expr:id='"post-" + data:post.id'>



မျှော်လင့်ချက် တွေ နဲ့ အိမ်မက်တွေ ထဲမှာ အခါခါ ဆက်လျှောက်နေမိတုန်းပဲ....
လူ နှစ်ယောက် ချစ်ကြတာ ခွဲခွာဖို့ အတွက်လား....ပေါင်းစည်းဖို့ အတွက်လား.....
ဒါပေမယ့် ဒို့ နှစ်ယောက် အတွက်တော့ ခွဲခွာဖို့ ဖြစ်နေသလားလို့ ....ဒီလမ်းကို
လျှောက်တာ မျှော်လင့်ချက် တစ်ခု အခွင့်အရေး တစ်ခု အတွက် လျှောက်ခဲ့တာ မဟုတ်ဘူး...
ဒီလမ်းကို လျှောက်နေရရင် ကို အလိုလို ကျေနပ်နေခဲ့တာ.....ကိုယ့် ကို ထားပြီး အဝေးကို
ထွက်သွားမယ့် ချစ်သူ တစ်ယောက်ကို ချစ်တဲ့ သူတစ်ယောက်ရဲ့ ခံစားချက် က ဘာလဲ....
အဲဒီ ခံစားမှု့ တွေ ကိုရော သိရဲ့ လား.....အိမ်မက်တွေ နဲ့ စိတ်ကူး ယှဉ် ပြီး သီဟ ကိုယ်တိုင် က
ရုးချင်နေခဲ့တာ......သီဟ သိတယ်......မပြောပါနဲ့ .........အရာရာတိုင်းမှာ "ဒါပေမယ့်" ဆိုတာ
ရှိတယ်.....ခုလည်း အဲဒီ ဒါပေမယ့် နဲ့ ပဲ မ ထွက်သွားမှာ မှတ်လား......သီဟ မျှော်လင့်သမျှ
မ ရင်ဘတ်က ပြောလာမယ့် ကာရံ တွေ ပဲ ကြားချင်တယ်....သီဟ နား က နားလည်အောင်
မပြောခဲ့နဲ့ .....သီဟ နှလုံးသား က နားလည်အောင် ပဲ ပြောပေးခဲ့ပါ....သေချာတယ်ဆိုရင်
သီဟ မျက်လုံးတွေ ကို သေသေချာချာ ကြည့်ပြီး သီဟ ရင်ထဲ ကို ထိအောင် တစ်ခါတည်းပြောခဲ့....
စောင့်ရတာ တွေ ကို သီဟ မုန်းတယ်... ဒါပေမယ့် မ အတွက်တော့ ချွင်းချက်ပေါ့.....မခေါ်ပဲလာ
မနှင်ပဲ ပြန်တတ်တဲ့  ဒီလောက ရဲ့ နိယာမ တရားတွေကို မုန်းတယ်.....နောက်ဆုံး.......။။။
တွေ့ ဆုံခြင်းရဲ့ အစ ခွဲခွာခြင်းတွေ ကို မုန်းတယ်....သီဟ နောက်ကျောကို ပဲ ကြည့်.....
မျက်ဝန်းတွေကို မကြည့်နဲ့ ......မျက်ဝန်းထဲမှာ မျက်ရည် တွေ တွဲလွဲခိုနေလိမ့်မယ်.....
မကြာခင် ၀မ်းနည်းခြင်းမိုးတိမ် တွေက မိုးအဖြစ် ရွာသွန်းကြလိမ့်မယ်....သီဟ ပျော်ရင် မပျော်တယ်ဆို....။။
အခုသီဟ.........????အခု မ .......??????.......ထားလိုက်ပါတော့.........တကယ်ဆို သီဟ က
အိမ်မက်တွေ နဲ့ ရုးချင်ခဲ့တာကိုး..........အလွမ်းညတွေကို ကာရံ မညီတဲ့ ကဗျာတွေ နဲ့  ဖြတ်သန်းနေအုန်းမယ်.........။။။။။

Post a Comment