expr:id='"post-" + data:post.id'>

ဒီနေ့  ချစ်သူများနေ့ တဲ့ ချစ်သူစုံတွဲတွေ တကြော်ကြော် အော်ပြီး ကိုယ်ချစ်သူ နဲ့  ကြည်နူးနေတဲ့
အချိန် ကျွန်တော် တို့ တွေက ချမ်းအေးလွန်းတဲ့ ဆောင်းဒဏ်ကို ကာကွယ်ဖို့ အတွက် စောင်အောက်
မှာ ကိုယ်စီ ပျားပျားဝပ်နေကြ၇တယ်…..တစ်ခါတစ်လေ တော့လည်း အဲဒီနေ့ တွေက ငါတို့ အတွက်ရော
ဟုတ် ရဲ့ လားလို့  ကိုယ့်ကိုယ့် ကို ပြန်မေးမိတယ်……ဒါပေမယ့် အဲဒါ ဘ၀ ပဲလေ…..ဖြစ်ချင်တာတွေ မဖြစ်တာကို
က ဘ၀လို့ ပြောလို့ ၇နေပြီ…..ချစ်သူလေးလည်း သူများတွေကို ကြည့်ပြီးတော့ ကျွန်တော့် ကို လွမ်းနေမှာ
သေချာတယ်…….ဒါပေမယ့် ချစ်သူတွေနားမှာ ချစ်သူ ရှိမှ ချစ်သူများနေ့ ဆိုတာကို ပျော်လို့ ရတာမဟုတ်
ဘူးဆိုတာတော့ ယုံကြည်ထားတယ်…..အခု လည်း ကျွန်တော် ချစ်သူလေး နားမှာ မရှိဘူးလေ….ဒါပေမယ့်
ကျွန်တော် သူ ပျော်အောင်တော့ လုပ်ပေးနိုင်တယ်……မယုံရင်ကြည့်……..ဘယ်မှာလဲ………..မသိဘူးကျွန်တော်
လည်း……..ဟဲဟဲ……..တွေ့ လား…..သူရီနေပြီလေ.......မတွေ့ ၇င်တော့ သေချာတယ် ခင်ဗျားက သူ့ ချစ်သူ
မဟုတ်လို့ ပဲ……ကျွန်တော် ဆို မြင်ရတယ်…….ချစ် ရီနေတာလား……….အင်း မောင်………………….ဟဲဟဲ..
အတိုင်အပေါက်ကတော့ မေးမနေနဲ့ …..ညီပြီးသားပဲ ချစ်သူတွေက……ဟဲဟဲ…………...။။။။
တွေ့ လား ကျွန်တော်ပြောသားပဲ သူ့ ကို ရီအောင် လုပ်နိုင်ပါတယ်လို့ ………ဟဲဟဲ……..။။
ချစ်တတ်တဲ့ သူတိုင်းရဲ့ ၇င်ထဲမှာ အလွမ်းဆိုတာ ရှိတာပဲ…..နှလုံးသားရာဇ၀င် မှာ တမ်းတတတ်တဲ့ အလင်္ကာတွေနဲ့  လွမ်းပြတတ်တဲ့  သမိုင်းကြောင်းတွေတောင် ရှိခဲ့တာပဲလေ……..သတိ၇တော့လည်း လွမ်း
စွဲလမ်းလို့စိတ္တဇနဲ့အိပ်မရတဲ့ညတွေလည်း မနည်းတော့ဘူး………အလွမ်းဆိုတာ အလေးအနက်ထားစရာ မဟုတ်ပေမယ့် သံယောစဉ် ကြီးတဲ့ သူတွေ အတွက်တော့ အရမ်းပြင်းတဲ့ ရောဂါတစ်ခုပဲလေ…………
အခြေအနေ အရ ခဏတာ ခွဲသွားရက်တဲ့ ချစ်သူတွေကို အပြစ်မမြင် ချစ်ခင်နေတဲ့ စိတ်က သံယောစဉ်ဆို
တဲ့ အရာပေါ့……..အခု အဲဒီ ချစ်သူတွေ အားလုံးထဲကမှ မောင် က ဝေဒနာတွေပြေလည် ရာပြေလည်ကြောင်း စာလုံးတွေ ပေါင်းပြီးတော့ ချစ် ကို လွမ်းပြနေတာ……… ခဏတာ လမ်းအခွဲမှာ ၀မ်းနည်းတာထက် ခံစားချက်
က ပိုမယ်ထင်တယ်……တစ်ယောက် နဲ့ တစ်ယောက် ဘယ်လောက်ဝေးနေရအုန်းမလဲဟင်………??????????????...…ဝေးကွာခြင်းရဲ့  အနောက်ဘက် တောင်ကြောက အလွမ်းတွေကို မြင်နေရတယ် ………. တစ်မိုးအောက်မှာ ဒို့  တစ်ယောက်နဲ့ တစ်
ယောက် ပြန်ဆုံကြအုန်းမှာပါ…….. မောင့် နှလုံးသား မျက်လုံး အိမ်မှာ ချစ် စထွက်သွားတဲ့ နေ့ က
စပြီး မျက်ရည်ဆိုတာ မောင် ရဲ့ အဖော် ဖြစ်လာမှာပါ……….။။


ချစ်သူများနေ့  ချစ်သူဘေးတွေ မရှိသော ကောင်မလေး အတွက် ရည်ရွယ်တဲ့ ပို့ စ်လေး တစ်ခုပါ……။။



Post a Comment