expr:id='"post-" + data:post.id'>


တစ်ခါတစ်လေ လည်း စဉ်းစားမိတယ်……..အလွမ်းတွေ ကို ပျော်ရွင်မှု့ တွေ နဲ့ များ ဖုံးနေသလားလို့ လေ……တစ်ခါတစ်လေ လွမ်းရတာလည်း မလွယ်ဘူးပဲ….
ကျနေတဲ့ စိတ်ဓာတ်တွေကို ရသလောက် ကောက်ထည့်ပြီး အလွမ်း တွေကို ခေါင်းအုံး
အတွေးတွေကို စောင်ခြုံ အိပ်ခဲ့ရတဲ့ ညတွေ လည်း မနည်းတော့ဘူး…………..။။
ဘာကြောင့် ဒို့ က တစ်ယောက်တစ်လှည့် အဝေးကို ထွက်သွားကြတာလဲဟင်…..
အဲဒီမေးခွန်းရဲ့ အဖြေကို စဉ်းစားလို့ မရဘူး……ဒို့ နှစ်ယောက်က ပဲ ကံမကောင်းတာလား…
ကံကပဲ ဒို့ နှစ်ယောက်အပေါ် မကောင်းတာလားဟင်…….ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာတစ်ခု
တော့ ရှိတယ်………မနက်ဖြန်ဆိုတာ ရှိနေသေးသမျှ ကိုယ့် အိမ်မက် ကို တော့ ကိုယ်ဖက်
တွယ်ထားမယ်……ကိုယ့် ကိုယ်ကို ပျော်ပျော်နေတတ်တဲ့ စိတ်ရှိတယ် ဆိုတာ သိခဲ့ပေမယ့်
ဝမ်းနည်းတော့ လွယ်သားပဲ……..အရမ်းကြောက်နေတယ်……….မ နဲ့ ခွဲရမှာကိုလေ……..
ခဏလည်း မခွဲချင်ဘူး……အကြာကြီးလည်း မခွဲချင်ဘူး…..ဘယ်လိုမှန်းမသိပါဘူး………
တစ်ခါတစ်လေ နားမလည်တတ်တဲ့ ကိုယ့် နှလုံးသား ကိုတောင် မုန်းချင်လာတယ်…………
တွေ့ ဆုံပြီးရင် ဘာလို့ ခွဲခွာရတာလဲ……အဲဒီ နိယာမ တွေကို သိပေမယ့် တစ်ခါတစ်လေ
လည်း မုန်းတယ်………..။။။
ဒို့ ကံကြမာ ကို အကောင်းဆုံး ဖြစ်အောင် ဒို့ တွေ ပဲ ကိုယ်တိုင် ဖန်တီးကြမယ်…………….
ဘ၀ မှာ တစ်ကြိမ်တော့ လူတစ်ယောက် ကို အရမ်းချစ်တတ်ကြတာပဲလေ……ကိုယ်လည်း
အခု အရမ်းချစ်ရမယ့် သူတစ်ယောက်ကို အရမ်းချစ်ခဲ့လိုက်ပြီ….အဲဒီအတွက်တော့ ကျေနပ်
တယ် ကိုယ့်ကိုယ့်ကိုပေါ့……လူတွေအားလုံးက မျှော်လင့်ချက်တွေ နဲ့ အသက်ရှင်နေကြတာ
ပဲလေ…….သီဟ လည်း အဲဒီ မျှော်လင့်ချက် ဆိုတာ တွေကို ဖက်တွယ်ထားရင်းနဲ့  အသက်
ရှင်နေမယ်…………..။။


Post a Comment