expr:id='"post-" + data:post.id'>



ရုရှား ကို ရောက်တာ ၂ နှစ်တောင် ၇ှိသွားပြီ….အမှတ်ရစရာလေးတွေတော့ အများကြီးပဲ……..
ဒါပေမယ့် အားလုံးတော့ မမှတ်မိတော့ဘူး………..မှတ်မိတာလေးတစ်ခုတော့ ၇ှိတယ်…………
ကျွန်တော် တို့ ဒီမလာခင် ပြင်ဦးလွင်မှာ ဘာသာစကား ၆ လ သင်ရတယ်….၆ လဆိုတော့
လည်း သိတဲ့ အတိုင်းပဲလေ……..ထမင်းစားရေသောက်လောက်ပဲ သိခဲ့ရတယ်……..
ဆရာနဲ့ နှစ်ယောက်တည်း ပြောဖို့ ကျတော့လည်း ကိုယ်မှ သိပ်မပြောတတ်တာ…….အဲဒီတော့
အဆင်မပြေတာလေးတွေတော့ ၇ှိတာပေါ့နော်………သီချင်းတောင် ရှိပါသေးတယ်……..
စိုင်းစိုင်းမောစ့် ဆိုထားတာလေ………..အဆင်မပြေတာလေးတွေတော့ ပြောပြချင်တယ်အချစ်ဆုံး
ရယ်…..ခုလည်း ပြောပြချင်တယ် အဆင်မပြေတာလေးတွေကို……ဒါပေမယ့် ဒူ ကို သွားပြော
ရမှန်းကို မသိတာ……..ဟဲဟဲ……..အဲဒါနဲ့ ရင်ထဲမှာ စီထားတဲ့ စာလေးတွေကို
ချရေးလိုက်မိတယ်ဆိုပါတော့…….။
ဒီမှာ ၂ နှစ်လောက် ၇ှိသွားပြီဆိုတော့ နည်းနည်းတော့ ပြောတတ်လာတယ်……မိတ်ဖြစ်ဆွေဖြစ်
လောက်တော့ ပြောလို့ ရနေပြီပေါ့နော်…..ရုရှား သဒါ ကလည်း လွယ်မလိုလို နဲ့ ရူတ်တယ်……..
စဉ်းစားသာကြည့်တော့…..သွားတာ ကို ခုသွားတာ ခဏနေ သွားမှာ အပြီးသွားတော့မှာ ခဏ၀င်သွားတာ
ပြန်ဝင်လာအုန်းမှာ ယာဉ်နဲ့ ဝင်သွားတာ ယာဉ်မပါပဲဝင်သွားတာ……….အဲဒီသွားတာ တစ်ခုထဲကိုပဲ
အများကြီးရှိတယ်……..စဉ်းစားသာကြည့်တော့ ဘယ်လောက်ရူတ်နေလဲဆိုတာကို…………..
စာမေးပွဲမှာ အဲဒါတွေ မေးရင် ခေါင်း ကမီးတောက်လာတယ်……တစ်ခါမှ အဲဒီလောက်စဉ်းစားပြီး
ဖြေရတဲ့ စာမေးပွဲ ဆိုတာ မဖြေခဲ့ဖူးဘူး……အဲဒါကြောင့်လည်း ပါမှာပေါ့……..ဟဲဟဲ…………….။
တစ်ခါတစ်လေလည်း စိတ်လေတယ်……..ဒါပေမယ့် ဘာရမလဲ ကိုယ်ထင်ရာ နဲ့ ကိုယ်သွားလိုက်တယ်…..
လုံးဝ မရတော့တဲ့ အဆုံးကို…….အဓိက ကရောက်ဖို့ ပဲလေ……..ဟုတ်တယ်မှတ်လား…………..ဟဲဟဲ….။
ဒါပေမယ့် မြန်မာ ကျောင်းသားတွေ ကို ရုရှားက ဆရာ ဆရာမ တွေ က ချစ်ကြတယ် နိုင်ငံခြားကျောင်းသား
တွေ နဲ့ ယှဉ်လာရင်ပေါ့………ဘာလို့ လဲဆိုတော့ မြန်မာ ကျောင်းသားတွေက ယဉ်ကျေးမှု့ ဆိုတာ ၇ှိတယ်လေ..
ဆရာမ ကို နေကောင်းလား အမြဲမေးတတ်ကြတယ်…….ဆရာမ လာရင် သွားကြိုတယ်……အိတ်တွေဘာတွေ
မနိုင်တာ ရှိရင် ကူသယ်ပေးတယ်…….ဆရာမတွေကို ရက်ကြီးခါကြီးတွေမှာ ကန်တော့တယ်……..အဲဒီ ဟာတွေ
က သူတို့ နိုင်ငံမှာ မရှိဘူးလေ…..ဒီက ကျောင်းသားတွေက ဆရာတွေ အပေါ် ရိုသေသမှု့ ဆိုတာ မရှိဘူး….စာလာသင်တယ် ပြီးရင်ပြန်တယ်………အဲဒါတွေပဲ ၇ှိတာဆိုတော့ ဆရာမတွေက မြန်မာကျောင်းသား
တွေကို ချစ်ကြတယ်…..ပြီးတော့ သူတို့ သားသမီးအရွယ်လေးတွေ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးတာလေးတွေ
၇ှိခဲ့ရင်တောင် ခွင့်လွတ်ပေးတယ်………။။
တကယ်စေတနာ ထားပါတယ် မြန်မာ ကျောင်းသားတွေ အပေါ်မှာ ဆရာ၊ဆရာမ တွေ အားလုံးက….ကျွန်တော်
တို့ ကလည်း ဆရာ၊ဆရာမ တွေ ချစ်အောင် နေတတ်တာလည်း ပါတာပေါ့နော်……ဟဲဟဲ……ကြော်ငြာလိုက်
တာ…..မှတ်မှတ်ရရ အဲဒီနေ့ က ကျွန်တော် နဲ့ သူငယ်ချင်း တစ်ယောက် ဈေးသွားဝယ်တာပေါ့နော်…………
ဈေးဝယ်တာက သိပ်တော့ မခက်ပါဘူး……..ကိုယ်လို ချင်တဲ့ ဟာကို လိုက်ပြီးယူ ရုံ ပဲ ဆိုတော့ သိပ်မခက်ဘူးပေါ့
နော်……..ပြောဝယ်ရတဲ့ နေရာတွေသာ နည်းနည်း ခက်ခဲတာပေါ့…ဒါပေမယ့် အဆင်ပြေတာတော့များပါတယ်…
စီနီယာ နောင်တော် ကြီးတွေလည်း ရှိတာကိုး……လိုရင်းကို မရောက်တော့ဘူး………ဟီဟီ……….
ဈေးဝယ်ပြီးတော့ တစ်ခုခု စားမယ်ပေါ့နော်………..အဲဒါနဲ့  အဲဒီ ဈေးမှာ KFC ဆိုင်တွေ ရှိတယ် အများကြီးပဲ…..
အဲဒါနဲ့ ကျွန်တော် နဲ့ ကျွန်တော် သူငယ်ချင်းလည်း အဲဒီ ဆိုင်မှာ စားကြမယ်ပေါ့နော်…..ကျွန်တော် သူငယ်ချင်းက
သူ မုန့် သွားမှာမယ်တဲ့…….ကျွန်တော့် ကို ခုံနေရာ ရှာထားလိုက်လို့ ပြောတယ်……အဲဒါနဲ့ ကျွန်တော် ခုံ နေရာတွေ ကို လိုက်ကြည့်တယ်……လွတ်နေတဲ့ ခုံ နေရာတွေ မရှိဘူး…….အဲဒါနဲ့  စားပြီး ထသွားမယ့် ခုံနေရာ
တွေကို ပဲ လိုက်ကြည့်ရတာပေါ့……….အဲဒီမှာ ၀ိုင်းတစ်ဝိုင်း က စားပြီးတော့ ထသွားတယ်………အဲဒါနဲ့ ကျွန်တော်
လည်း သွားထိုင်လိုက်တာပေါ့နော်……..စားပြီးသား မုန့် ခွံတွေတော့ အများကြီး ရှိတာပေါ့ အဲဒီ ခုံပေါ်မှာ……
အဲဒါတွေကို လိုက်သိမ်းတဲ့ အလုပ်သမား ကောင်မလေးတွေ ၇ှိတယ်…..သူတို့ က အဲဒီ လို ဟာတွေ ကို လိုက်သိမ်းပြီး ခုံပေါ်ကို သန့် ရှင်းရေး လုပ်တာပေါ့နော်…..အဲဒါနဲ့ ကောင်မလေး တစ်ယောက် ကျွန်တော်
နား ရောက်လာတယ်…….သူ က သိမ်းတော့ မလို ပုံစံနဲ့ ပေါ့နော်…….ကျွန်တော် ကလည်း သိမ်းစေချင်
တာပါ……ခဏနေ သူငယ်ချင်း က မုန့် တွေ ယူလာတော့မှာလေ………အဲဒါနဲ့ သူ ကို လှမ်းခေါ်မလို့ လုပ်
တုန်းမှာပဲ သူ က ကျွန်တော် အနားကို ရောက်လာတယ်….သိမ်းတော့မယ် ပုံစံ မျိုးနဲ့ ပေါ့နော်……….
အဲဒီမှာတင် စတာပဲ……….ဘာစတာလဲဆိုတော့ နားလည်မှု့ လေးတွေ ပေါ့နော်……..ဟဲဟဲ…………..။
ဖြစ်တော့ဖြစ်တတ်ပါတယ် တစ်ခါတစ်လေလည်း………အဲဒါလေးတွေက……….။
သူ က ကျွန်တော် ကို ရုရှား လို မေးလိုက်တယ်………အဲသား နာဒါ လို့ ကျွန်တော့် ကို မေးတယ်……..
သူ မေးတာ က အဲဒါ လိုအပ်လား ပေါ့နော်……..အဲဒါနဲ့ ကျွန်တော်လည်း ရုရှား လို့ ပြန်ဖြေလိုက်တယ်……..
အဲသား ညှပ်နာဒါ လို့ ……..ကျွန်တော် ဖြေလိုက်တာက မလိုအပ်ဘူး လို့ ……..အဲဒီမှာတင် စတာပဲ……..
သူ ချက်ချင်းလှည့်ပြီး ပြန်ထွက်သွားတယ်…….ကျွန်တော်လည်း ကြောင်တောင်တောင်လေးနဲ့ ကျန်ခဲ့တာ
ပေါ့နော်……….ဟ ဘာလည်းဟ လို့ ……..မလိုအပ်ပါဘူး လို့ ပြောတဲ့ဟာကို မလုပ်ပဲနဲ့ ဘာလို့ လှည့်ထွက်
သွားတာလဲလို့ ပေါ့နော်……..စဉ်းစားရင်းနဲ့  ရီတောင်ရီချင်သွားတယ်……..နောက်မှ သဘောပေါက်သွား
တယ်……….အဲဒီကောင်မလေး နဲ့ ကျွန်တော့် နားလည်မှု့ လေးတွေ လွဲသွားတာကိုးလို့ ……ဘယ်လို
လွဲသွားတာလဲဆိုတော့ သူ ပြောတဲ့  အဲသားနာဒါ ဆိုတာ က ဒါကို လုပ်ဖို့ လိုအပ်လား မေးတာလေ….???
ကျွန်တော် က အဲသားညှပ်နာဒါ (မလိုအပ်ဘူး ) လို့ ဖြေလိုက်တော့ သူ ပြန်လှည့်သွားတာပေါ့………..။
ကျွန်တော် ပြန်ဖြေလိုက်တဲ့  အဲသားညှပ်နာဒါ ဆိုတာ ဒီခုံပေါ်မှာ ရှိတဲ့ မုန့် ခွံ အကျန်တွေက ကျွန်တော်
အတွက် မလိုအပ်ဘူးလို့ ဖြေလိုက်တာ………..အဲဒီမှာတင် လွဲသွားတာ ပေါ့နော်…..ဟဲဟဲ…………….။။
တစ်ခါတစ်လေ ကိုယ်ဆိုလိုချင်တာ က တစ်ခြား သူထင်သွားတာ က တစ်လွဲ ဖြစ်နေတာတွေ က
ခဏခဏပဲ……..ရီတော့ရီရတယ်………တစ်ခါတစ်လေ လွဲတာတွေက လုံးဝ ကို ဆက်ဆက်မှု့ မရှိတာ…..
ဒီလိုပါပဲ သူများ ဘာသာစကား နဲ့ သူများ တွေ နားလည်အောင် ပြောရတယ်ဆိုတော့ ………အခက်အခဲ
ဆိုတာတွေ တော့ရှိတာပေါ့နော်………မြန်မာ မှာတောင် မြန်မာ အချင်းချင်း နားလည်အောင် မနည်းရှင်းပြ
ရတဲ့ အခါမျိုးတွေ ၇ှိတာပဲကိုးးးး………ဟုတ်တယ်မှတ်လား………အဲဒီအတွက် ဒါမျိုးတွေက ရှိတတ်ကြပါ
တယ် လူတိုင်းလူတိုင်းပေါ့……………..။။။မှတ်မှတ်ရရ ပါပဲ အဲဒါလေးတစ်ခုကတော့……….မော်စကို ရောက်
တုန်း အမှတ်ရစရာလေး တစ်ခုပေါ့နော်……………..။။။။။

Post a Comment