expr:id='"post-" + data:post.id'>



ဘာကြောင့် ရယ်လို့  တိကျတဲ့ အကြောင်းပြချက် မရှိပေမယ့်..
မ ကိုတော့ သီဟ အမြဲသတိရမိတယ်....တစ်ခါတစ်လေ ရေးချင်တာတွေ
ပြောချင်တာတွေကို သာ ချရေးနေမိတာ....ခနာကိုယ် က အသက်မဲ့နေသလို
ပဲ....တွဲဖက်မိခဲ့တဲ့ သံယောစဉ်ခပ်ပါးပါးကို ဝေးကွာချိန်တွေ တိုက်စားပြီးေ၀၀ါး
သွားလိမ့်မယ်လို့ တွေးထင်ထားခဲ့မိတယ်........
ဒါပေမယ့်........မ အကြည့်တွေ.. မ အပြုံးတွေ...မ စကားလုံးတွေ..
အချိုသာဆုံးသော အရာတွေက နှလုံးသားမှာ စွဲကပ် ခုထိပဲ့ တင်ထပ်
နေတုန်းပဲ.....ကဗျာတွေ ကို သီဟ မခံစားတတ်ပေမယ့် မ အတွက်
သီဟ ရင်ထဲမှာ ကာရံတွေတော့ ရှိနေတယ်....သီချင်းတွေ မဆိုတတ်ပေ
မယ့် သံစဉ်တွေ တော့ မ အတွက် တီးခတ်နေတယ်....အတိတ်ဆိုတာ
တမ်းတ ပြန်မရနိုင်ပေမယ့်..." ဟိုတစ်ချိန်က " ဆို တဲ့ ခေါင်းစီးရဲ့ 
အောက်မှာ သီဟ ကတော့ လွမ်းမောစွာ အခါခါ လျှောက်ခဲ့ရသူပါ..
မ အကြောင်းလေး တွေ တွေးရင်.....ခံစားချက် စာ တွေေ၇းရင်း..
လွမ်းခြင်းတွေ ဖွင့် ဟဖို့ ....မ ဆီက စကားနှစ်ခွန်းပဲ လိုပါတယ်...
ဘာပဲဖြစ်ဖြစ်..............လွမ်းတယ်...သိပ်လွမ်းတယ်......

Post a Comment