expr:id='"post-" + data:post.id'>

ရှေးလူကြီးတွေ ပြောတာ ရှိပါတယ်….နေ့ နံနဲ့  လိုက်လို့  လူတွေက စိတ်သဘောထားတွေ ပြောင်းတတ်တယ်တဲ့….ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေချာမသိပါဘူး…..ဒါပေမယ့်
ရှိတာတော့ ၇ှိပါတယ်……ဥပမာ သူ က စိတ်ကြီးမှာပေါ့ စနေ ဆိုတာမျိုး….သူကတော့ အေးတယ်
ကြာသပတေးသမီးလေ ဆိုတာမျိုးတွေပေါ့…….နေ့ နံနဲ့ ပတ်သတ်ပြီး ပြန်ကောက်ရရင် ကျွန်တော်က
ပူးလေးပါ….ပူး လေးလို့  ပြောလိုက်လို့  စကားအရမ်းများတယ်လို့ တော့ မထင်နဲ့ နော်……လိုအပ်မှ
ပြောတာပါ….တစ်ခါတစ်ခါ စိတ်ကောက်တတ်တာကလွဲရင် အရမ်းသဘောကောင်းလွန်းတဲ့ ပူးလေးပါ….
ဟဲဟဲ…..( ကြော်ငြာဝင်တာ )….
တနေ့ တော့ ပူးလေး နဲ့  ဆင် တွေ့ ကြတယ်…..သူက ဗုဒ္ဓဟူး လေ…။ ရှေးအဆိုအရ ဆိုရင်
တော့ ဆင်ကပူးလေးထက် အကောင်ကြီးတာပေါ့….ဒါပေမယ့် ပူးလေးထက် တော့ ဆင်လေး က အရပ်နည်း
နည်းနိမ့်တယ်…..ဟဲဟဲ…. ( ကိုယ်ပြောနိုင်တာဆိုလို့ အဲဒါပဲ ၇ှိတယ် )…အကောင်ကြီးပြီး အနိုင်ကျင့်မယ်
မကြံနဲ့ နော်…..အော် လိုက်မှာ…….ဟဲဟဲ…..။ ဆင်လေး နဲ့ ပူးလေး က အ၇င်က ဘာမှမဟုတ်ဘူးဆိုပေမယ့် အခု တော့ ကိုယ်တို့ နှစ်ယောက်က သိပ်ချစ်တဲ့ ချစ်သူ တွေ ဖြစ်ခဲ့ကြတယ်…။ အကောင်ချင်း မညီမျှပေ
မယ့် တစ်ခါတစ်လေတော့ ရန် ဖြစ်ကြတယ်….။

ပူးလေး က သီချင်းနားထောင်တာကြိုက်တယ်။ အား၇င် ဇိမ်လေးနဲ့  စာအုပ်လေးဖတ် ၊ သီချင်းလေး နားထောင်ပြီး အေးအေးဆေးဆေးလေး နေချင်တယ်…တစ်ခါတစ်လေ ပူးလေး တစ်ယောက်တည်း
စာတွေဖတ်ပြီး အေးဆေးနေတတ်တယ်…ပူးလေးမှာ သူငယ်ချင်းတွေကလဲ အကောင်ပလောင်တွေ
စုံလို့ …..သူငယ်ချင်းတွေ နဲ့ လိုက်လျောညီထွေစွာနေတတ်တာ ပူးလေးရဲ့ အကျင့်ပဲ…သူငယ်ချင်းတွေက
ဒါဆို ကိုယ်ကလည်း ဒါပဲ….ဒါပေမယ့် မှားနေရင်တော့ မဒါဘူး….သူတို့ မလုပ်အောင် ပြောတယ်…
အပြင်အထန်ကြီးတော့ မကြိုက်ဘူး…စကားတွေအများကြီးပြောတာလည်း မကြိုက်ဘူး….အေးရာအေး
ကြောင်း ပူးလေးပါ။….:PPP,..

အဲဒီ ပူးလေးရဲ့ အဖော် ဆင်ကတော့ တစ်မျိုး….သူကတော့ စကားပြောရင် အ၇မ်းမြန်တယ်….ပြီးရင်
ပူလေးက စိတ်ပူလို့ ပြောတာတွေကို တစ်ခါတစ်လေ မကြိုက်သလိုလို ဘာလိုလို နဲ့ ….ပြောလိုက်ရင်လည်း
မင်းထက် အရင်မွေးတာ မင်းထက် အသက်တစ်နှစ်ကြီးတယ်….အဲဒါနဲ့ ပဲပူးလေးကို ကိုင်ကိုင်ပေါက်နေတာ…
အင်းလေ ကိုင်ပေါက်မှာပေါ့ ဆင်ဆိုတော့ အကောင်ကြီးတာကိုး ပူးလေးထက်…တစ်ခါတစ်လေ ပူးလေး စိတ်
ညစ်တာရှိရင် ဆင်လေးက အားပေးစကားပြောပေးတယ်…..တစ်ခုခုဆို ပူးလေး နဲ့ ဆင်လေး ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြတယ်….ကိစ္စအကုန်လုံးကို နှစ်ယောက်စလုံးရဲ့ ရင်ထဲက အသည်းနှလုံးကို
ဗဟိုပြု ပြီးမှ စဉ်းစားဆုံးဖြတ်ကြတယ်…လွဲတဲ့ အခါတွေလည်း တစ်ခါတစ်လေရှိတာပေါ့နော်….ဒါပေမယ့်
အကောင်းဆုံး ဆိုတာ ကို ပူးလေး နဲ့ ဆင်လေး တိုင်ပင်ပြီးတော့ လုပ်ခဲ့ကြတယ်…အခက်အခဲတွေကို တူတူ ကျော်ဖြတ်ခဲ့ကြသလို တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှု့ လေးတွေ ရှိခဲ့ကြတယ်…ပူးလေးတစ်ခါတစ်လေ စိတ်အရမ်းကောက်တာကို ဆင်လေးက နားလည်သလို ဆင်လေး တစ်ခါတစ်လေ ဆိုးတာကိုလည်း ပူးလေးက နားလည်ပေးတယ်….။ပူးလေး ရဲ့  အစိတ်အပိုင်း တစ်ခု က ဆင်လေး ဖြစ်သလို ဆင်လေးရဲ့ အစိတ်အပိုင်း က ပူးလေး ဖြစ်ခဲ့တယ်….။ ညညဆို ပူးလေး က ဆင်လေးကို သတိရရင်း အထီးကျန်ညတွေကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတယ်….။

နောက်ပြန်လှည့်ကြည့်လိုက်ရင် ခြေရာလေးတွေ တွေ့ မယ်…ပူးလေး နဲ့ ဆင်လေး ပျော်ခဲ့တဲ့ ရက်တွေ
ရှိသလို စိတ်ညစ်ခဲ့ရတဲ့ ရက်တွေလည်း ၇ှိတယ်…ဒါပေမယ့် ပျော်ပျော်ရွင်ရွင် နဲ့ တူတူ လျှောက်ခဲ့ကြတယ်….ပူးလေး က ဆင်လေး လက်ကို တွဲပြီး သာယာအေးချမ်းတဲ့ လမ်းလေးတွေကို
ဆက်လျှောက်အုန်းမယ်…..နှစ်ယောက်သား နားလည်မှု့ တွေ နဲ့  လက်တွေကို တွဲထားမယ်….။။

ဘာလိုလို နဲ့  အတူလျှောက်ခဲ့တာ ၂ နှစ် ရှိသွားပြီ….ကဗျာထဲကလို ခယောင်းတောကို ပန်းကော်ဇော
အဖြစ် ပြောင်းမပစ်နိုင်ရင်တောင် လမ်းကလေး ပြာပြာမှောင်…..။ ရီမောရွင်ပျော် သာယာအောင်တော့
ပူးလေး နဲ့ ဆင်လေး တို့ ဖန်တီး နိုင်ခဲ့ကြတယ်….။

( ဧပြီ ၂၀ ရက်နေ့  အမှတ်တရ )….


Post a Comment