ရှေးလူကြီးတွေ ပြောတာ ရှိပါတယ်….နေ့ နံနဲ့  လိုက်လို့  လူတွေက စိတ်သဘောထားတွေ ပြောင်းတတ်တယ်တဲ့….ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေချာမသိပါဘူး…..ဒါပေမယ့်
ရှိတာတော့ ၇ှိပါတယ်……ဥပမာ သူ က စိတ်ကြီးမှာပေါ့ စနေ ဆိုတာမျိုး….သူကတော့ အေးတယ်
ကြာသပတေးသမီးလေ ဆိုတာမျိုးတွေပေါ့…….နေ့ နံနဲ့ ပတ်သတ်ပြီး ပြန်ကောက်ရရင် ကျွန်တော်က
ပူးလေးပါ….ပူး လေးလို့  ပြောလိုက်လို့  စကားအရမ်းများတယ်လို့ တော့ မထင်နဲ့ နော်……လိုအပ်မှ
ပြောတာပါ….တစ်ခါတစ်ခါ စိတ်ကောက်တတ်တာကလွဲရင် အရမ်းသဘောကောင်းလွန်းတဲ့ ပူးလေးပါ….
ဟဲဟဲ…..( ကြော်ငြာဝင်တာ )….
တနေ့ တော့ ပူးလေး နဲ့  ဆင် တွေ့ ကြတယ်…..သူက ဗုဒ္ဓဟူး လေ…။ ရှေးအဆိုအရ ဆိုရင်
တော့ ဆင်ကပူးလေးထက် အကောင်ကြီးတာပေါ့….ဒါပေမယ့် ပူးလေးထက် တော့ ဆင်လေး က အရပ်နည်း
နည်းနိမ့်တယ်…..ဟဲဟဲ…. ( ကိုယ်ပြောနိုင်တာဆိုလို့ အဲဒါပဲ ၇ှိတယ် )…အကောင်ကြီးပြီး အနိုင်ကျင့်မယ်
မကြံနဲ့ နော်…..အော် လိုက်မှာ…….ဟဲဟဲ…..။ ဆင်လေး နဲ့ ပူးလေး က အ၇င်က ဘာမှမဟုတ်ဘူးဆိုပေမယ့် အခု တော့ ကိုယ်တို့ နှစ်ယောက်က သိပ်ချစ်တဲ့ ချစ်သူ တွေ ဖြစ်ခဲ့ကြတယ်…။ အကောင်ချင်း မညီမျှပေ
မယ့် တစ်ခါတစ်လေတော့ ရန် ဖြစ်ကြတယ်….။
ပူးလေး က သီချင်းနားထောင်တာကြိုက်တယ်။ အား၇င် ဇိမ်လေးနဲ့  စာအုပ်လေးဖတ် ၊ သီချင်းလေး နားထောင်ပြီး အေးအေးဆေးဆေးလေး နေချင်တယ်…တစ်ခါတစ်လေ ပူးလေး တစ်ယောက်တည်း
စာတွေဖတ်ပြီး အေးဆေးနေတတ်တယ်…ပူးလေးမှာ သူငယ်ချင်းတွေကလဲ အကောင်ပလောင်တွေ
စုံလို့ …..သူငယ်ချင်းတွေ နဲ့ လိုက်လျောညီထွေစွာနေတတ်တာ ပူးလေးရဲ့ အကျင့်ပဲ…သူငယ်ချင်းတွေက
ဒါဆို ကိုယ်ကလည်း ဒါပဲ….ဒါပေမယ့် မှားနေရင်တော့ မဒါဘူး….သူတို့ မလုပ်အောင် ပြောတယ်…
အပြင်အထန်ကြီးတော့ မကြိုက်ဘူး…စကားတွေအများကြီးပြောတာလည်း မကြိုက်ဘူး….အေးရာအေး
ကြောင်း ပူးလေးပါ။….:PPP,..
အဲဒီ ပူးလေးရဲ့ အဖော် ဆင်ကတော့ တစ်မျိုး….သူကတော့ စကားပြောရင် အ၇မ်းမြန်တယ်….ပြီးရင်
ပူလေးက စိတ်ပူလို့ ပြောတာတွေကို တစ်ခါတစ်လေ မကြိုက်သလိုလို ဘာလိုလို နဲ့ ….ပြောလိုက်ရင်လည်း
မင်းထက် အရင်မွေးတာ မင်းထက် အသက်တစ်နှစ်ကြီးတယ်….အဲဒါနဲ့ ပဲပူးလေးကို ကိုင်ကိုင်ပေါက်နေတာ…
အင်းလေ ကိုင်ပေါက်မှာပေါ့ ဆင်ဆိုတော့ အကောင်ကြီးတာကိုး ပူးလေးထက်…တစ်ခါတစ်လေ ပူးလေး စိတ်
ညစ်တာရှိရင် ဆင်လေးက အားပေးစကားပြောပေးတယ်…..တစ်ခုခုဆို ပူးလေး နဲ့ ဆင်လေး ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြတယ်….ကိစ္စအကုန်လုံးကို နှစ်ယောက်စလုံးရဲ့ ရင်ထဲက အသည်းနှလုံးကို
ဗဟိုပြု ပြီးမှ စဉ်းစားဆုံးဖြတ်ကြတယ်…လွဲတဲ့ အခါတွေလည်း တစ်ခါတစ်လေရှိတာပေါ့နော်….ဒါပေမယ့်
အကောင်းဆုံး ဆိုတာ ကို ပူးလေး နဲ့ ဆင်လေး တိုင်ပင်ပြီးတော့ လုပ်ခဲ့ကြတယ်…အခက်အခဲတွေကို တူတူ ကျော်ဖြတ်ခဲ့ကြသလို တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှု့ လေးတွေ ရှိခဲ့ကြတယ်…ပူးလေးတစ်ခါတစ်လေ စိတ်အရမ်းကောက်တာကို ဆင်လေးက နားလည်သလို ဆင်လေး တစ်ခါတစ်လေ ဆိုးတာကိုလည်း ပူးလေးက နားလည်ပေးတယ်….။ပူးလေး ရဲ့  အစိတ်အပိုင်း တစ်ခု က ဆင်လေး ဖြစ်သလို ဆင်လေးရဲ့ အစိတ်အပိုင်း က ပူးလေး ဖြစ်ခဲ့တယ်….။ ညညဆို ပူးလေး က ဆင်လေးကို သတိရရင်း အထီးကျန်ညတွေကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတယ်….။
နောက်ပြန်လှည့်ကြည့်လိုက်ရင် ခြေရာလေးတွေ တွေ့ မယ်…ပူးလေး နဲ့ ဆင်လေး ပျော်ခဲ့တဲ့ ရက်တွေ
ရှိသလို စိတ်ညစ်ခဲ့ရတဲ့ ရက်တွေလည်း ၇ှိတယ်…ဒါပေမယ့် ပျော်ပျော်ရွင်ရွင် နဲ့ တူတူ လျှောက်ခဲ့ကြတယ်….ပူးလေး က ဆင်လေး လက်ကို တွဲပြီး သာယာအေးချမ်းတဲ့ လမ်းလေးတွေကို
ဆက်လျှောက်အုန်းမယ်…..နှစ်ယောက်သား နားလည်မှု့ တွေ နဲ့  လက်တွေကို တွဲထားမယ်….။။
ဘာလိုလို နဲ့  အတူလျှောက်ခဲ့တာ ၂ နှစ် ရှိသွားပြီ….ကဗျာထဲကလို ခယောင်းတောကို ပန်းကော်ဇော
အဖြစ် ပြောင်းမပစ်နိုင်ရင်တောင် လမ်းကလေး ပြာပြာမှောင်…..။ ရီမောရွင်ပျော် သာယာအောင်တော့
ပူးလေး နဲ့ ဆင်လေး တို့ ဖန်တီး နိုင်ခဲ့ကြတယ်….။
( ဧပြီ ၂၀ ရက်နေ့  အမှတ်တရ )….
Welcome
ကောင်းကင်တစ်ခု အောက်မှာ hope နဲ့  light တူတူ နေကြပေမယ့်
တစ်ယောက်နဲ့ တစ်ယောက် အတူ ရှိမနေကြဘူးနော်.....ဘာလို့ လဲဟင်..
ဒို့  ဘာလို့  ဝေးနေတာလဲဟင်..........
ပြောသွားနိုင်ပါသည်
Blog Archive
Labels
- ... (1)
- 14.2.2010 (1)
- ၁၆.၁.၂၀၁၀... (1)
- 20.4.2010 (1)
- ၂၄ နာရီ....... (1)
- ၂၇.၁၂.၂၀၀၉...... (1)
- about me..... (1)
- my dream..... (1)
- valentine day.......(14.2.2010)... (1)
- ခံစားမှု့ ..... (1)
- ခဏတော့ ခွဲနေမယ် ရေရှည်နီးစပ်ဖို့ အတွက်ပဲလေ...... (1)
- ဖူးစာ........ (1)
-ြ့ပန်လာခဲ့ပါ.................. (1)
- ဘာဖြစ်ဖြစ် လွမ်းတယ်........ (1)
- မှတ်မှတ်ရရ ( ၂၀ .၁၂.၂၀၀၉).... (1)
- လွမ်းနေမယ်.... (1)
- လွဲလွဲလေးပဲကောင်းပါတယ်.... (1)
- အပိုင်း(၁) (1)
- အပိုင်း(၂) (1)
- အပိုင်း(၃).. (1)
- အပိုင်း(၄)..... (1)
- အပိုင်း(၅)..... (1)
- အလွမ်း..... (1)
- အလွမ်းရောဂါ ခံစားနေရသူ........ (1)
- အသွားအပြန် (1)
- အဝေးကိုထွက်မသွားပါနဲ့ ..... (1)
- အတွေး+စိတ်ကူး=မျှော်လင့်ချက် (1)
- အတွေးထဲက အလင်းတန်းများ (1)
-ုသင်ခန်းစာ..... (1)
- စောင့်နေပါ့မယ်.......... (1)
- ပျော်ရွင်ပါစေ ကောင်မလေးရယ်... (1)
- ခြောက်ကပ်သော ညများ..... (1)
- ရှေးရေစက်များ...... (1)
- နှစ်သစ်ကူး ညလေး..........2010....... (1)
နှလုံးသား က ချစ်ချင်လို့ ချစ်ခဲ့တာဆိုပေမယ့် သူ တောင်းဆိုထားတာက ဝေးကွားမှု့ မှ
မဟုတ်တာ……ဒါပေမယ့် အနိမ့် အမြင့်  မတူညီတဲ့ ဘ၀တွေမှာ ဝေးကွာခြင်းဆိုတဲ့
နိယာမ တရားတွေက ရှိစမြဲပဲလေ…….ဒို့ နှစ်ယောက်မှာလည်း မတူညီတဲ့ ကွာခြား
ချက်တွေ ရှိနေတယ်…….အခြေအနေအရ လွမ်းသင့်လို့ လွမ်းနေကြတာပဲလေ…..။
ပန်းတွေ ပွင့်ပြီးပြန် ကြွေသွားတာ လောကဓမ္မတာကြီးအတွက် အဆန်းမဟုတ်ဘူး.. ဒါပေမယ့် ပန်းတစ်ပွင့် ကြွေတာ နောက်အသစ် ပွင့် ဖို့ ဆိုတာ မှန်ပေ မယ့်  သီဟ မ ကို လွမ်းနေတာ နောက်တစ်ယောက်ချစ်ဖို့  မဟုတ်ဘူး…………။
ချစ်သူပေးတဲ့ အလွမ်းတွေကြောင့် ရင်ထဲမှာ ထိရှကြတာပဲလေ…..ပန်းဆိုတာ နွမ်းဖို့ 
ပွင့်ခဲ့ တယ်ဆိုပြီးတော့ အချစ်ဆိုတာက ရော လွမ်းဖို့ ဖြစ်လာတာလား………။
ချစ် ဘေးနားမှာ ရှိနေတဲ့ ပုရိသ တွေလို အနုအလှတွေတော့ သီဟ မှာ မရှိဘူး……..
ဒါပေမယ့် သမုဒ္ဒရာတွေ ရစ်ပတ်ပြီး သံယောစဉ်တွေ နဲ့ ကာရံထားတဲ့ ချစ်တယ်
ဆိုတဲ့ စကားလေးတစ်ခွန်း ကို နှလုံးသားထဲမှာ တသက်လုံး သိမ်းထားမှာပါ…..
ကမ္ဘာမှာ လ ကပေးတဲ့ အလင်းရောင် ကျရောက်နေမှာ မှန်ပေမယ့် ချစ် ထွက်သွားတဲ့
နေ့ ကစပြီး သီဟ ရင်ထဲကနှလုံးသားကမ္ဘာလေး မှာ လရောင်တွေ ပျောက်နေမှာတော့ သေချာပါတယ်"မ " ရယ်..……….။
ဒီနေ့  ချစ်သူများနေ့ တဲ့ ချစ်သူစုံတွဲတွေ တကြော်ကြော် အော်ပြီး ကိုယ်ချစ်သူ နဲ့  ကြည်နူးနေတဲ့
အချိန် ကျွန်တော် တို့ တွေက ချမ်းအေးလွန်းတဲ့ ဆောင်းဒဏ်ကို ကာကွယ်ဖို့ အတွက် စောင်အောက်
မှာ ကိုယ်စီ ပျားပျားဝပ်နေကြ၇တယ်…..တစ်ခါတစ်လေ တော့လည်း အဲဒီနေ့ တွေက ငါတို့ အတွက်ရော
ဟုတ် ရဲ့ လားလို့  ကိုယ့်ကိုယ့် ကို ပြန်မေးမိတယ်……ဒါပေမယ့် အဲဒါ ဘ၀ ပဲလေ…..ဖြစ်ချင်တာတွေ မဖြစ်တာကို
က ဘ၀လို့ ပြောလို့ ၇နေပြီ…..ချစ်သူလေးလည်း သူများတွေကို ကြည့်ပြီးတော့ ကျွန်တော့် ကို လွမ်းနေမှာ
သေချာတယ်…….ဒါပေမယ့် ချစ်သူတွေနားမှာ ချစ်သူ ရှိမှ ချစ်သူများနေ့ ဆိုတာကို ပျော်လို့ ရတာမဟုတ်
ဘူးဆိုတာတော့ ယုံကြည်ထားတယ်…..အခု လည်း ကျွန်တော် ချစ်သူလေး နားမှာ မရှိဘူးလေ….ဒါပေမယ့်
ကျွန်တော် သူ ပျော်အောင်တော့ လုပ်ပေးနိုင်တယ်……မယုံရင်ကြည့်……..ဘယ်မှာလဲ………..မသိဘူးကျွန်တော်
လည်း……..ဟဲဟဲ……..တွေ့ လား…..သူရီနေပြီလေ.......မတွေ့ ၇င်တော့ သေချာတယ် ခင်ဗျားက သူ့ ချစ်သူ
မဟုတ်လို့ ပဲ……ကျွန်တော် ဆို မြင်ရတယ်…….ချစ် ရီနေတာလား……….အင်း မောင်………………….ဟဲဟဲ..
အတိုင်အပေါက်ကတော့ မေးမနေနဲ့ …..ညီပြီးသားပဲ ချစ်သူတွေက……ဟဲဟဲ…………...။။။။
တွေ့ လား ကျွန်တော်ပြောသားပဲ သူ့ ကို ရီအောင် လုပ်နိုင်ပါတယ်လို့ ………ဟဲဟဲ……..။။
ချစ်တတ်တဲ့ သူတိုင်းရဲ့ ၇င်ထဲမှာ အလွမ်းဆိုတာ ရှိတာပဲ…..နှလုံးသားရာဇ၀င် မှာ တမ်းတတတ်တဲ့ အလင်္ကာတွေနဲ့  လွမ်းပြတတ်တဲ့  သမိုင်းကြောင်းတွေတောင် ရှိခဲ့တာပဲလေ……..သတိ၇တော့လည်း လွမ်း
စွဲလမ်းလို့စိတ္တဇနဲ့အိပ်မရတဲ့ညတွေလည်း မနည်းတော့ဘူး………အလွမ်းဆိုတာ အလေးအနက်ထားစရာ မဟုတ်ပေမယ့် သံယောစဉ် ကြီးတဲ့ သူတွေ အတွက်တော့ အရမ်းပြင်းတဲ့ ရောဂါတစ်ခုပဲလေ…………
အခြေအနေ အရ ခဏတာ ခွဲသွားရက်တဲ့ ချစ်သူတွေကို အပြစ်မမြင် ချစ်ခင်နေတဲ့ စိတ်က သံယောစဉ်ဆို
တဲ့ အရာပေါ့……..အခု အဲဒီ ချစ်သူတွေ အားလုံးထဲကမှ မောင် က ဝေဒနာတွေပြေလည် ရာပြေလည်ကြောင်း စာလုံးတွေ ပေါင်းပြီးတော့ ချစ် ကို လွမ်းပြနေတာ……… ခဏတာ လမ်းအခွဲမှာ ၀မ်းနည်းတာထက် ခံစားချက်
က ပိုမယ်ထင်တယ်……တစ်ယောက် နဲ့ တစ်ယောက် ဘယ်လောက်ဝေးနေရအုန်းမလဲဟင်………??????????????...…ဝေးကွာခြင်းရဲ့  အနောက်ဘက် တောင်ကြောက အလွမ်းတွေကို မြင်နေရတယ် ………. တစ်မိုးအောက်မှာ ဒို့  တစ်ယောက်နဲ့ တစ်
ယောက် ပြန်ဆုံကြအုန်းမှာပါ…….. မောင့် နှလုံးသား မျက်လုံး အိမ်မှာ ချစ် စထွက်သွားတဲ့ နေ့ က
စပြီး မျက်ရည်ဆိုတာ မောင် ရဲ့ အဖော် ဖြစ်လာမှာပါ……….။။
ချစ်သူများနေ့  ချစ်သူဘေးတွေ မရှိသော ကောင်မလေး အတွက် ရည်ရွယ်တဲ့ ပို့ စ်လေး တစ်ခုပါ……။။
အဝေးကိုထွက်သွားမယ့် ကောင်မလေး တစ်ယောက်နဲ့  လက်ရှိနေရာမှာပဲ ကျန်ခဲ့မယ့် ကောင်လေး
ဘယ်သူ ပိုခံစားရမလဲ……?.တွေ့ ဆုံခြင်းရဲ့ နောက်ကွယ်က ခွဲခွာခြင်းတွေ ရှိနေတာလား………
ဒါဆို ဘာဖြစ်လို့  တွေ့ ဆုံ ကြ တာလဲ……တစ်ခါတစ်လေတော့လည်း အဲဒီ နိယာမ တွေကို မုန်းချင်
လာတယ်……အရာရာတိုင်းမှာ ဒါပေမယ့် ဆိုတာ ရှိတယ်………အဲဒီ ဒါပေမယ့် ဆိုတာနဲ့ ပဲ ကျွန်တော်
နားက သူ ခဏထွက်သွားမယ်ဆိုတာ သိနေတယ်…….ကျွန်တော် မျက်လုံး တွေ ကို ဖွင့်ထားပေးမယ်…..
ဒါပေမယ့် နားတွေတော့ ပိတ်ထားမယ်……သူ ပြောတာတွေကို ကျွန်တော် နားထောင် နိုင်စွမ်း မရှိလို့ ပဲ..
မျက်တောင် တွေ မခတ်မိအောင် ထိန်းထားမယ်……ဖြစ်ချင်တဲ့ ဆန္ဒ တွေကို ထိန်းချူပ်ပြီးတော့ ဖြစ်နေတဲ့
ဘ၀ တွေ ကို ဦးစားပေးမယ်…...တွေ့ ဆုံခဲ့တဲ့  အချိန်တွေကို ပြန်သတိရရင်း သူ့ ကို လွမ်းနေမယ်…
သူ့ အတွက် အမှတ်ရစရာလေးတွေ ဖြစ်အောင် ထည့်ပေးလိုက်မယ်…….ကျွန်တော် ရင်ထဲကအလွမ်းတွေ
ကို သူ မမြင်အောင် အနာဂတ် ဆိုတဲ့ အိတ်လေးထဲမှာ သိမ်းထားမယ်………သူ ပြန်လာရင် အဲဒီ အနာဂတ်
ထဲမှာ သိမ်းထားတဲ့ အလွမ်း တွေကို သူ သိအောင် ဖွင့်ပြမယ်…….ကြယ်လေးတွေကို အဖော်ပြုရင်း သူ့ အ
ကြောင်းတွေ စဉ်းစားမယ်…….တစ်ချိန်က ဆိုတဲ့ အောက်မှာ သူ နဲ့  ကျွန်တော် အတူရှိခဲ့တဲ့ နေရာလေး
တွေကို တွေးရင်း အလွမ်းညတွေကို ဖြတ်သန်းနေမယ်…….လေပြေက သယ်ဆောင်လာတဲ့ သူ ရဲ့ သတိရ
ခြင်းတွေကို အမှတ်တရ သိမ်းထားရင်းနဲ့  သူ ပြန်လာမယ့် နေ့ တွေကို စောင့်နေမယ်…………။
ခပ်ပြင်းပြင်း ရေကို အရက်မပါပဲနဲ့ မော့သောက်ပြစ်လိုက်တယ်……….ရင်ထဲက အလွမ်းတွေပျောက်သွားအောင်လို့ လေ…….ခပ်ပြင်းပြင်း စူးရှရှ လေတွေကို
ရင်ထဲက အလွမ်းတွေပါသွားအောင် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆိုတဲ့ သက်ပြင်း
နဲ့ အတူ ထုတ်ပြစ်လိုက်တယ်………..ဘာတွေ လဲဆိုတာတော့ သေချာမသိဘူး……
မှတ်မိတာဆိုလို့  ညည အိမ်မက်တွေ ထဲ အလည်လာတတ်တဲ့ ကောင်မလေး တစ်
ယောက်ကို ပဲ သေချာမှတ်မိတယ်………ခု သူ ကျွန်တော် အိမ်မက် တွေ ဆီရောက်မ
လာတော့ဘူး…….ကျွန်တော် ကို ၂၄ နာရီလုံးလုံး အလွမ်းတွေ ဖုံးသွားအောင် ပြု
စားသွားတယ်……..သတိရတဲ့ စိတ်တွေကို ဘယ်လို ထိန်းချူပ်ရမှန်း မသိဘူး ……ညည အော်ခေါ်တဲ့ အသံတွေကို ကြားရင် သီဟ မက်တဲ့ အိမ်မက်
တွေထဲကို ပြန်လာခဲ့ပါနော်……. အဲဒီလို အလွမ်းတွေကြားထဲမှာ တစ်ယောက်တည်း
ပြစ်မထားပါနဲ့ ကောင်မလေးရယ်…….အိမ်မက်တွေကို ချစ်တဲ့ ကျွန်တော် နဲ့ အိမ်
မက်တွေထဲက နိုးထသွားတဲ့ “ သူ “ ပြန်ဆုံနိုင်ဖို့ အတွက် အလွမ်းညပေါင်းများ
စွာကို ကျွန်တော် ဖြတ်သန်းရအုန်းမယ်……….တိုက်ဆိုင်မှု့ တွေကြုံ တိုင်း ခေါင်း
ထောင်ထောင် လာတဲ့ အလွမ်း တွေကို ကြာတော့လည်း မုန်းချင်လာတယ်….။
ချစ်သူ နဲ့ မတွေ့ သော နေ့ များအတွက် ရည်ရွယ်သော ပို့ လေးတစ်ခုပါ.......။

ကောင်လေးတစ်ယောက် happy birthday…..happy birthday….လို့ ရင်ဘတ်တစ်ခုလုံးပွင့်အောင် ဆုတောင်း
ပေးလိုက်တယ်……..ဒါပေမယ့် ကောင်မလေး တစ်ယောက် မကြားပါဘူး…….ဘာလို့ လဲဆိုတော့ မိုင်ထောင်ချီဝေးတာကိုး…ဟိုးအဝေးတစ်နေရာမှာ ကျွန်တော့် ချစ်သူ မွေးနေ့ ရှင် ရှိတယ်……..သူဘေးမှာ သူ နဲ့ တူတူ ပျော်ရွင်နေတဲ့ သူငယ်ချင်း တွေရှိတယ်…….အိမ်မက်တွေကို တန်ဖိုးထားတဲ့ ကျွန်တော် နဲ့ အိမ်မက်တွေထဲ က နိုးထသွားတဲ့ " သူ "ပြန်ဆုံဖို့ အတွက် အလွမ်းညပေါင်းများစွာကို ကျွန်တော် စောင့်ရအုန်းမယ်……....
မနက်ဖြန်မှာ ထွက်လာမယ့် ရောင်ခြည်သစ်နဲ့ အတူ ကျွန်တော့်ချစ်သူ ရဲ့ နံနက်ခင်းတွေလှပနေမယ်ဆိုတာ
ကျွန်တော် ဘ၀ တစ်ခုလုံးစာ ယုံကြည်ပါတယ်…….ဘ၀ တစ်လျောက် ခံစားခဲ့ ရတဲ့ ဝေဒနာတွေ အားလုံးကို ဒီည နဲ့ အတူ မြေမြုပ်လိုက်ပါ………မနက်ဖြန်မှာ မ သိပ်ကြိုက်တဲ့ လှပတဲ့  ပန်းရောင် အနာဂတ်တွေ ပွင့် လာပါလိမ့်မယ်………မနက်ဖြန်တိုင်းရဲ့ အလင်းတန်းတွေက မ ဘ၀ရဲ့ အောင် မြင်တဲ့ အလင်းရောင်လေးတွေပါ………တိုက်ခတ်လာတဲ့ လေပြေအေးအေးလေးတွေက မ ဘ၀ရဲ့ သာယာ အေးချမ်းတဲ့ သဘောပါ…….မနက်ဖြန်က စပြီး မ အတွက် အရာအားလုံး က သာယာလှပနေမှာပါ………..
ခု ကျရောက်ခဲ့ တဲ့ မွေးနေ့ လေးမှာ မ အတွက် အမှတ်တရ လက်ဆောင် ပေးဖြစ်အောင်ကို ပေးခဲ့ပါတယ်…
ဟုတ်တယ်………………….မ ကို သီဟ "အရုပ်လေး " တစ်ခု လက်ဆောင်ပေးခဲ့လိုက်တယ်…………………။။
ပြီးတော့ မ ကို သေသေချာချာ ပြောပြလိုက်ပါတယ်………………..အရုပ် ဆိုတာ အလှကြည့်ဖို့ မဟုတ် ပါဘူး…………မ ဘေးနား က မျှော်လင့်ချက် လေးတစ်ခုပါလို့  ........။။။
ကျွန်တော် ချစ်သူ ကျရောက်လာတဲ့ မွေးနေ့  အမှတ်တရလေးပါ............(၁၆.၁.၂၀၁၀).....
ပြန်လာခဲ့ပါ……………ပြန်လာခဲ့ပါလို့ တော့ မပြောပါနဲ့ နော်………အဲဒီလို ပြောရင် စိတ်ထဲမှာ တစ်မျိုး
ပဲ…...ပြန်လာချင်လား မလာချင်လား ဆိုတာ မ အသိဆုံးဖြစ်မှာပါ……ဒါပေမယ့် ပြန်လာလို့ မှ မဖြစ်
နိုင်တာ……အဲဒါ ဘ၀ ပဲလေ…….မ အမေရိက မှာရောက်နေတဲ့ အချိန် မောင် က ပြန်လာခဲ့ပါ ပြန်
လာခဲ့ပါလို့ ပြောရင် မ ပြန်လာမှာလား မောင့် ဆီကို………အဲဒါ မ ရဲ့ ဘ၀ ပဲ…..နေချင်တာပေါ့ ကိုယ့်
ချစ်သူ အနားမှာ……ဒါပေမယ့် အခြေအနေက ပေးမှ မပေးတာ……. စိတ်ညစ်တယ်…….ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေက လွဲလွဲနေလို လေ.........စိတ်ညစ်တယ်…..တစ်ခါတစ်လေလည်း…….ဖြစ်ချင်တာတွေအတွက် ဖြစ်သင့်ပါတယ်ဆိုပြီးတော့သာ အားတင်းပြီးနေနေရတာ……တကယ်ဆိုရင်တော့ ခံနိုင်ရည် မရှိတော့သလို ပဲ……ခု လည်း မ အလုပ်ကနေ ထွက်တော့မယ်…….မ အလုပ်ကနေ ထွက်သွားတာက ကိတ်စ အကြီးကြီး မဟုတ်ပေမယ့် သီဟ ဆီလာဖို့ ခက်ခဲသွားတာကတော့ ကိတ်စ အရမ်းကြီးတယ်…….မ နဲ့  မတွေ့ ရင်ဖြစ်တတ်တဲ့ ခံစားချက်တွေကို ချောင်းသာ ကို ထွက်သွားတုန်းကတည်း က သိခဲ့ရတယ်………ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး……ဘာလိုလုပ်ရမလဲ မသိဘူး…….စိတ်ညစ်တာတော့ အမှန်ပဲ………:(((((((((((,.............။။သံယောစဉ်တွေ ဖြစ်လာတော့ တစ်မျိုးပဲနော် တနေ့  လောက် မတွေ့ ရရင်ကို…..သီဟ ခံစားချက်တွေကို နားထောင်ပေးတဲ့ သူကို မ ပဲဖြစ်စေချင်တယ်…….ဘယ်သူကို မှလည်း မပြောပြချင်ဘူး….မသိတော့ဘူး……………………………………………………………………..ခေါင်းတွေ မူးလာပြီ………..အရမ်းခံစားတတ်တဲ့ ကိုယ့် နှလုံးသား ကို ပဲ အပြစ်တင်မိပါတယ်………………………………….။။။။။။။။။။။