expr:id='"post-" + data:post.id'>



အချစ်ဆိုတာ ဘာလဲတော့ သေသေချာချာနားမလည်ဘူး…နားလည်ဖို့ လည်း မကြိုးစားခဲ့မိဘူး…..
အချစ်ကို ခံစားဖို့ အချိန်မှ မရှိခဲ့တာ….ဒါပေမယ့် ချစ်တော့ ချစ်ခဲ့ဖူးတယ် ကောင်မလေး တစ်ယောက်ကိုပေါ့…..
အခုလည်း ချစ်နေတုန်းပဲ………နောင်လည်း ချစ်နေအုန်းမှာပါ…….သူ နဲ့ တွေ့ရတော့ မှာ မို့ ပျော်တော့
ပျော်တယ်…….ဒါပေမယ့် တစ်ခါတစ်လေလည်း မပျော်ဘူး…….သူ ကိုယ်နားမှာ ၇ှိတဲ့ အချိန်က ခဏလေး
လေ…….သံယောစဉ်ကြိုးတွေ ကို ခဏတာ ဖြတ်ပြီး သူ အဝေးကို ခဏတာ ထွက်သွားတော့မယ်ဆိုတာ
ကျွန်တော် သိနေတယ်…….သူ နဲ့ မခွဲနိုင်တာတော့ သေချာတယ်…..ဒါပေမယ့် ကျွန်တော် မတားရက်ပါ
ဘူး…….အရာရာတိုင်းမှာ ဒါပေမယ့် ဆိုတာ ရှိတယ်လေ………အဲဒီ ဒါပေမယ့် ဆိုတာကို ကျွန်တော် နား
လည်နေတဲ့ အတွက် သူ့ ဆီက ဘာဖြေရှင်းချက်မှ ကျွန်တော် မလိုချင်ဘူး.……ရပါတယ်……….
ခဏလေးပဲဖြစ်ဖြစ် အကြာကြီးပဲ ဖြစ်ဖြစ် ကျွန်တော့် ရင်ထဲက သံယောစဉ် ကြိုးတွေကို ဒါပေမယ့် ဆိုတဲ့ ဓါး နဲ့ 
ဖြတ်ပြီး မ ထွက်သွားလို့ ရပါတယ်…..တစ်ခုတော့ ပြောပါရစေနော်…………။။
မ ထွက်သွားတဲ့ နေ့ ကစပြီး world တစ်ပတ်လည်လို့  သီဟ ရှေ့ ပြန်ရောက်လာတဲ့ နေ့ ကို………
သီဟ စောင့် နေမယ်………………………♥♥♥♥♥♥…..

Post a Comment