expr:id='"post-" + data:post.id'>

ကျွန်တော် ပို့ တွေ မရေးဖြစ်တာတော်တော် ကြာသွားပြီ….ကြာဆို စာမေးပွဲ တွေ နဲ့ 

ရူတ်နေတာလေ….အဲဒါကြောင့် မေ၇းဖြစ်တာ…ဒီနေ့ တော့ ရေးချင်စိတ်ပေါက်နေတာ.. အဲဒါကြောင့် စိတ်ကူး မိတာ နဲ့ ခံစား မိတာ ကိုပေါင်းပြီးတော့ ချေ၇းလိုက်တာ…ဘာတွေ ရူတ်

နေမှန်းတော့ မသိဘူး…ဒါပေမယ့် ရူတ်နေတာတော့ သေချာတယ်……ခုလည်း လူကတော့

ဒေါင်ဒေါင်မြည်ပါ….ဒါပေမယ့် ကွန်ပျူတာ က နေမကောင်းဖြစ်နေလို့  သမားတော် ခဏခဏ

ခေါ်ပြနေရတယ်…..ဟဲဟဲ……ဒီလိုပါပဲ စက်ဆိုတော့လည်း ဖြစ်တတ်တာပေါ့………

ပွားနေတာနဲ့ လိုရင်း က မရောက်တော့ဘူး………။။။။

တစ်ခါတစ်လေ စဉ်းစားကြည့်တယ်….ဘ၀တွေ က အထီးကျန်သလိုများဖြစ်နေသလားလို့ 

လေ….အခန်း ထဲမှာ အထီးကျန် နေ တဲ့  ကုတင် တစ်လုံးရှိတယ်….အဲဒီ ကုတင် ရဲ့ ရှေ့ မှာ

အထီးကျန် နေတဲ့ စားပွဲ တစ်လုံး ရှိတယ်…..အဲဒီ စားပွဲရှေ့ မှာ ကြည့် စရာ ပြတင်းပေါက်

တစ်ခုရှိတယ်….ကြည့်လိုက်ရင်လည်း အထီးကျန်နေတဲ့ သစ်တော တစ်တော ရှိတယ်…..

ပိုင်ဆိုင်တာ ဆိုလို့ ကွန်ပျူတာလေး ပဲ ရှိတယ်….အဲဒီ ကွန်ပျူတာ နဲ့ ပဲ တနေ့ တနေ့ မပျင်း

အောင် အဖော်လုပ်နေရတယ် ဆိုလည်း မမှားဘူးပေါ့……ကြာလာတော့ သူ့ ကိုတောင် သံ

ယောစဉ် ပို ဖြစ်မိသေးတယ်….သူ က ပဲ ကိုယ့် အထီးကျန်တဲ့ နေ့ တွေကို တူတူ ဖြတ်ကျော်

ပေးနေတာလေ…….အပေါ်မှာ အထီးကျန် နေ တဲ့  အိမ်မြှောင်တစ်ကောင် ရှိတယ်…ညညဆို

စာ ကြွင်းစားကျန်တွေ လာလာ ကိုက်နေတဲ့ အထီးကျန် ကြွက်တစ်ကောင် ရှိတယ်…ညနေဆို

တကြော်ကြော်အော် ပြီး ၀င်လာတတ်တဲ့ အထီးကျန် ကြောင်တစ်ကောင်လည်း ရှိသေးတယ်..

ဘယ်နေရာ ကြည့်ကြည့် အထီးကျန် တဲ့ သူတွေ ချည်းပဲ…..အထီးကျန်မှု့ တွေ များတော့

တစ်ခါတစ်လေလည်း စိတ်လေတာပေါ့……တစ်နေ့ တစ်နေ့  စကားအများဆုံး ပြောမိတဲ့ သူ

က ချစ်သူ ပဲလေ…သူ နဲ့ ပဲ စကားတွေ ပြောရင်းအထီးကျန်မှု့ တွေကို မေ့ပျောက်နေ၇တယ်..

ချစ်သူ ကိုလည်း ကျေးဇူးတင်မိတယ်….ကိုယ် အထီးကျန်မှု့ တွေ ကို မျှဝေခံစားပေးလို့ လေ…

အခန်းထဲမှာ နေတာများတော့ အတွေးခေါ်တွေတောင် တုန်းတုန်းလာတယ်….စိတ်တွေလည်း

မွန်းကျပ်လာတယ်….တနေ့ တနေ့  အထီးကျန် အခန်းထဲမှာ အထီးကျန်စွာနဲ့ ပဲ အချိန်တွေကို

ဖြတ်သန်းနေရတယ်….လွတ်လပ်စွာ သွားလာလို့ မရဘူး…..မရဆို အပြင်မှာ က နှင်းတွေ ကျ

နေတာ ဆိုတော့ အောက် ဆင်းလို့ မရဘူးလေ….၁၅ မိနစ် လောက် ဆိုရင်ကို အအေးမိချင်

လာပြီ….အဲဒီလို တွေ ပေါ့……ခုတော့လည်း နေသားကျနေပါပြီ….ဒါပေမယ့် တစ်ခါတစ်လေ

တော့ တော်တော် ကို စိတ်တွေ မွန်းကျပ်နေတယ်…………… အဲဒီလို အထီးကျန်အခန်းထဲ

မှာ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ သူတွေ ဘယ်နှစ်ယောက်တောင် ရှိနေလဲ မသိဘူးနော်…။။

Post a Comment