expr:id='"post-" + data:post.id'>




ကောင်လေးတစ်ယောက် happy birthday…..happy birthday….လို့ ရင်ဘတ်တစ်ခုလုံးပွင့်အောင် ဆုတောင်း
ပေးလိုက်တယ်……..ဒါပေမယ့် ကောင်မလေး တစ်ယောက် မကြားပါဘူး…….ဘာလို့ လဲဆိုတော့ မိုင်ထောင်ချီဝေးတာကိုး…ဟိုးအဝေးတစ်နေရာမှာ ကျွန်တော့် ချစ်သူ မွေးနေ့ ရှင် ရှိတယ်……..သူဘေးမှာ သူ နဲ့ တူတူ ပျော်ရွင်နေတဲ့ သူငယ်ချင်း တွေရှိတယ်…….အိမ်မက်တွေကို တန်ဖိုးထားတဲ့ ကျွန်တော် နဲ့ အိမ်မက်တွေထဲ က နိုးထသွားတဲ့ " သူ "ပြန်ဆုံဖို့ အတွက် အလွမ်းညပေါင်းများစွာကို ကျွန်တော် စောင့်ရအုန်းမယ်……....
မနက်ဖြန်မှာ ထွက်လာမယ့် ရောင်ခြည်သစ်နဲ့ အတူ ကျွန်တော့်ချစ်သူ ရဲ့ နံနက်ခင်းတွေလှပနေမယ်ဆိုတာ
ကျွန်တော် ဘ၀ တစ်ခုလုံးစာ ယုံကြည်ပါတယ်…….ဘ၀ တစ်လျောက် ခံစားခဲ့ ရတဲ့ ဝေဒနာတွေ အားလုံးကို ဒီည နဲ့ အတူ မြေမြုပ်လိုက်ပါ………မနက်ဖြန်မှာ မ သိပ်ကြိုက်တဲ့ လှပတဲ့  ပန်းရောင် အနာဂတ်တွေ ပွင့် လာပါလိမ့်မယ်………မနက်ဖြန်တိုင်းရဲ့ အလင်းတန်းတွေက မ ဘ၀ရဲ့ အောင် မြင်တဲ့ အလင်းရောင်လေးတွေပါ………တိုက်ခတ်လာတဲ့ လေပြေအေးအေးလေးတွေက မ ဘ၀ရဲ့ သာယာ အေးချမ်းတဲ့ သဘောပါ…….မနက်ဖြန်က စပြီး မ အတွက် အရာအားလုံး က သာယာလှပနေမှာပါ………..
ခု ကျရောက်ခဲ့ တဲ့ မွေးနေ့ လေးမှာ မ အတွက် အမှတ်တရ လက်ဆောင် ပေးဖြစ်အောင်ကို ပေးခဲ့ပါတယ်…
ဟုတ်တယ်………………….မ ကို သီဟ "အရုပ်လေး " တစ်ခု လက်ဆောင်ပေးခဲ့လိုက်တယ်…………………။။
ပြီးတော့ မ ကို သေသေချာချာ ပြောပြလိုက်ပါတယ်………………..အရုပ် ဆိုတာ အလှကြည့်ဖို့ မဟုတ် ပါဘူး…………မ ဘေးနား က မျှော်လင့်ချက် လေးတစ်ခုပါလို့  ........။။။


ကျွန်တော် ချစ်သူ ကျရောက်လာတဲ့ မွေးနေ့  အမှတ်တရလေးပါ............(၁၆.၁.၂၀၁၀).....

Post a Comment