expr:id='"post-" + data:post.id'>

လူတိုင်း မှာ စိတ်ကူး ဆိုတာ ရှိကြတာပဲလေ...အနည်းနဲ့ အများပဲ ကွာတာပါ....
ကျွန်တော်လည်း စိတ်ကူးထားတာလေးတွေ ၇ှိတယ်....ကျွန်တော် ကောင်မလေး
နဲ့  မိုးတွေ ဖွဲဖွဲ ကြနေတဲ့ လမ်း ကို သူဘေးနား က ထီးလေး မိုးပြီး လမ်းလျှောက်
ချင်တယ်....အေးချမ်းတဲ့ လေပြေတွေ တိုက်ခတ်နေတဲ့  ကန်ရေပြင် နားမှာ ရှိတဲ့ 
ခုံလေးမှာ ချစ်သူ လေး ကို ဖတ်ပြီး ထိုင်နေချင်တယ်...သူ နဖူးလေး ကို ကြင်နာစွာ
နမ်းချင်တယ်...ချစ်သူ လေး နဲ့  ယုယ စွာပေးတဲ့ အနမ်းကို လိုချင်တယ်.......
ချစ်သူ ရဲ့ ခွန်းအားတွေ ပါတဲ့ လက်လေး ကို စုပ်ကိုင်ထားချင်တယ်............
အဲဒါတွေ က ကျွန်တော် ဖြစ်ချင်တဲ့ ချစ်သူ နဲ့ ပတ်သတ်တဲ့ စိတ်ကူးယှဉ်မှု့ လေး
တွေပါ.....တစ်ခါတစ်လေ ကျတော့ လည်း ကိုယ်ရဲ့ မသိစိတ် က ကိုယ့်ကို နားမလည်
ဘူး ဖြစ်နေတယ်....သီဟ နဲ့  မ က ခဏတာ တွေ့ ဖို့ အချိန်တွေ အကြာကြီး ခွဲနေရတဲ့ 
ချစ်သူ တွေ ပဲနော်.......တွေ့ ပြီးရင်လည်း ခဏ ထပ်ခွဲရအုန်းမယ်....ဒို့ တွေ က ဘာလို့ 
တစ်ယောက်နဲ့ တစ်ယောက် ခဏခဏ ခွဲနေရတာလဲဟင်.....တစ်ခါတစ်လေ အဲဒီမေးခွန်း ကို
စဉ်းစားကြည့်တယ်....ဒါပေမယ့် အဖြေမထွက်ဘူး......တစ်ခါတစ်လေ လည်း ရင်ထဲမှာ မွန်းကျပ်
လာလို့ သူငယ်ချင်းတွေ ကို ထုတ်ပြောပြဖြစ်တယ်....တစ်ခါတစ်လေတော့လည်း ကိုယ့်ပဲကိုယ်
အမှောင်တွေ ကနေတဲ့ အခန်းကျဉ်းထဲမှာ တစ်ယောက်တည်း ခံစားလိုက်တယ်.....သူငယ်ချင်း
တွေ ကို ပြောပြဖြစ်တာတော့ ရှားပါတယ်....တစ်ခါတစ်လေ ကိုယ် ကိုယ့်ကို နားလည်မလိုလို နဲ့ 
တကယ်တော့ နားမလည်ပါဘူး....သီဟ အသိစိတ် က မထွက်သွားမှာကို နားလည်ပေမယ့် နှလုံးသား
က တစ်ခါတစ်လေ နားမလည်ဘူးဖြစ်နေတယ်....ဒါပေမယ့်  မိဘ ဆိုတာ အစားထိုးလို့ မ၇တဲ့ အရာ
တစ်ခုပါ....မ သီဟ ကို ဘာမှ ရှင်းပြမနေနဲ့ ...ဘာမှလည်း ထည့် စဉ်းစားမနေနဲ့ .....ဖြစ်နိုင်ရင် သီဟ
ဆိုတာ ကို ခဏမေ့ ထားလိုက်ပါ.....မ ရင်ထဲ က ခဏဖြစ်ဖြစ် ထုတ်ထားလို့ ရရင် ထုတ်ထားလိုက်နော်..
မ သွားတဲ့ အခါ သီဟ ကို စကားလေး နှစ်လုံး ပဲ ပြောခဲ့ပေးပါ.......ဘာဖြစ်ဖြစ် လွမ်းတယ်........လွမ်းတယ်.....
မ ဆီက သီဟ ကတိတစ်ခုတော့ တောင်းပါရစေနော်....အပြင်မှာ မ သီဟ နား က ထွက်သွားရင် ထွက်သွားလိုက်
ပါ.....ဒါပေမယ့် သီဟ " အိမ်မက် " တွေ ထဲကတော့ မ ဘယ်တော့ မှ ထွက်မသွားပါဘူး ဆိုတဲ့ ကတိ ပေးခဲ့ပေးပါနော်.....


မ ရဲ့  မျှော်လင့်ချက်လေး......


Post a Comment