expr:id='"post-" + data:post.id'>



အဝေးကိုထွက်သွားမယ့် ကောင်မလေး တစ်ယောက်နဲ့  လက်ရှိနေရာမှာပဲ ကျန်ခဲ့မယ့် ကောင်လေး
ဘယ်သူ ပိုခံစားရမလဲ……?.တွေ့ ဆုံခြင်းရဲ့ နောက်ကွယ်က ခွဲခွာခြင်းတွေ ရှိနေတာလား………
ဒါဆို ဘာဖြစ်လို့  တွေ့ ဆုံ ကြ တာလဲ……တစ်ခါတစ်လေတော့လည်း အဲဒီ နိယာမ တွေကို မုန်းချင်
လာတယ်……အရာရာတိုင်းမှာ ဒါပေမယ့် ဆိုတာ ရှိတယ်………အဲဒီ ဒါပေမယ့် ဆိုတာနဲ့ ပဲ ကျွန်တော်
နားက သူ ခဏထွက်သွားမယ်ဆိုတာ သိနေတယ်…….ကျွန်တော် မျက်လုံး တွေ ကို ဖွင့်ထားပေးမယ်…..
ဒါပေမယ့် နားတွေတော့ ပိတ်ထားမယ်……သူ ပြောတာတွေကို ကျွန်တော် နားထောင် နိုင်စွမ်း မရှိလို့ ပဲ..
မျက်တောင် တွေ မခတ်မိအောင် ထိန်းထားမယ်……ဖြစ်ချင်တဲ့ ဆန္ဒ တွေကို ထိန်းချူပ်ပြီးတော့ ဖြစ်နေတဲ့
ဘ၀ တွေ ကို ဦးစားပေးမယ်…...တွေ့ ဆုံခဲ့တဲ့  အချိန်တွေကို ပြန်သတိရရင်း သူ့ ကို လွမ်းနေမယ်…
သူ့ အတွက် အမှတ်ရစရာလေးတွေ ဖြစ်အောင် ထည့်ပေးလိုက်မယ်…….ကျွန်တော် ရင်ထဲကအလွမ်းတွေ
ကို သူ မမြင်အောင် အနာဂတ် ဆိုတဲ့ အိတ်လေးထဲမှာ သိမ်းထားမယ်………သူ ပြန်လာရင် အဲဒီ အနာဂတ်
ထဲမှာ သိမ်းထားတဲ့ အလွမ်း တွေကို သူ သိအောင် ဖွင့်ပြမယ်…….ကြယ်လေးတွေကို အဖော်ပြုရင်း သူ့ အ
ကြောင်းတွေ စဉ်းစားမယ်…….တစ်ချိန်က ဆိုတဲ့ အောက်မှာ သူ နဲ့  ကျွန်တော် အတူရှိခဲ့တဲ့ နေရာလေး
တွေကို တွေးရင်း အလွမ်းညတွေကို ဖြတ်သန်းနေမယ်…….လေပြေက သယ်ဆောင်လာတဲ့ သူ ရဲ့ သတိရ
ခြင်းတွေကို အမှတ်တရ သိမ်းထားရင်းနဲ့  သူ ပြန်လာမယ့် နေ့ တွေကို စောင့်နေမယ်…………

expr:id='"post-" + data:post.id'>

ခပ်ပြင်းပြင်း ရေကို အရက်မပါပဲနဲ့ မော့သောက်ပြစ်လိုက်တယ်……….ရင်ထဲက အလွမ်းတွေပျောက်သွားအောင်လို့ လေ…….ခပ်ပြင်းပြင်း စူးရှရှ လေတွေကို
ရင်ထဲက အလွမ်းတွေပါသွားအောင် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆိုတဲ့ သက်ပြင်း
နဲ့ အတူ ထုတ်ပြစ်လိုက်တယ်………..ဘာတွေ လဲဆိုတာတော့ သေချာမသိဘူး……
မှတ်မိတာဆိုလို့  ညည အိမ်မက်တွေ ထဲ အလည်လာတတ်တဲ့ ကောင်မလေး တစ်
ယောက်ကို ပဲ သေချာမှတ်မိတယ်………ခု သူ ကျွန်တော် အိမ်မက် တွေ ဆီရောက်မ
လာတော့ဘူး…….ကျွန်တော် ကို ၂၄ နာရီလုံးလုံး အလွမ်းတွေ ဖုံးသွားအောင် ပြု
စားသွားတယ်……..သတိရတဲ့ စိတ်တွေကို ဘယ်လို ထိန်းချူပ်ရမှန်း မသိဘူး ……ညည အော်ခေါ်တဲ့ အသံတွေကို ကြားရင် သီဟ မက်တဲ့ အိမ်မက်
တွေထဲကို ပြန်လာခဲ့ပါနော်……. အဲဒီလို အလွမ်းတွေကြားထဲမှာ တစ်ယောက်တည်း
ပြစ်မထားပါနဲ့ ကောင်မလေးရယ်…….အိမ်မက်တွေကို ချစ်တဲ့ ကျွန်တော် နဲ့ အိမ်
မက်တွေထဲက နိုးထသွားတဲ့ “ သူ “ ပြန်ဆုံနိုင်ဖို့ အတွက် အလွမ်းညပေါင်းများ
စွာကို ကျွန်တော် ဖြတ်သန်းရအုန်းမယ်……….တိုက်ဆိုင်မှု့ တွေကြုံ တိုင်း ခေါင်း
ထောင်ထောင် လာတဲ့ အလွမ်း တွေကို ကြာတော့လည်း မုန်းချင်လာတယ်….။


ချစ်သူ နဲ့ မတွေ့ သော နေ့ များအတွက် ရည်ရွယ်သော ပို့ လေးတစ်ခုပါ.......


expr:id='"post-" + data:post.id'>




ကောင်လေးတစ်ယောက် happy birthday…..happy birthday….လို့ ရင်ဘတ်တစ်ခုလုံးပွင့်အောင် ဆုတောင်း
ပေးလိုက်တယ်……..ဒါပေမယ့် ကောင်မလေး တစ်ယောက် မကြားပါဘူး…….ဘာလို့ လဲဆိုတော့ မိုင်ထောင်ချီဝေးတာကိုး…ဟိုးအဝေးတစ်နေရာမှာ ကျွန်တော့် ချစ်သူ မွေးနေ့ ရှင် ရှိတယ်……..သူဘေးမှာ သူ နဲ့ တူတူ ပျော်ရွင်နေတဲ့ သူငယ်ချင်း တွေရှိတယ်…….အိမ်မက်တွေကို တန်ဖိုးထားတဲ့ ကျွန်တော် နဲ့ အိမ်မက်တွေထဲ က နိုးထသွားတဲ့ " သူ "ပြန်ဆုံဖို့ အတွက် အလွမ်းညပေါင်းများစွာကို ကျွန်တော် စောင့်ရအုန်းမယ်……....
မနက်ဖြန်မှာ ထွက်လာမယ့် ရောင်ခြည်သစ်နဲ့ အတူ ကျွန်တော့်ချစ်သူ ရဲ့ နံနက်ခင်းတွေလှပနေမယ်ဆိုတာ
ကျွန်တော် ဘ၀ တစ်ခုလုံးစာ ယုံကြည်ပါတယ်…….ဘ၀ တစ်လျောက် ခံစားခဲ့ ရတဲ့ ဝေဒနာတွေ အားလုံးကို ဒီည နဲ့ အတူ မြေမြုပ်လိုက်ပါ………မနက်ဖြန်မှာ မ သိပ်ကြိုက်တဲ့ လှပတဲ့  ပန်းရောင် အနာဂတ်တွေ ပွင့် လာပါလိမ့်မယ်………မနက်ဖြန်တိုင်းရဲ့ အလင်းတန်းတွေက မ ဘ၀ရဲ့ အောင် မြင်တဲ့ အလင်းရောင်လေးတွေပါ………တိုက်ခတ်လာတဲ့ လေပြေအေးအေးလေးတွေက မ ဘ၀ရဲ့ သာယာ အေးချမ်းတဲ့ သဘောပါ…….မနက်ဖြန်က စပြီး မ အတွက် အရာအားလုံး က သာယာလှပနေမှာပါ………..
ခု ကျရောက်ခဲ့ တဲ့ မွေးနေ့ လေးမှာ မ အတွက် အမှတ်တရ လက်ဆောင် ပေးဖြစ်အောင်ကို ပေးခဲ့ပါတယ်…
ဟုတ်တယ်………………….မ ကို သီဟ "အရုပ်လေး " တစ်ခု လက်ဆောင်ပေးခဲ့လိုက်တယ်…………………။။
ပြီးတော့ မ ကို သေသေချာချာ ပြောပြလိုက်ပါတယ်………………..အရုပ် ဆိုတာ အလှကြည့်ဖို့ မဟုတ် ပါဘူး…………မ ဘေးနား က မျှော်လင့်ချက် လေးတစ်ခုပါလို့  ........။။။


ကျွန်တော် ချစ်သူ ကျရောက်လာတဲ့ မွေးနေ့  အမှတ်တရလေးပါ............(၁၆.၁.၂၀၁၀).....

expr:id='"post-" + data:post.id'>


ပြန်လာခဲ့ပါ……………ပြန်လာခဲ့ပါလို့ တော့ မပြောပါနဲ့ နော်………အဲဒီလို ပြောရင် စိတ်ထဲမှာ တစ်မျိုး
ပဲ…...ပြန်လာချင်လား မလာချင်လား ဆိုတာ မ အသိဆုံးဖြစ်မှာပါ……ဒါပေမယ့် ပြန်လာလို့ မှ မဖြစ်
နိုင်တာ……အဲဒါ ဘ၀ ပဲလေ…….မ အမေရိက မှာရောက်နေတဲ့ အချိန် မောင် က ပြန်လာခဲ့ပါ ပြန်
လာခဲ့ပါလို့ ပြောရင် မ ပြန်လာမှာလား မောင့် ဆီကို………အဲဒါ မ ရဲ့ ဘ၀ ပဲ…..နေချင်တာပေါ့ ကိုယ့်
ချစ်သူ အနားမှာ……ဒါပေမယ့် အခြေအနေက ပေးမှ မပေးတာ……. စိတ်ညစ်တယ်…….ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေက လွဲလွဲနေလို လေ.........စိတ်ညစ်တယ်…..တစ်ခါတစ်လေလည်း…….ဖြစ်ချင်တာတွေအတွက် ဖြစ်သင့်ပါတယ်ဆိုပြီးတော့သာ အားတင်းပြီးနေနေရတာ……တကယ်ဆိုရင်တော့ ခံနိုင်ရည် မရှိတော့သလို ပဲ……ခု လည်း မ အလုပ်ကနေ ထွက်တော့မယ်…….မ အလုပ်ကနေ ထွက်သွားတာက ကိတ်စ အကြီးကြီး မဟုတ်ပေမယ့် သီဟ ဆီလာဖို့ ခက်ခဲသွားတာကတော့ ကိတ်စ အရမ်းကြီးတယ်…….မ နဲ့  မတွေ့ ရင်ဖြစ်တတ်တဲ့ ခံစားချက်တွေကို ချောင်းသာ ကို ထွက်သွားတုန်းကတည်း က သိခဲ့ရတယ်………ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး……ဘာလိုလုပ်ရမလဲ မသိဘူး…….စိတ်ညစ်တာတော့ အမှန်ပဲ………:(((((((((((,.............။။သံယောစဉ်တွေ ဖြစ်လာတော့ တစ်မျိုးပဲနော် တနေ့  လောက် မတွေ့ ရရင်ကို…..သီဟ ခံစားချက်တွေကို နားထောင်ပေးတဲ့ သူကို မ ပဲဖြစ်စေချင်တယ်…….ဘယ်သူကို မှလည်း မပြောပြချင်ဘူး….မသိတော့ဘူး……………………………………………………………………..ခေါင်းတွေ မူးလာပြီ………..အရမ်းခံစားတတ်တဲ့ ကိုယ့် နှလုံးသား ကို ပဲ အပြစ်တင်မိပါတယ်………………………………….။။။။။။။။။။။


expr:id='"post-" + data:post.id'>

မ နာကျင်ခံစားပြီးတော့ သီဟ ကို ထားခဲ့သလို သီဟ လည်း နာကျင်ခံစားပြီးတော့ ကျန်ခဲ့ရ
မယ့်သူပါ……..ဒါပေမယ့် ကျေနပ်ပါတယ်…….ကိုယ်ချစ်တဲ့ ချစ်သူ အတွက် ဘာတွေ ပဲ ဖြစ်ဖြစ်
အားလုံး ကို သီဟ ကျေနပ်တယ်……မောင့်ကိုချစ်တယ်……….အရာအားလုံးအတွက် အဲဒီစကားလေး
တစ်ခွန်းနဲ့ တင် သီဟ ကျေနပ်ပါတယ်……မ တစ်ခုပဲ သတိရပေးနော်………world မြေပုံပေါ် ကနေရာ
လေးတစ်ခုမှာ ကြိုးစားရုန်းကန်ရင်း နဲ့  မကို စောင့်နေတဲ့ ကောင်လေးတစ်ယောက်ကို မ အမြဲ သတိရ
နေပေးနော်…….အရာအားလုံး ကို စိတ်မညစ်နဲ့ ….သိလား……..ရှိ တဲ့ အချိန်လေးမှာ ပျော်ပျော်လေးနေ
လိုက်ပါ………အဲဒီအကြောင်းတွေ သီဟ စသိတုန်းက အရမ်းတွေးခဲ့ သလို အရမ်းလည်း စိတ်ညစ်ခဲ့ရ
တယ်……..ခု အားလုံးကို မေ့ထားတယ်…..ဘယ်လိုပဲဖြစ်ဖြစ် သွားရမှာပဲ ဆိုတဲ့ သူတစ်ယောက်
ကို သီဟ ပြောလိုက်လို့ စိတ်တွေ ညစ်သွားမယ့် အစား…….သီဟ မပြောပဲ နဲ့ အမှတ်တရလေးတွေ
ဖြစ်အောင် လုပ်ပေးလိုက်တာ က သူ့ အတွက် ပို ကောင်းမယ်လို့ သိသွားတယ်………အဲဒါကြောင့်
သီဟ မေ့ ထားတယ် အဲဒါတွေကို…….စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်……..ယောက်ကျားလေး
တွေ ငိုရင် တကယ်ချစ်လို့ တဲ့ ….ဒါဆို သီဟ မ အတွက် ခံစားပြီး ၀မ်းနည်းခဲ့ရတဲ့ နေ့ တွေ မနည်း
တော့ဘူး……….မသိဘူး ကိုယ့်ကိုယ့် ကိုလည်း တစ်ခါတစ်လေ လည်း မပြောသလို ပဲ………
ကမ်းခြေမှာ သွားထိုင်ချင်တယ်……အခု မ နားမှာ သီဟ ရှိမနေဘူး…..ဒါပေမယ့် သီဟ ရဲ့ ကိုယ်
ပွားလေးတွေတော့ မ နားမှာ အများကြီးပါ……သီဟ ခံစားပြီး ရေးထားတဲ့ စာအုပ်လေးရယ်…..
မ အတွက် အမှတ်တရ လက်ဆောင်လေးတွေ၇ယ်……..အမှတ်ရစ၇ာ နေ့ လေးတွေ၇ယ်…….
ဓါတ်ပုံလေးတွေ၇ယ် ဆိုရင်………..မ အတွက် ထိုက်သင့်တဲ့ ခွန်အားတွေတော့ ရှိနေမှာ အမှန်
ပဲလေ……..မ အတွက် သီဟ ရဲ့ အမှတ်ရစရာလေးတွေ က ခွန်အားဖြစ်အောင် တတ်နိုင်သလောက် လုပ်ပေးလိုက်မယ်……ဘာမှ စိတ်ညစ်နဲ့ နော်……..အဲဒါ ဘ၀ ပဲ………ခဏဝေးနေတာကို တစ်ဘ၀ စာ ပေါင်းရဖို့ လို့ မှတ်ရင် ဘာရှိမှာလဲ………ဘာမှ မရှိပါဘူး………ဘာမှ မရှိတော့ ဘာမှ မပူရတော့ဘူးပေါ့……။။
လျှောက်ပြောနေတာ လိုက်ရီမနေနဲ့ ……….ဟဲဟဲ……….ဟာာာာာာာာာာာာာာာာ…………….
၇ီနေပြန်ပြီ………….။…. မချစ်သူမှာ အဲဒီလို ညဏ်လေးတွေ ရှိနေတယ် သိလား……………….။။
အရမ်းချစ်တယ် မောင့် ကိုလို့ ပြောမလို့ မှတ်လား…………ပြောနဲ့ တော့……သိသွားပြီ……….
ဟဲဟဲ……………………………………………..။။။။။။။။။။


expr:id='"post-" + data:post.id'>


ဒီနေ့  စာရေးချင်စိတ်ပေါ်လာတာနဲ့ ရေးဖြစ်သွားတယ်…..ချစ်သူ ကိုလည်း သတိရတာလည်း ပါတာပေါ့နော်……..
မ အခုတလော အလုပ်တွေရူတ်နေတယ်နော်…….သီဟ ကူညီချင်တယ်….သိလား……….ဒါပေမယ့် မ နားမှာ
သီဟ ရှိမနေခဲ့ဘူး……ဒို့ နှစ်ယောက် လူချင်းတော့ ဝေးပြီး စိတ်တွေတော့ နီးစပ်နေခဲ့တယ်နော်………….
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပြီးတော့ ဘာလို့ များ ဝေးနေရတာလဲဟင်……..သီဟရင်ထဲမှာ
မ ရှိသလို မ ရင်ထဲမှာလည်း သီဟ ရှိနေရဲ့ သားနဲ့ ဒို့ နှစ်ယောက် ကို ဘာလို့  လွမ်းခိုင်းရတာလဲ………???.
အစက အချစ်ကို ရင်မခုန်ချင်ဘူး……..သိလား………ဘာလို့ လဲဆိုတော့ လွမ်းရမယ့် အချိန် သီဟ မှာ မရှိခဲ့ 
လို့ ပဲ………အခုတော့ လွမ်းရမယ့် အချိန်တွေက ၂၄ နာရီ လုံးလုံးပဲ………မ ကို သီဟ ရင်ခုန်ခဲ့ တာကိုး……
တနေ့ တော့ သီဟ နဲ့  မ မျှော်လင့်ချက် ဆိုတဲ့  လမ်းလေးပေါ်မှာ ဆုံကြမယ်……..ဒို့ နှစ်ယောက် ရဲ့ 
အလင်းရောင် တွေ နဲ့  နွေးထွေးတဲ့ အိမ်လေး တစ်ခု တည်ဆောက်ကြမယ်………သီဟ က မအတွက်
ခွန်အား ဖြစ်သလို မ က သီဟ အတွက် အားဆေးတစ်ခွက် ဖြစ်အောင် တည်ဆောက်မယ်…….ဒီနေ့  သီဟ က
မ ကို ဘလော့ အကြောင်းတွေ မေးတော့ မ က သိတယ်နော်တဲ့……..ဟဟဟဟဟဟဟဟဟ…..
ရီချင်သွားတယ်…….ဘာသိတာလဲလို့ မေးလိုက်တော့ မ က ဘာပြန်ဖြေလဲ သိလား………???????
မမ ၀တ်ရည် က ခပ်တုန်းတုန်းမဟုတ်ပါဘူးရှင့် တဲ့………ဟဟဟဟဟဟဟဟဟဟဟဟဟ….
မ ချစ်သူ တောင် ခပ်တုန်းတုန်း မဟုတ်တာ မ ခပ်တုန်းတုန်း မဟုတ်မှန်း သီဟ သိတာပေါ့…….
ဟဲဟဲ…………အင်း မ ကို ဘလော့ တစ်ခု ပြမလို့ ………အဲဒီ ဘလော့မှာ ရေးထားတာတွေကို
မ ကို ဖတ်စေချင်တယ်……..အဲဒီမှာေ၇းထားတဲ့စာတွေအားလုံး က သီဟ ရင်ထဲက စာတွေ
ချည်းပဲ………အဲဒါကြောင့်  မကို ဖတ်စေချင်တာ……..အစကတော့ မ ကို တစ်ခါတည်း ဖတ်ခိုင်းမလို့ 
ပဲ…..ဒါပေမယ့် မ ဖတ်ရမယ့် နေ့ တေ့ ရှိတယ်………အဲဒီနေ့ေ၇ာက်မှ ပဲ ဖတ်လိုက်တော့နော်………….။
ဘယ်နေ့ လဲဟင်…????……မောင်………………..ပြောပြ၀ူးးးးးးးးးးးးးးးးးးးးးးး…………………သတ်၇င်သတ်လိုက်…..
ဟဲဟဲ………………ဖြစ်ချင်တာတွေကို မျိုသိပ်ပြီး သီဟ မ ကို လွမ်းနေပါ့မယ်……………။။။


expr:id='"post-" + data:post.id'>



တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ အမ စနေ ရေးသားထားတာပါ။ အကျိုး ၇ှိတဲ့အတွက် မျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်......။

expr:id='"post-" + data:post.id'>

ဒီနေ့  ချစ်သူ ချောင်းသာ ကို ထွက်သွားတဲ့ နေပဲ……စိတ်ထဲမှာ တစ်မျိုးပဲ……သူ နဲ့  ၃ ရက်လောက် မတွေ့ 
ရတော့ဘူးလေ…….အဲဒီလို ဆိုရင် နောက်ကျရင် အကြာကြီးခွဲရအုန်းမှာ……???? ဘယ်လို လုပ်မလဲ………
စဉ်းစားလို့ မရဘူး အဲဒီအဖြေကို……..ဒီလို ညတွေ ကို အိပ် ဖို့ တော်တော် ကြောက်နေတယ်…….စောစော
လည်း မအိပ်ချင်ဘူး…….စောစော အိပ်ရင် မနက်ကျရင် အစောကြီး နိုးနေမှာ……နိုးလာလို့ နစ်ဖွင့် ရင် ချစ်သူ
ကလည်း မရှိဘူး…….အဲဒီတော့ စောစော အိပ်ပျော်သွားမှာ အရမ်းကြောက်တယ်…….အဲဒါကြောင့်  ညပိုင်း
ညဉ့် နက်အောင် နေလိုက်တယ်……..ချစ်သူ ပုံတွေ ကြည့်တယ်……စာတွေ ဖတ်တယ်……..ဇာတ်ကားတွေ
ကြည့်လိုက်တယ်……..ခုတလော ညအိပ်တာ တော်တော် နောက်ကျတယ် ၂ ကျော်ကျော်လောက်မှ အိပ်
ဖြစ်တယ်…….. မနက်ကို ၁၁ လောက်မှ ထတယ်……..သတိလည်း ရတယ်……လွမ်းလည်းလွမ်းတယ်……
တွေ့ လည်းတွေ့ ချင်တယ်…….စကားတွေပြောချင်တယ် ချစ်သူ နဲ့ ………ရင်ထဲမှာ အရမ်းခံစားနေရတယ်…
ချစ်သူ ရော ဘာတွေလုပ်နေလဲ……သူငယ်ချင်းတွေ နဲ့ လျှောက်လည်နေတာလား……..ကိုယ့် ကိုရော သတိ
ရနေလား……..ခု တွေ့ ချင်နေတယ် ချစ်သူ ကို…..စိတ်တွေ မွန်းကျပ်နေတယ်……….ချစ်သူ နားမှာ ရှိနေချင်
တယ်…….အခန်းထဲမှာ တစ်ယောက်ထဲ အတွေးတွေ နဲ့  ရစ်မူး နေတယ်…….ခပ်မှိန်မှိန် ထွန်းထားတဲ့
မီးရောင်အောက်မှာ ရှိနေတဲ့ သူ က ကိုယ်တစ်ယောက်ထဲလား……??????????????........



expr:id='"post-" + data:post.id'>

ဘာလိုလို နဲ့ နှစ်သစ် ရောက်သွားပြီ…..နှစ်ဟောင်းမှာ ဘာတွေ လုပ်ပြီး ဘာတွေ ကျန်ခဲ့ပြီလဲ…..????
နှစ်သစ်မှာရော ဘာတွေ ဆက်လုပ်ဖို့ ပြင်ဆင်ရမလဲ……ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတွေတော့ ဖြစ်
အောင် လုပ်မယ်…..နှစ်သစ် မှာ ကျွန်တော့် ကောင်မလေး နဲ့ မတွေ့ လိုက်ရဘူးလေ…….သူ ခရီးသွား
ဖို့  ပစည်းတွေ လိုက်ဝယ်နေတာနဲ့ ကျွန်တော် ဆီမလာဖြစ်ဘူး…….လွမ်းလည်း လွမ်းတယ်…….သတိလည်း
ရတယ်…….ဒါပေမယ့် နားလည်ပါတယ်…….သူလည်း မအားလို့ မလာတာပဲ လေလို့ ……..ကိုယ် ၇ဲ့  သတိ
ရတဲ့ စိတ်တွေကို အတတ်နိုင်ဆုံး ထိန်းလိုက်တယ်……ည ၁၂ ထိုးခါ နီး သူ့ ဆီကို ဖုန်း ဆက်မလို့ ပဲ……..
ဒါပေမယ့် သူ က အလုပ်တွေ များပြီး ပင်ပန်းနေတော့ အိပ်ပျော်နေမှာလေ……..အဲဒါကြောင့် ကျွန်တော်
ဖုန်းမဆက်တော့ဘူး……ကျွန်တော် ကြောင့် သူ အိပ်ရေးပျက်နေမှာ စိုးလို့ လေ……သူ နားနေတဲ့ အချိန်မှာ
ကျွန်တော် ကြောင့် မပင်ပန်းစေချင်ဘူး………နှစ်သစ် မှာ ချစ်သူ အတွက် ဆုတောင်းလိုက်ပါတယ်……
ရင်ထဲမှာ ဆုတောင်းတဲ့  အသံလေးတွေ ကြားနေရတယ်……ချစ်သူလည်း ကြားနိုင်ပါစေနော်……………
ညရောက်တော့ သတိရတဲ့ စိတ်တွေကို တွန်းလှန်ဖို့ အေးခဲ နေတဲ့ နှင်းတော ထဲမှာ ကျွန်တော်
သူငယ်ချင်းတွေ နဲ့  လျှောက်သွားဖြစ်တယ်……သတိရတဲ့ စိတ်တွေ ပျောက်အောင် ဆိုပြီးသာ
အပြင်ထွက်လာလိုက်တာ……အပြင်မှာ အရမ်းအေးနေတယ်…….ဒါပေမယ့် ကျွန်တော် သူငယ်ချင်း
တွေ နဲ့  ည ၁၂ နာရီ ကျော်တဲ့ အထိ အပြင်မှာ လျှောာက်သွားဖြစ်ခဲ့တယ်…….လူပေါင်းစုံ တွေ့ ခဲ့ သလို
ည တစ်ည ရဲ့ အမှောင် ထဲမှာ ရုန်းကန်လှုပ်ရှားနေတဲ့ ဘ၀ မျိုးစုံကို ကျွန်တော် တို့ မြင်ခဲ့၇တယ်…….
ပျော်တဲ့ သူတွေလည်းေ ပျာ်လို့ မူးတဲ့ သူတွေလည်း မူးလို့ ပေါ့……ကျွန်တော် တို့ က တော့ နှစ်သစ်ကူး
ညတစ်ည ရဲ့ အလှ ကို ခံစားရင်း ဓါတ်ပုံ တွေ ရိုက်ဖြစ်ခဲ့တယ်….ပြန်လာတော့ ၁ နာရီ ကျော်နေပြီ….ဒါပေမယ့် 
လွမ်းတဲ့ စိတ်က ပျောက်မသွားဘူး…….သတိတွေရနေမိတယ်…….လမ်းမှာ ချစ်သူ စုံတွဲတွေတွေ့ တော့ပိုပြီး
သတိရမိသေးတယ်……နှစ်သစ်ညမှာ ချစ်သူ နဲ့ အတူ ရှိမနေ တဲ့ သူတွေ ဘယ်လောက်တောင် ရှိလဲ မသိဘူးနော်…??နှစ်သစ်မှာ အရမ်း ချမ်းတဲ့ ဆောင်းညကို အံတုရင်း ချစ်သူ ကို သတိရနေတယ်………။။