီ အလင်း လေး အကြောင်း တွေးနေမိတယ်....ကျွန်တော် ကို စိုးမိုးနေပြီလား
မသိပါဘူး....ကျွန်တော် အလင်း လေး ကို တွေးရင် တစ်ခါတစ်လေ ပျော်သလို တစ်ခါတစ်
လေလည်း စိတ်ညစ်တယ်...ပျော်တာ တွေကတော့ အများကြီးပါ...စိတ်ညစ်တာတော့ တစ်ခုပဲ
ရှိတယ်...အဲဒီ အလင်းလေး ကျွန်တော် အတွေးထဲ က ထွက်သွားမှာကိုပါ..ညည ဆို အလင်း
အကြောင်းလေး တွေးရင်း အိပ်တတ်နေပြီ...ကျွန်တော် ဘ၀ အတွက် အရမ်းကို အထီးကျန်ဆန်တဲ့
ညတွေ ကို အဖော်ပြု ပေးနေတဲ့ အလင်းတန်းလေး တစ်ခုပါ.....အရင်က ဆို ညတွေ က အထီးကျန်သ
လို ပဲ.....အဲဒီ အလင်း အကြောင်းတွေးမိကတည်း က ကျွန်တော် ဘ၀ထဲက အထီးကျန်မှု့ တွေ ပျောက်
သွားတယ်......ကျွန်တော် ဘ၀ အတွက် လမ်းပြကြယ် တစ်ခုဆိုလည်း မမှားဘူးပေါ့နော်...သေချာတာ
ကတော့ အလင်း လေး ကျွန်တော် ရင်ထဲမှာ ရှိနေတယ်ဆိုတာပဲ...အခုဆို အလင်းလေး က အထီးကျန်
ညတွေကို အဖော်ပြု ပေးနေတဲ့ အဖော်မွန်ကောင်းလေးပါ...အဲဒီအတွက် လည်း အလင်းလေး ကို ကျေး
ဇူးတင်မိနေတယ်.......တောင်းဆု တစ်ခု သာ တောင်းခွင့် ရှိမယ်ဆိုရင် ကျွန်တော့် အတွေး ထဲ က အဲဒီ
အလင်း လေးနဲ့  မျှော်လင့်ချက် ဆိုတဲ့ လမ်းမ တစ်ခု ပေါ်မှာ ဆုံဆည်းပါရစေ........
စိတ်ကူး နဲ့ ရေးထားတာပါ.....ကျွန်တော် စိတ်ကူးထဲမှာ ရှိတဲ့ ကောင်မလေး တစ်ယောက် အတွက်ပါ...
အလင်း=ချစ်သူ .......... မျှော်လင့်ချက်လမ်းမ= ကျွန်တော်........


expr:id='"post-" + data:post.id'>

တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၉ ရက်တော့ မဟုတ်ဘူး..........:PP.....
အဖြစ်အပျက် ဒီလို........နိုဝင်ဘာလ ၂၄ ရက် နေ့ ပါ...... ကျွန်တော် မ နက် အိပ်
ရာထတော့ ကျွန်တော် ကောင်မလေး နဲ့ တွေ့ ဖို့  ကွန်ပျူတာ စဖွင့်လိုက်တယ်.......
ဒါပေမယ် နက် က မရဘူးလေ....ပိုက်ဆံကုန်နေလို့ တဲ့.....အဟင့်အဟင့်.....
အဲဒါနဲ့ ကျောင်းသွားမှပဲ ပိုက်ဆံ သွင်းတော့ မယ်ဆို ပြီး ကျွန်တော် ကျောင်းကို
သွားလိုက်တယ်..ပြန်လာတော့ ကျွန်တော် ချစ်သူ ကပြောပြတယ်..........
တိုက်ဆိုင်တယ်တဲ့........သူလည်း မနေ့ က ဖုန်း ဆက်ဖို့ လုပ်တော့ ဖုန်းထဲ
မှာ ပိုက်ဆံ မရှိလို့  လိုင်း ပိတ်ခံရတယ်တဲ့......ဟီဟီ.......ပိုက်ဆံကုန်တာ
တောင် အဲဒီလို တူနေတာပေါ့နော်.......ဆိုလိုတာကတော့ ဖူးစာပေါ့......
ရည်ရွယ်တာကတော့ ချစ်သူ နှစ်ယောက်ကိုပါ.......တွေ့ ဆုံပေးမှာကတော့
ကံကြမာပေါ့နော်........ကျွန်တော် နဲ့  ချစ်သူလေး နဲ့ က တိုက်ဆိုင်မှု့ တွေ များ
တယ်....တိုက်ဆိုင်တိုင်းသာ တစ်ခါ တွေ့ နိုင်မယ်ဆိုရင် ဘာပြောကောင်းမလဲ..
ဟီဟီ.....အရမ်းပျော်မိမှာ.....ဒါပေမယ့် အဲဒါ က ကျွန်တော် ဖြစ်ချင်တဲ့ စိတ်ကူး
ယဉ်အိမ်မက်လေးတစ်ခုပါ........တကယ်တမ်းတော့ ကျွန်တော် နဲ့ သူ ကို ကံကြမာ
က ခဏ ဝေးခိုင်းထားတယ်.....တကယ် ချစ်လာတော့လည်း ချစ်သူ နှစ်ယောက်
ဝေးနေတဲ့ ဒုတ်ခ က မသေးမှန်း သိလာတယ်......ကျွန်တော်တို့ လို ဝေးနေတဲ့ ချစ်သူ
တွေ ရဲ့ ခံစားမှု့ တွေကို နားလည်လာတယ်.......ဒီလိုပါပဲ.....ကိုယ်ဖြစ်ချင်သလို ဖြစ်လာ
ရင် ဘ၀ လို့ ဘယ်ခေါ်တော့ မှာလဲ.........အဲဒီတော့ ဖြစ်ချင်တာတွေ ခဏထား ဖြစ်သင့်
တာတွေ ကို အရင်ဆုံး ဦးစားပေးရင် နဲ့  ဒို့ နှစ်ယောက် ဆက်ဝေးနေအုန်းမယ်.....:waa....:(...


expr:id='"post-" + data:post.id'>




ကျွန်တော် ဒီဘလော့လေးေ၇းဖြစ်တာ ဘလော့ လုပ်တဲ့ နည်းလေး သိချင်လို့ ရယ်..
နောက်တစ်ခု က ကျွန်တော် ကောင်မလေး ကို ပျော်စေချင်လို့ ပါ.....ခု လာမယ့် မွေး
နေ့ လေးမှာ ကျွန်တော် သူ အတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာလေးတွေကို ဖတ်
ပြီးတော့ သူ မွေးနေ့ မှာ ပျော်စေချင်တယ်....ကျွန်တော် နဲ့ သူ က ဝေးနေတော့
သူများ ချစ်သူတွေလို သူနားမှာ ကျွန်တော် ပျော်ရွင်မူ့ တွေ မပေးနိုင်ဘူးလေ....
ခု လာမယ့် မွေး နေ့ ကျရင်လည်း ကျွန်တော် သူနဲ့ အတူ မွေးနေ့ လေးကို ဆင်နွဲ
ပေးနိုင်မှာ မဟုတ်ဘူး....ဒါပေမယ့် ကျွန်တော် မရှိလဲ တတ်နိုင်သလောက် သူ မွေးနေ့ 
လေးမှာ ပျော်ရွင်စေချင်တယ်...ဘလော့ ရေးနေတယ်ဆိုတာလည်း အားလို့ တော့ မဟုတ်
ပါဘူး...အခု ဆို ကျွန်တော် က နောက်ဆုံးနှစ် တက်နေတာ ဆိုတော့ မအားဘူးလေ...စာ
တွေက တစ်ဖက် ကျောင်းတက်ရတာ ကတစ်ဖက်နဲ့  မအားပါဘူး.....မအားတဲ့ ကြားထဲက
ကျွန်တော် သူ့ မွေ့ နေးလေး မှာ ပျော်စေချင်တဲ့ အတွက် လုပ်နေတာပါ....ဘာပဲဖြစ်ဖြစ် သူ
ဒီဘလော့ လေးကြောင့်  အရမ်းပျော်သွားတယ်ဆိုရင် ကို ကျွန်တော် ကျေနပ်ပါတယ်.......
အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုရင် ကျွန်တော်လည်း သူ့ အတွက် ပေးဆပ်တာပါ....ဒီနှစ်ကျ
ရောက်လာမယ့် ကျွန်တော့် ချစ်သူလေး မွေးနေ့ မှာ လက်ဆောင် ဘလော့ လေး တစ်ခုအ
ဖြစ် ကျွန်တော် ပေးဖို့ ၇ည်ရွယ်ထားပါတယ်....ပြီးတော့ ဒီနှစ် ကျွန်တော် ကောင်မလေးကို
ထူးထူးဆန်းဆန်းလေး ဖြစ်စေချင်တာလေးလည်း ပါတာပေါ့နော်....ဒီလိုလက်ဆောင်
ကျွန်တော် ပေးမယ်လို့ သူ ထင်မှာ မဟုတ်ဘူးလေ....လက်ဆောင် တွေ အများကြီး ၀ယ်
ပေးလို့ ၇တယ်ဆိုပေမယ့် အဲဒါ က ပိုက်ဆံပေးလိုက်ရင် ပြီးသွားပြီလေ...ကိုယ် တိုင် အပင်
ပန်းခံပြီး လုပ်ထားတဲ့ လက်ဆောင်မျိုးမှ မဟုတ်တာ....ဒီနှစ်တော့ ကိုယ် တိုင် အပင်ပန်းခံ
ထားတဲ့ လက်ဆောင်လေး ပေးချင်နေတာနဲ့ ခံစားချက် တွေ ဖြစ်ပေါ်တိုင်းေ၇းထားတဲ့
အချစ် သ၀င်လွှာ ဘလော့ လေး တစ်ခု ရေးလိုက်တာပါ.....ကျွန်တော် ပေးတဲ့ လက်ဆောင်
ဘလော့ လေး နဲ့  ကျရောက်လာတဲ့ ချစ်သူလေး မွေးနေ့ မှာ ပျော်ရွင်ပါစေလို့ ရည်ရွယ်၇င်း.........။

expr:id='"post-" + data:post.id'>



ဘလော့ အကြောင်းပြီးတော့ ကျွန်တော် အကြောင်းပေါ့နော်......ဟဲဟဲ....
ပြောစရာတွေ တော့ အများကြီး၇ှိတာပေါ့...ဒါပေမယ့် အရမ်းတော့ ပြောပြဖို့ မလို ဘူးလေ...
ဘာလို့ လည်း ဆိုတော့ ခု ဖတ်နေတဲ့ သူ က အတွင်းသိ အဆင်းသိဆိုတော့......ဟီဟီ.......
ငယ်ငယ် က ဂေါ်လီ ရိုက်တဲ့ အကြောင်းတွေ ထည့် မပြောတော့ဘူးနော်....တော်ကြာ ငယ်ကျိုးငယ်
နာတွေ ပေါ်ကုန်မှား စိုးရို့ ........ဟဲဟဲ........
ကျွန်တော် က ဆင်းရဲတဲ့ မိသားစု က ကြီးပြင်းလာခဲ့တဲ့ ကောင်လေး တစ်ယောက်ပါ....
ကိုယ်ကိုယ့် ကို တော့ ဒီလို ထင်တယ်.....လူတော် တစ်ယောက်မဟုတ်သလို လူညံ့ တစ်ယောက်
လည်း မဟုတ်ပါဘူး.....လူကောင်း တစ်ယောက် မဟုတ်သလို လူဆိုးတစ်ယောက်လည်း မဟုတ်
ပါဘူး.......အရာရာကို စူးစမ်းချင်တဲ့ စိတ်ရှိတယ်........စဉ်းစားတွေးခေါ်တတ်တယ်.....
ကိုယ်ချင်းစာတတ်တယ်.....သနားတတ်တယ်.....ကူညီတတ်တယ်..........
ကျန်တာတွေ မပြောတော့ဘူး......တော်ကြာ ချက်ချင်း လက်ထပ်ချင်တယ် ဖြစ်နေအုန်းမယ်....:PP......


expr:id='"post-" + data:post.id'>


ဒီဘလော့ လေး လုပ်မိတာ က အကြောင်းအရင်းတော့ ရှိတာပေါ့နော်...
ဘလော့ တွေ က အများကြီးရှိတယ်....ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို
ရေးကြတာပေါ့....ကျွန်တော်လည်း ဘလော့ လေးတစ်ခုလောက် ရေးရင်
ကောင်းမလားလို့ စဉ်းစားနေတုန်း ရေးချင်စိတ်ပေါ်လာအောင် အရာတစ်ခု
က အကောင်အထည်ဖော်ပေးခဲ့တယ်.....စ ရေးတာ ဆိုတော့ သိပ်တော့ အ
ကောင်းကြီး မဟုတ်ဘူးပေါ့....ကျွန်တော် ကလည်း ပြီးပြည့် စုံတဲ့ ဘလော့
သမားတစ်ယောက်မှ မဟုတ်တာ....အဲဒီအတွက် ကိုယ် သိသလောက်လေးနဲ့ 
ပဲရေးဖြစ်သွားတာ...ကျွန်တော် ရေးတာက ကောင်မလေး တစ်ယောက်အတွက်
ပါ.....အဲဒီကောင်မလေး က ရေးချင်စိတ်ဖြစ်အောင် တွန်းအားပေးခဲ့တယ်ဆို
လည်း မမှားပါဘူး....ကျွန်တော် ဘလော့ ရေးဖြစ်တဲ့ အကြောင်းလေး ကို
စိတ်ဝင်တစား ဖတ်တဲ့ သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်....
လေတွေ မရှည်တော့ဘူး.....ပျင်းနေမှာ စိုးလို့ ......:PP.....