expr:id='"post-" + data:post.id'>



မင်းရည်မှန်းချက်
ပျက်မယ်ဆို
လှည့်မကြည့်နဲ့
ငါ့ကို

မင်းရှေ့ရှုရာလမ်း
ဝေဝါးမယ်ဆို
လျစ်လျူရှုပါ
ငါ့ကို

မင်းစိတ်တွေ
တွေဝေမယ်ဆို
မတွေးပါနဲ့
ငါ့ကို

မင်းစိတ်ဘဝင်
နွမ်းမယ်ဆို
မေ့ပြစ်ပါလေ
ငါ့ကို

မင်းဘဝလေး
သာယာမယ်ဆို
ပြစ်ချခဲ့ပါ
ငါ့ကို

မင်းအနာဂတ်တွေ
ယိမ်းယိုင်မယ်ဆို
တွေ့ရင်မခေါ်နဲ့
ငါ့ကို

နှုတ်မဆက်တာ
နာကြင်လို့ပါ
ချည်နှောင်ခြင်းမပါ
သံသယရှင်းစွာ
စောင်းငဲ့မကြည့်နဲ့
ထွက်သွားလိုက်ပါ.......

အကိုတစ်ယောက် ဘလော့မှ ကူးယူဖော်ပြသည်.....

Post a Comment