expr:id='"post-" + data:post.id'>

နှလုံးသား က ချစ်ချင်လို့ ချစ်ခဲ့တာဆိုပေမယ့် သူ တောင်းဆိုထားတာက ဝေးကွားမှု့ မှ
မဟုတ်တာ……ဒါပေမယ့် အနိမ့် အမြင့်  မတူညီတဲ့ ဘ၀တွေမှာ ဝေးကွာခြင်းဆိုတဲ့
နိယာမ တရားတွေက ရှိစမြဲပဲလေ…….ဒို့ နှစ်ယောက်မှာလည်း မတူညီတဲ့ ကွာခြား
ချက်တွေ ရှိနေတယ်…….အခြေအနေအရ လွမ်းသင့်လို့ လွမ်းနေကြတာပဲလေ…..။
ပန်းတွေ ပွင့်ပြီးပြန် ကြွေသွားတာ လောကဓမ္မတာကြီးအတွက် အဆန်းမဟုတ်ဘူး.. ဒါပေမယ့် ပန်းတစ်ပွင့် ကြွေတာ နောက်အသစ် ပွင့် ဖို့ ဆိုတာ မှန်ပေ မယ့်  သီဟ မ ကို လွမ်းနေတာ နောက်တစ်ယောက်ချစ်ဖို့  မဟုတ်ဘူး…………
ချစ်သူပေးတဲ့ အလွမ်းတွေကြောင့် ရင်ထဲမှာ ထိရှကြတာပဲလေ…..ပန်းဆိုတာ နွမ်းဖို့ 
ပွင့်ခဲ့ တယ်ဆိုပြီးတော့ အချစ်ဆိုတာက ရော လွမ်းဖို့ ဖြစ်လာတာလား………
ချစ် ဘေးနားမှာ ရှိနေတဲ့ ပုရိသ တွေလို အနုအလှတွေတော့ သီဟ မှာ မရှိဘူး……..
ဒါပေမယ့် သမုဒ္ဒရာတွေ ရစ်ပတ်ပြီး သံယောစဉ်တွေ နဲ့ ကာရံထားတဲ့ ချစ်တယ်
ဆိုတဲ့ စကားလေးတစ်ခွန်း ကို နှလုံးသားထဲမှာ တသက်လုံး သိမ်းထားမှာပါ…..
ကမ္ဘာမှာ လ ကပေးတဲ့ အလင်းရောင် ကျရောက်နေမှာ မှန်ပေမယ့် ချစ် ထွက်သွားတဲ့
နေ့ ကစပြီး သီဟ ရင်ထဲကနှလုံးသားကမ္ဘာလေး မှာ လရောင်တွေ ပျောက်နေမှာတော့ သေချာပါတယ်"မ " ရယ်..……….။



Post a Comment