expr:id='"post-" + data:post.id'>

လူတိုင်း မှာ စိတ်ကူး ဆိုတာ ရှိကြတာပဲလေ...အနည်းနဲ့ အများပဲ ကွာတာပါ....
ကျွန်တော်လည်း စိတ်ကူးထားတာလေးတွေ ၇ှိတယ်....ကျွန်တော် ကောင်မလေး
နဲ့  မိုးတွေ ဖွဲဖွဲ ကြနေတဲ့ လမ်း ကို သူဘေးနား က ထီးလေး မိုးပြီး လမ်းလျှောက်
ချင်တယ်....အေးချမ်းတဲ့ လေပြေတွေ တိုက်ခတ်နေတဲ့  ကန်ရေပြင် နားမှာ ရှိတဲ့ 
ခုံလေးမှာ ချစ်သူ လေး ကို ဖတ်ပြီး ထိုင်နေချင်တယ်...သူ နဖူးလေး ကို ကြင်နာစွာ
နမ်းချင်တယ်...ချစ်သူ လေး နဲ့  ယုယ စွာပေးတဲ့ အနမ်းကို လိုချင်တယ်.......
ချစ်သူ ရဲ့ ခွန်းအားတွေ ပါတဲ့ လက်လေး ကို စုပ်ကိုင်ထားချင်တယ်............
အဲဒါတွေ က ကျွန်တော် ဖြစ်ချင်တဲ့ ချစ်သူ နဲ့ ပတ်သတ်တဲ့ စိတ်ကူးယှဉ်မှု့ လေး
တွေပါ.....တစ်ခါတစ်လေ ကျတော့ လည်း ကိုယ်ရဲ့ မသိစိတ် က ကိုယ့်ကို နားမလည်
ဘူး ဖြစ်နေတယ်....သီဟ နဲ့  မ က ခဏတာ တွေ့ ဖို့ အချိန်တွေ အကြာကြီး ခွဲနေရတဲ့ 
ချစ်သူ တွေ ပဲနော်.......တွေ့ ပြီးရင်လည်း ခဏ ထပ်ခွဲရအုန်းမယ်....ဒို့ တွေ က ဘာလို့ 
တစ်ယောက်နဲ့ တစ်ယောက် ခဏခဏ ခွဲနေရတာလဲဟင်.....တစ်ခါတစ်လေ အဲဒီမေးခွန်း ကို
စဉ်းစားကြည့်တယ်....ဒါပေမယ့် အဖြေမထွက်ဘူး......တစ်ခါတစ်လေ လည်း ရင်ထဲမှာ မွန်းကျပ်
လာလို့ သူငယ်ချင်းတွေ ကို ထုတ်ပြောပြဖြစ်တယ်....တစ်ခါတစ်လေတော့လည်း ကိုယ့်ပဲကိုယ်
အမှောင်တွေ ကနေတဲ့ အခန်းကျဉ်းထဲမှာ တစ်ယောက်တည်း ခံစားလိုက်တယ်.....သူငယ်ချင်း
တွေ ကို ပြောပြဖြစ်တာတော့ ရှားပါတယ်....တစ်ခါတစ်လေ ကိုယ် ကိုယ့်ကို နားလည်မလိုလို နဲ့ 
တကယ်တော့ နားမလည်ပါဘူး....သီဟ အသိစိတ် က မထွက်သွားမှာကို နားလည်ပေမယ့် နှလုံးသား
က တစ်ခါတစ်လေ နားမလည်ဘူးဖြစ်နေတယ်....ဒါပေမယ့်  မိဘ ဆိုတာ အစားထိုးလို့ မ၇တဲ့ အရာ
တစ်ခုပါ....မ သီဟ ကို ဘာမှ ရှင်းပြမနေနဲ့ ...ဘာမှလည်း ထည့် စဉ်းစားမနေနဲ့ .....ဖြစ်နိုင်ရင် သီဟ
ဆိုတာ ကို ခဏမေ့ ထားလိုက်ပါ.....မ ရင်ထဲ က ခဏဖြစ်ဖြစ် ထုတ်ထားလို့ ရရင် ထုတ်ထားလိုက်နော်..
မ သွားတဲ့ အခါ သီဟ ကို စကားလေး နှစ်လုံး ပဲ ပြောခဲ့ပေးပါ.......ဘာဖြစ်ဖြစ် လွမ်းတယ်........လွမ်းတယ်.....
မ ဆီက သီဟ ကတိတစ်ခုတော့ တောင်းပါရစေနော်....အပြင်မှာ မ သီဟ နား က ထွက်သွားရင် ထွက်သွားလိုက်
ပါ.....ဒါပေမယ့် သီဟ " အိမ်မက် " တွေ ထဲကတော့ မ ဘယ်တော့ မှ ထွက်မသွားပါဘူး ဆိုတဲ့ ကတိ ပေးခဲ့ပေးပါနော်.....


မ ရဲ့  မျှော်လင့်ချက်လေး......


expr:id='"post-" + data:post.id'>



ဘာကြောင့် ရယ်လို့  တိကျတဲ့ အကြောင်းပြချက် မရှိပေမယ့်..
မ ကိုတော့ သီဟ အမြဲသတိရမိတယ်....တစ်ခါတစ်လေ ရေးချင်တာတွေ
ပြောချင်တာတွေကို သာ ချရေးနေမိတာ....ခနာကိုယ် က အသက်မဲ့နေသလို
ပဲ....တွဲဖက်မိခဲ့တဲ့ သံယောစဉ်ခပ်ပါးပါးကို ဝေးကွာချိန်တွေ တိုက်စားပြီးေ၀၀ါး
သွားလိမ့်မယ်လို့ တွေးထင်ထားခဲ့မိတယ်........
ဒါပေမယ့်........မ အကြည့်တွေ.. မ အပြုံးတွေ...မ စကားလုံးတွေ..
အချိုသာဆုံးသော အရာတွေက နှလုံးသားမှာ စွဲကပ် ခုထိပဲ့ တင်ထပ်
နေတုန်းပဲ.....ကဗျာတွေ ကို သီဟ မခံစားတတ်ပေမယ့် မ အတွက်
သီဟ ရင်ထဲမှာ ကာရံတွေတော့ ရှိနေတယ်....သီချင်းတွေ မဆိုတတ်ပေ
မယ့် သံစဉ်တွေ တော့ မ အတွက် တီးခတ်နေတယ်....အတိတ်ဆိုတာ
တမ်းတ ပြန်မရနိုင်ပေမယ့်..." ဟိုတစ်ချိန်က " ဆို တဲ့ ခေါင်းစီးရဲ့ 
အောက်မှာ သီဟ ကတော့ လွမ်းမောစွာ အခါခါ လျှောက်ခဲ့ရသူပါ..
မ အကြောင်းလေး တွေ တွေးရင်.....ခံစားချက် စာ တွေေ၇းရင်း..
လွမ်းခြင်းတွေ ဖွင့် ဟဖို့ ....မ ဆီက စကားနှစ်ခွန်းပဲ လိုပါတယ်...
ဘာပဲဖြစ်ဖြစ်..............လွမ်းတယ်...သိပ်လွမ်းတယ်......

expr:id='"post-" + data:post.id'>



လူတစ်ယောက်
မှန်တစ်ချပ်
စိတ်ဓါတ်
ကိုယ်ကပြုံးရင် ၊ မှန်ထဲမှာလဲပြုံးနေတယ် ။
ကိုယ်ကပြုံးပြလို့  ၊ တစ်ခြားသူကလည်းပြန်ပြုံးပြနေတယ်လေ ။
ကိုယ်ကမဲ့ ပြရင် ၊ မှန်ထဲမှာလဲမဲ့ လို့ နေတယ် ။
ကိုယ်ကမဲ့ ပြရင် ၊ တစ်ခြားသူကလည်းမဲ့ ပြနေတယ်လေ ။
လူတစ်ယောက်
နှလုံးသား
ဥပေက္ခာ
ကိုယ်ကချစ်ခဲ့ ရင် ၊ သူ့ မေတ္တာကလည်းအရောင်လက်နေတယ် ။
ကိုယ်ကချစ်ခဲ့ လို့  ၊ သူကလည်းအသိအမှတ်ပြုပေးနေတယ် ။
ကိုယ်ကမုန်းခဲ့ ရင် ၊ သူကလည်းစိမ်းစိမ်းကားကားဖြစ်သွားတတ်ပါတယ်၊
ကိုယ်ကမုန်းခဲ့ လို့ ၊ သူရဲ့ ဥပေက္ခာကလဲရက်စက်စွာပေးပါလိမ့် မယ် ။
လူတစ်ယောက်
စေတနာ
တန်ဘိုး
လူတစ်ယောက်ရဲ့ စေတနာ ၊ ရင်ထဲကလာတာ
တန်ဘိုးအတိုင်းအတာတွက်ဆမရသလို..............
ပစ္စည်းတစ်ခုရဲ့ တန်ဘိုး ၊ သူ့  သတ်မှတ်တဲ့ အချိုးအတိုင်းရှိနေတတ်ပါတယ် ။
လူတစ်ယောက်ရဲ့ မေတ္တာတန်ဘိုးလည်း..........
တိုင်းတာမရသလို
တန်ဘိုးထားတတ်သူအတွက်တော့  .......................။ ။

အကို တစ်ယောက်ရဲ့  ဘလော့ ထဲကပါ...စာသားလေးတွေ အရမ်းတန်ဖိုးရှိလို့ ကူးယူ
ဖော်ပြခြင်းဖြစ်ပါသည်....

expr:id='"post-" + data:post.id'>

အရင်တုန်း က ကျွန်တော် တွေးတာ အိမ်အကြောင်းရယ်၊ဘ၀ အကြောင်းရယ်၊
ကျွန်တော် လုပ်ချင်တဲ့ ရည်မှန်းချက် နဲ့ ဆိုင်တဲ့ အလုပ်အကြောင်းတွေရယ်ပဲရှိခဲ့တာ...
ဒါပေမယ့် အခုတော့ ကျွန်တော် အတွေးတွေထဲကို အလင်းတန်း တစ်ခု ၀င်ရောက်လာ
တယ်....ကျွန်တော် အခု အဲဒီ အလင်း လေး အကြောင်း အမြဲ တွေးတတ်နေပြီ..အိပ်ယာ
ထတာ နဲ့  အဲဒီ အလင်း လေး အကြောင်း တွေးနေမိတယ်....ကျွန်တော် ကို စိုးမိုးနေပြီလား
မသိပါဘူး....ကျွန်တော် အလင်း လေး ကို တွေးရင် တစ်ခါတစ်လေ ပျော်သလို တစ်ခါတစ်
လေလည်း စိတ်ညစ်တယ်...ပျော်တာ တွေကတော့ အများကြီးပါ...စိတ်ညစ်တာတော့ တစ်ခုပဲ
ရှိတယ်...အဲဒီ အလင်းလေး ကျွန်တော် အတွေးထဲ က ထွက်သွားမှာကိုပါ..ညည ဆို အလင်း
အကြောင်းလေး တွေးရင်း အိပ်တတ်နေပြီ...ကျွန်တော် ဘ၀ အတွက် အရမ်းကို အထီးကျန်ဆန်တဲ့
ညတွေ ကို အဖော်ပြု ပေးနေတဲ့ အလင်းတန်းလေး တစ်ခုပါ.....အရင်က ဆို ညတွေ က အထီးကျန်သ
လို ပဲ.....အဲဒီ အလင်း အကြောင်းတွေးမိကတည်း က ကျွန်တော် ဘ၀ထဲက အထီးကျန်မှု့ တွေ ပျောက်
သွားတယ်......ကျွန်တော် ဘ၀ အတွက် လမ်းပြကြယ် တစ်ခုဆိုလည်း မမှားဘူးပေါ့နော်...သေချာတာ
ကတော့ အလင်း လေး ကျွန်တော် ရင်ထဲမှာ ရှိနေတယ်ဆိုတာပဲ...အခုဆို အလင်းလေး က အထီးကျန်
ညတွေကို အဖော်ပြု ပေးနေတဲ့ အဖော်မွန်ကောင်းလေးပါ...အဲဒီအတွက် လည်း အလင်းလေး ကို ကျေး
ဇူးတင်မိနေတယ်.......တောင်းဆု တစ်ခု သာ တောင်းခွင့် ရှိမယ်ဆိုရင် ကျွန်တော့် အတွေး ထဲ က အဲဒီ
အလင်း လေးနဲ့  မျှော်လင့်ချက် ဆိုတဲ့ လမ်းမ တစ်ခု ပေါ်မှာ ဆုံဆည်းပါရစေ........
စိတ်ကူး နဲ့ ရေးထားတာပါ.....ကျွန်တော် စိတ်ကူးထဲမှာ ရှိတဲ့ ကောင်မလေး တစ်ယောက် အတွက်ပါ...
အလင်း=ချစ်သူ .......... မျှော်လင့်ချက်လမ်းမ= ကျွန်တော်........


expr:id='"post-" + data:post.id'>

တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၉ ရက်တော့ မဟုတ်ဘူး..........:PP.....
အဖြစ်အပျက် ဒီလို........နိုဝင်ဘာလ ၂၄ ရက် နေ့ ပါ...... ကျွန်တော် မ နက် အိပ်
ရာထတော့ ကျွန်တော် ကောင်မလေး နဲ့ တွေ့ ဖို့  ကွန်ပျူတာ စဖွင့်လိုက်တယ်.......
ဒါပေမယ် နက် က မရဘူးလေ....ပိုက်ဆံကုန်နေလို့ တဲ့.....အဟင့်အဟင့်.....
အဲဒါနဲ့ ကျောင်းသွားမှပဲ ပိုက်ဆံ သွင်းတော့ မယ်ဆို ပြီး ကျွန်တော် ကျောင်းကို
သွားလိုက်တယ်..ပြန်လာတော့ ကျွန်တော် ချစ်သူ ကပြောပြတယ်..........
တိုက်ဆိုင်တယ်တဲ့........သူလည်း မနေ့ က ဖုန်း ဆက်ဖို့ လုပ်တော့ ဖုန်းထဲ
မှာ ပိုက်ဆံ မရှိလို့  လိုင်း ပိတ်ခံရတယ်တဲ့......ဟီဟီ.......ပိုက်ဆံကုန်တာ
တောင် အဲဒီလို တူနေတာပေါ့နော်.......ဆိုလိုတာကတော့ ဖူးစာပေါ့......
ရည်ရွယ်တာကတော့ ချစ်သူ နှစ်ယောက်ကိုပါ.......တွေ့ ဆုံပေးမှာကတော့
ကံကြမာပေါ့နော်........ကျွန်တော် နဲ့  ချစ်သူလေး နဲ့ က တိုက်ဆိုင်မှု့ တွေ များ
တယ်....တိုက်ဆိုင်တိုင်းသာ တစ်ခါ တွေ့ နိုင်မယ်ဆိုရင် ဘာပြောကောင်းမလဲ..
ဟီဟီ.....အရမ်းပျော်မိမှာ.....ဒါပေမယ့် အဲဒါ က ကျွန်တော် ဖြစ်ချင်တဲ့ စိတ်ကူး
ယဉ်အိမ်မက်လေးတစ်ခုပါ........တကယ်တမ်းတော့ ကျွန်တော် နဲ့ သူ ကို ကံကြမာ
က ခဏ ဝေးခိုင်းထားတယ်.....တကယ် ချစ်လာတော့လည်း ချစ်သူ နှစ်ယောက်
ဝေးနေတဲ့ ဒုတ်ခ က မသေးမှန်း သိလာတယ်......ကျွန်တော်တို့ လို ဝေးနေတဲ့ ချစ်သူ
တွေ ရဲ့ ခံစားမှု့ တွေကို နားလည်လာတယ်.......ဒီလိုပါပဲ.....ကိုယ်ဖြစ်ချင်သလို ဖြစ်လာ
ရင် ဘ၀ လို့ ဘယ်ခေါ်တော့ မှာလဲ.........အဲဒီတော့ ဖြစ်ချင်တာတွေ ခဏထား ဖြစ်သင့်
တာတွေ ကို အရင်ဆုံး ဦးစားပေးရင် နဲ့  ဒို့ နှစ်ယောက် ဆက်ဝေးနေအုန်းမယ်.....:waa....:(...


expr:id='"post-" + data:post.id'>




ကျွန်တော် ဒီဘလော့လေးေ၇းဖြစ်တာ ဘလော့ လုပ်တဲ့ နည်းလေး သိချင်လို့ ရယ်..
နောက်တစ်ခု က ကျွန်တော် ကောင်မလေး ကို ပျော်စေချင်လို့ ပါ.....ခု လာမယ့် မွေး
နေ့ လေးမှာ ကျွန်တော် သူ အတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာလေးတွေကို ဖတ်
ပြီးတော့ သူ မွေးနေ့ မှာ ပျော်စေချင်တယ်....ကျွန်တော် နဲ့ သူ က ဝေးနေတော့
သူများ ချစ်သူတွေလို သူနားမှာ ကျွန်တော် ပျော်ရွင်မူ့ တွေ မပေးနိုင်ဘူးလေ....
ခု လာမယ့် မွေး နေ့ ကျရင်လည်း ကျွန်တော် သူနဲ့ အတူ မွေးနေ့ လေးကို ဆင်နွဲ
ပေးနိုင်မှာ မဟုတ်ဘူး....ဒါပေမယ့် ကျွန်တော် မရှိလဲ တတ်နိုင်သလောက် သူ မွေးနေ့ 
လေးမှာ ပျော်ရွင်စေချင်တယ်...ဘလော့ ရေးနေတယ်ဆိုတာလည်း အားလို့ တော့ မဟုတ်
ပါဘူး...အခု ဆို ကျွန်တော် က နောက်ဆုံးနှစ် တက်နေတာ ဆိုတော့ မအားဘူးလေ...စာ
တွေက တစ်ဖက် ကျောင်းတက်ရတာ ကတစ်ဖက်နဲ့  မအားပါဘူး.....မအားတဲ့ ကြားထဲက
ကျွန်တော် သူ့ မွေ့ နေးလေး မှာ ပျော်စေချင်တဲ့ အတွက် လုပ်နေတာပါ....ဘာပဲဖြစ်ဖြစ် သူ
ဒီဘလော့ လေးကြောင့်  အရမ်းပျော်သွားတယ်ဆိုရင် ကို ကျွန်တော် ကျေနပ်ပါတယ်.......
အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုရင် ကျွန်တော်လည်း သူ့ အတွက် ပေးဆပ်တာပါ....ဒီနှစ်ကျ
ရောက်လာမယ့် ကျွန်တော့် ချစ်သူလေး မွေးနေ့ မှာ လက်ဆောင် ဘလော့ လေး တစ်ခုအ
ဖြစ် ကျွန်တော် ပေးဖို့ ၇ည်ရွယ်ထားပါတယ်....ပြီးတော့ ဒီနှစ် ကျွန်တော် ကောင်မလေးကို
ထူးထူးဆန်းဆန်းလေး ဖြစ်စေချင်တာလေးလည်း ပါတာပေါ့နော်....ဒီလိုလက်ဆောင်
ကျွန်တော် ပေးမယ်လို့ သူ ထင်မှာ မဟုတ်ဘူးလေ....လက်ဆောင် တွေ အများကြီး ၀ယ်
ပေးလို့ ၇တယ်ဆိုပေမယ့် အဲဒါ က ပိုက်ဆံပေးလိုက်ရင် ပြီးသွားပြီလေ...ကိုယ် တိုင် အပင်
ပန်းခံပြီး လုပ်ထားတဲ့ လက်ဆောင်မျိုးမှ မဟုတ်တာ....ဒီနှစ်တော့ ကိုယ် တိုင် အပင်ပန်းခံ
ထားတဲ့ လက်ဆောင်လေး ပေးချင်နေတာနဲ့ ခံစားချက် တွေ ဖြစ်ပေါ်တိုင်းေ၇းထားတဲ့
အချစ် သ၀င်လွှာ ဘလော့ လေး တစ်ခု ရေးလိုက်တာပါ.....ကျွန်တော် ပေးတဲ့ လက်ဆောင်
ဘလော့ လေး နဲ့  ကျရောက်လာတဲ့ ချစ်သူလေး မွေးနေ့ မှာ ပျော်ရွင်ပါစေလို့ ရည်ရွယ်၇င်း.........။

expr:id='"post-" + data:post.id'>



ဘလော့ အကြောင်းပြီးတော့ ကျွန်တော် အကြောင်းပေါ့နော်......ဟဲဟဲ....
ပြောစရာတွေ တော့ အများကြီး၇ှိတာပေါ့...ဒါပေမယ့် အရမ်းတော့ ပြောပြဖို့ မလို ဘူးလေ...
ဘာလို့ လည်း ဆိုတော့ ခု ဖတ်နေတဲ့ သူ က အတွင်းသိ အဆင်းသိဆိုတော့......ဟီဟီ.......
ငယ်ငယ် က ဂေါ်လီ ရိုက်တဲ့ အကြောင်းတွေ ထည့် မပြောတော့ဘူးနော်....တော်ကြာ ငယ်ကျိုးငယ်
နာတွေ ပေါ်ကုန်မှား စိုးရို့ ........ဟဲဟဲ........
ကျွန်တော် က ဆင်းရဲတဲ့ မိသားစု က ကြီးပြင်းလာခဲ့တဲ့ ကောင်လေး တစ်ယောက်ပါ....
ကိုယ်ကိုယ့် ကို တော့ ဒီလို ထင်တယ်.....လူတော် တစ်ယောက်မဟုတ်သလို လူညံ့ တစ်ယောက်
လည်း မဟုတ်ပါဘူး.....လူကောင်း တစ်ယောက် မဟုတ်သလို လူဆိုးတစ်ယောက်လည်း မဟုတ်
ပါဘူး.......အရာရာကို စူးစမ်းချင်တဲ့ စိတ်ရှိတယ်........စဉ်းစားတွေးခေါ်တတ်တယ်.....
ကိုယ်ချင်းစာတတ်တယ်.....သနားတတ်တယ်.....ကူညီတတ်တယ်..........
ကျန်တာတွေ မပြောတော့ဘူး......တော်ကြာ ချက်ချင်း လက်ထပ်ချင်တယ် ဖြစ်နေအုန်းမယ်....:PP......


expr:id='"post-" + data:post.id'>


ဒီဘလော့ လေး လုပ်မိတာ က အကြောင်းအရင်းတော့ ရှိတာပေါ့နော်...
ဘလော့ တွေ က အများကြီးရှိတယ်....ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို
ရေးကြတာပေါ့....ကျွန်တော်လည်း ဘလော့ လေးတစ်ခုလောက် ရေးရင်
ကောင်းမလားလို့ စဉ်းစားနေတုန်း ရေးချင်စိတ်ပေါ်လာအောင် အရာတစ်ခု
က အကောင်အထည်ဖော်ပေးခဲ့တယ်.....စ ရေးတာ ဆိုတော့ သိပ်တော့ အ
ကောင်းကြီး မဟုတ်ဘူးပေါ့....ကျွန်တော် ကလည်း ပြီးပြည့် စုံတဲ့ ဘလော့
သမားတစ်ယောက်မှ မဟုတ်တာ....အဲဒီအတွက် ကိုယ် သိသလောက်လေးနဲ့ 
ပဲရေးဖြစ်သွားတာ...ကျွန်တော် ရေးတာက ကောင်မလေး တစ်ယောက်အတွက်
ပါ.....အဲဒီကောင်မလေး က ရေးချင်စိတ်ဖြစ်အောင် တွန်းအားပေးခဲ့တယ်ဆို
လည်း မမှားပါဘူး....ကျွန်တော် ဘလော့ ရေးဖြစ်တဲ့ အကြောင်းလေး ကို
စိတ်ဝင်တစား ဖတ်တဲ့ သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်....
လေတွေ မရှည်တော့ဘူး.....ပျင်းနေမှာ စိုးလို့ ......:PP.....