expr:id='"post-" + data:post.id'>



ဟဲ့ ...သီဟ....အေး ၀တ်ရည် ပြော....
ခု ဆယ်တန်းအောင်စာရင်းတွေ ထွက်တော့မယ်နော်.....နင် ဆယ်တန်းအောင် ရင် ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ......
ဟဲဟဲ.....ဘယ်ပြောပြလဲ.......သီဟနော် ပြောပြ......အေးပါဟ ငါ အခင်ဆုံးဆို လို့  နင် ပဲ၇ှိတာပြောပြမယ်......သေချာနားထောင်....
ဆယ်တန်းအောင် ပြီးရင် နင့် ကို လက်ထပ်မယ်...........ဟဲဟဲ.......ကောင်စုတ်..........နင်နော်.......ပြောရင် နောက်ဖို့ ပဲသိတယ်...........
စကားကို ကောင်းကောင်းပြောစမ်းပါ.....နောက်မနေနဲ့ .....ဒါနဲ့ နင် က ငါ ကို စိတ်ဝင်စားလို့ မေးနေတာလား....ဟဲဟဲ......ဟာ သီဟ
နင်နော်........လိုက်မစနဲ့ .....အေးပါ နင် သိချင်တယ်ဆို ငါပြောပြမယ်......ငါ ငယ်ငယ်ကတည်း က ဖြစ်ချင်တဲ့ ဝါသနာ တစ်ခုရှိတယ်..
အဲဒါက ဘာလဲဆိုတော့ ငါ တိုင်းပြည်တာဝန် ကို အသက်ပေးပြီး ထမ်းဆောင်နေတဲ့ တပ်မတော် အရာရှိ တစ်ယောက်ဖြစ်ချင်တယ်.....
ငါ ဆယ်တန်းအောင်ရင် စစ်တကသိုလ် တက်မယ်လို့ ဆုံးဖြတ်ထားတယ်.....ဘာ နင် စစ်ထဲဝင်မယ် ဟုတ်လား........အေးလေ........
ဘာဖြစ်လို့ လဲ.......နင် စစ်ထဲ ၀င်ရင် ငါ နဲ့ ဝေးသွားမှာပေါ့ ပြီးတော့ နင့်  မိသားစု ၊ နင် ခင်မင်တဲ့ သူငယ်ချင်း တွေ နဲ့ ခွဲ သွားရမှာ
လေ....နင် ခွဲနိုင်လို့ လား.......ပြီးတော့ ငါ့ ကို ရော နင် ခွဲနိုင်လို့ လား.......? ခွဲတော့ မခွဲနိုင်ဘူးပေါ့ ဟာ....ဒါပေမယ့် ခဏပဲလေ...
ငါ ခွင့်ရတိုင်း ပြန်လာမယ်လေ....၀တ်ရည် မျက်နှာလေး ညိုးငယ်သွားတာ ကိုတော့ ကျွန်တော် ရိပ်မိလိုက်တယ်.....အေးပေါ့ဟာ...
နင်လည်း နင်ရည်မှန်းချက် နဲ့ ဆိုတော့ ငါ မတားတော့ပါဘူး.....ဒါပေမယ့်  ငါ ကိုတော့ နင် အမြဲ သတိရနေပါနော် သီဟ.........
ဟာ နင်ကလည်း လုပ်ပြီ...ငါ က နင် ကို သတိမရလို့ ဘယ်သူ ကို သတိရရမှာလည်း......ငါ က နင့် ကို ချစ်နေတာလေ.....ဟဲဟဲ......
ကောင်စုတ်......နင် လာ မစနဲ့ နော်........ငါ ၀မ်းနည်းနေတာ ငို ပြစ်လိုက်မယ်......ဘာမှတ်နေလဲ......အေးပါဟာ ငိုတော့ ငိုနဲ့ ...
တော်ကြာ အန်တီ က ငါ့ ကို နင် ကို ငိုအောင် လုပ်တယ်ဆိုပြီး ဆူနေအုန်းမယ်........ဒါနဲ့ နင်ရော ဆယ်တန်းအောင် ရင် ဘာလုပ်မှာလဲ...
ငါလား တကသိုလ်တက်မယ်လေ...ပြီးရင် ကွန်ပျူတာ အယ်တီတာ သင်တန်း တက်မယ်.....ငါက အယ်တီတာ ကောင်းတစ်ယောက် အရမ်း
ဖြစ်ချင်တာ.....နင်လည်း ငါ နဲ့ တူတူ တကသိုလ် တက် ပြီးရင် အယ်တီတာ သင်တန်း တူတူတက်မယ်လေ....မကောင်းဘူးလား......
အဲဒါ........ဟာ ငါ က စစ်တကသိုလ် တက်ပါမယ် ဆိုမှ....အေးဟာ တော်ပြီ မပြောတော့ဘူး........ဟွန်း..........ကောင်စုတ်.........
ငါဆီနောက် ဘယ်တော့မှ မလာနဲ့ ......ဒါပဲ.......ငါ သွားပြီ.....ဟဲ့  ၀တ်ရည် စောင့်အုန်းလေ..........ဟဲ့ ...............ဟဲ့ ...........
ဟဲ့ ....................ဟဲ့ .........................ဟဲ့ ...............................ဟဲ့ ................................။

Post a Comment