expr:id='"post-" + data:post.id'>



လူတစ်ယောက်
မှန်တစ်ချပ်
စိတ်ဓါတ်
ကိုယ်ကပြုံးရင် ၊ မှန်ထဲမှာလဲပြုံးနေတယ် ။
ကိုယ်ကပြုံးပြလို့  ၊ တစ်ခြားသူကလည်းပြန်ပြုံးပြနေတယ်လေ ။
ကိုယ်ကမဲ့ ပြရင် ၊ မှန်ထဲမှာလဲမဲ့ လို့ နေတယ် ။
ကိုယ်ကမဲ့ ပြရင် ၊ တစ်ခြားသူကလည်းမဲ့ ပြနေတယ်လေ ။
လူတစ်ယောက်
နှလုံးသား
ဥပေက္ခာ
ကိုယ်ကချစ်ခဲ့ ရင် ၊ သူ့ မေတ္တာကလည်းအရောင်လက်နေတယ် ။
ကိုယ်ကချစ်ခဲ့ လို့  ၊ သူကလည်းအသိအမှတ်ပြုပေးနေတယ် ။
ကိုယ်ကမုန်းခဲ့ ရင် ၊ သူကလည်းစိမ်းစိမ်းကားကားဖြစ်သွားတတ်ပါတယ်၊
ကိုယ်ကမုန်းခဲ့ လို့ ၊ သူရဲ့ ဥပေက္ခာကလဲရက်စက်စွာပေးပါလိမ့် မယ် ။
လူတစ်ယောက်
စေတနာ
တန်ဘိုး
လူတစ်ယောက်ရဲ့ စေတနာ ၊ ရင်ထဲကလာတာ
တန်ဘိုးအတိုင်းအတာတွက်ဆမရသလို..............
ပစ္စည်းတစ်ခုရဲ့ တန်ဘိုး ၊ သူ့  သတ်မှတ်တဲ့ အချိုးအတိုင်းရှိနေတတ်ပါတယ် ။
လူတစ်ယောက်ရဲ့ မေတ္တာတန်ဘိုးလည်း..........
တိုင်းတာမရသလို
တန်ဘိုးထားတတ်သူအတွက်တော့  .......................။ ။

အကို တစ်ယောက်ရဲ့  ဘလော့ ထဲကပါ...စာသားလေးတွေ အရမ်းတန်ဖိုးရှိလို့ ကူးယူ
ဖော်ပြခြင်းဖြစ်ပါသည်....

Post a Comment